မွန်ပြည်နယ်ရှိ တောင်ဝိုင်းတောင် တောင်တက်လမ်းလျှောက်ဘုရားဖူးရာသီကို ဒုတိယအကြိမ်အဖြစ် မနက်ဖြန်၌ဖွင့်လှစ်မည်

 1441

စော (NP News) - ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင် တောင်တက်လမ်းလျှောက်ဘုရားဖူးရာသီကို ဒုတိယအကြိမ်အဖြစ် မနက်ဖြန် (ဒီဇင်ဘာလ ၂ ရက်)၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းထံမှ သိရသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် တောက်တက်လမ်းလျှောက်ရာသီကို ဒီဇင်ဘာလ မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၃)လ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ (၃)လအတွင်းရှိ ပိတ်ရက်များတွင် နံနက် (၄)နာရီမှ နံနက် (၈)နာရီအထိ တာဝန်ရှိသူများ နှင့် တောင်ပေါ်ရှိဘုန်ကြီးကားများမှအပ ကျန်ကား၊ ဆိုင်ကယ်များကို တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

“လမ်းက မနှစ်ကမှစဖွင့်လိုက်တာပါ။ ဒီနှစ်က ဒုတိယနှစ်မြောက်ပေါ့။ မော်လမြိုင်မှာ တောင်တက်လမ်းလျှောက်တာဝါသနာပါတဲ့ လူတွေလျှောက်ဖို့ပါ။ မြို့တွင်းလမ်းက အန္တရာယ်များတဲ့အတွက် ဒီမြို့ပြင်မှာလမ်းတစ်လမ်းခင်းပြီး လုပ်လိုက်တာပါ”ဟု သာသနာနွယ်ဖောင်ဒေးရှင်းမှ ဆရာတော်တစ်ပါးက NP News ကို မိန့်ကြားသည်။

၎င်း တောင်တက်လမ်းလျှောက်ရာသီကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်မြို့အပါအဝင် ကျိုက်မရောမြို့ ၊ မုတ္တမမြို့ နှင့် ဘီလူးကျွန်းစသည့် နေရာဒေသများရှိ လူများမှ လာရောက်လမ်းလျှောက်ခဲ့ကြောင်း သိရသည်။

“တောင်ပေါ်မှာလည်း အရမ်းသာယာလှပတယ်။ ဘုရားစေတီ၊ ပုထိုးတွေ၊ တိမ်ပင်လယ်တွေရှိတယ်။ နောက်ပြီး တောင်တက်လမ်းမှာလည်း အားကစားပစ္စည်းတွေ စီစဉ်ပေးထားတဲ့အတွက် ကျန်းမာရေးလိုက်စားရင်းနဲ့ ဘုရားဖူးလိုသူတွေ လာရောက်လည်ပတ်ကြပါ။ ဆိုင်ကယ်၊ ကားပါကင် အခမဲ့ပါ” ဟု ဆရာတော်က ထပ်မံမိန်းကြားသည်။

ထို့ပြင်စျေးသည်များအနေဖြင့် လမ်းလျှောက်သူများ အနှောက်အယှက်မဖြစ်စေရန်အတွက် ကွန်ကရစ်လမ်းပေါ်သို့တက်၍ စျေးရောင်းခွင့်မပြုသော်လည်း တောင်ခြေတွင် ရောင်းချနိုင်ကြောင်း သိရသည်။

သို့သော် ညှော်နံ့ထွက်သော အစားအသောက်များအပါအဝင် ၊ အရက်၊ ဘီယာများ ရောင်းချခွင့်မပြုကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းမှ အသိပေးထားသည်။

zawgyi version
မြန္ျပည္နယ္ရွိ ေတာင္ဝိုင္းေတာင္ ေတာင္တက္လမ္းေလွ်ာက္ဘုရားဖူးရာသီကို ဒုတိယအႀကိမ္အျဖစ္ မနက္ျဖန္၌ဖြင့္လွစ္မည္

ေစာ (NP News) - ဒီဇင္ဘာ ၁

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ေတာင္ဝိုင္းေတာင္ ေတာင္တက္လမ္းေလွ်ာက္ဘုရားဖူးရာသီကို ဒုတိယအႀကိမ္အျဖစ္ မနက္ျဖန္ (ဒီဇင္ဘာလ ၂ ရက္)၌ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သာသနာႏြယ္ေဖာင္ေဒးရွင္းထံမွ သိရသည္။

အဆိုပါ ဒုတိယအႀကိမ္ေျမာက္ ေတာက္တက္လမ္းေလွ်ာက္ရာသီကို ဒီဇင္ဘာလ မွ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလအထိ (၃)လ သတ္မွတ္ထားေၾကာင္း သိရသည္။

အဆိုပါ (၃)လအတြင္းရွိ ပိတ္ရက္မ်ားတြင္ နံနက္ (၄)နာရီမွ နံနက္ (၈)နာရီအထိ တာဝန္ရွိသူမ်ား ႏွင့္ ေတာင္ေပၚရွိဘုန္ႀကီးကားမ်ားမွအပ က်န္ကား၊ ဆိုင္ကယ္မ်ားကို တက္ေရာက္ခြင့္ျပဳမည္မဟုတ္ေၾကာင္း သိရသည္။

“လမ္းက မႏွစ္ကမွစဖြင့္လိုက္တာပါ။ ဒီႏွစ္က ဒုတိယႏွစ္ေျမာက္ေပါ့။ ေမာ္လၿမိဳင္မွာ ေတာင္တက္လမ္းေလွ်ာက္တာဝါသနာပါတဲ့ လူေတြေလွ်ာက္ဖို႔ပါ။ ၿမိဳ႕တြင္းလမ္းက အႏၲရာယ္မ်ားတဲ့အတြက္ ဒီၿမိဳ႕ျပင္မွာလမ္းတစ္လမ္းခင္းၿပီး လုပ္လိုက္တာပါ”ဟု သာသနာႏြယ္ေဖာင္ေဒးရွင္းမွ ဆရာေတာ္တစ္ပါးက NP News ကို မိန႔္ၾကားသည္။

၎ ေတာင္တက္လမ္းေလွ်ာက္ရာသီကို ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္မွ စတင္ခဲ့ျခင္းျဖစ္ၿပီး ေမာ္လၿမိဳင္ၿမိဳ႕အပါအဝင္ က်ိဳက္မေရာၿမိဳ႕ ၊ မုတၱမၿမိဳ႕ ႏွင့္ ဘီလူးကြၽန္းစသည့္ ေနရာေဒသမ်ားရွိ လူမ်ားမွ လာေရာက္လမ္းေလွ်ာက္ခဲ့ေၾကာင္း သိရသည္။

“ေတာင္ေပၚမွာလည္း အရမ္းသာယာလွပတယ္။ ဘုရားေစတီ၊ ပုထိုးေတြ၊ တိမ္ပင္လယ္ေတြရွိတယ္။ ေနာက္ၿပီး ေတာင္တက္လမ္းမွာလည္း အားကစားပစၥည္းေတြ စီစဥ္ေပးထားတဲ့အတြက္ က်န္းမာေရးလိုက္စားရင္းနဲ႔ ဘုရားဖူးလိုသူေတြ လာေရာက္လည္ပတ္ၾကပါ။ ဆိုင္ကယ္၊ ကားပါကင္ အခမဲ့ပါ” ဟု ဆရာေတာ္က ထပ္မံမိန္းၾကားသည္။

ထို႔ျပင္ေစ်းသည္မ်ားအေနျဖင့္ လမ္းေလွ်ာက္သူမ်ား အေႏွာက္အယွက္မျဖစ္ေစရန္အတြက္ ကြန္ကရစ္လမ္းေပၚသို႔တက္၍ ေစ်းေရာင္းခြင့္မျပဳေသာ္လည္း ေတာင္ေျခတြင္ ေရာင္းခ်ႏိုင္ေၾကာင္း သိရသည္။

သို႔ေသာ္ ေညႇာ္နံ႔ထြက္ေသာ အစားအေသာက္မ်ားအပါအဝင္ ၊ အရက္၊ ဘီယာမ်ား ေရာင္းခ်ခြင့္မျပဳေၾကာင္း သာသနာႏြယ္ဖာင္ေဒးရွင္းမွ အသိေပးထားသည္။

Related news

© 2021. All rights reserved.