ဖယောင်းတိုင်မီးထွန်းရာမှလဲကျပြီး မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၅ လုံးဆုံးရှုံးကာ လူဦးရေ (၅၀)ခန့် မီးဘေးသင့်ခဲ့

 763

ကျော်(NP News) - ဒီဇင်ဘာ ၂

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်)၊ ညနေပိုင်းက ဖယောင်းတိုင်မီးထွန်းထားရာမှလဲကျပြီး မီးကူးစက်လောင်ကျွမ်း၍ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံးကာ လူဦးရေ (၅၀)ခန့် မီးဘေးသင့်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့၊ ညနေ ၄ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ကမ်းနားလမ်းရှိ ၃ ထပ်နေအိမ်တစ်လုံး၏ အောက်ထပ်ရှိ အိပ်ခန်းအတွင်း၌ ဖယောင်းတိုင်မီးထွန်းထားရာမှ အနီးရှိမွေ့ယာပေါ်သို့လဲကျပြီး နေအိမ်အားမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

"ကမ်းနားလမ်း ပေပင်လေးဘုန်းကြီးကျောင်းအရှေ့ဖက်မှာရှိတဲ့ အိမ်တွေမှာလောင်တာပါ။ အဲဒီနားကအိမ်တွေက တစ်အိမ်နဲ့တစ်အိမ်ကပ်နေတာ အခုမီးစလောင်တဲ့အိမ်ကလည်း ဖယောင်းတိုင်ကို သေချာမစိုက်ဘဲထောင်ထားတယ်။ ပြီးတော့အပြင်ထွက်သွားတဲ့အချိန် ဖယောင်းတိုင်က အနားကမွေ့ယာပေါ်ကိုလဲကျပြီး မီးလောင်ကျွမ်းသွားတာပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

မီးလောင်ကျွမ်းမှုအား လုံခြုံရေးအဖွဲ့ဝင်များ၊ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

"မီးလောင်ချိန်က ၁၅ မိနစ်ကျော်လောက်ပဲကြာတယ်။ ညနေ ၄ နာရီ ၁၅ မိနစ်ကျော်လောက်မှာ ငြိမ်းသွားတာပါ။ မီးလောင်ချိန်သိပ်မကြာပေမယ့် အိမ်တွေကပ်တာရယ်။ မီးလောင်အားကောင်းတာတွေရှိတာရယ်ကြောင့် အိမ် ၅ လုံးမီးလောင်ပျက် စီးသွားတယ် အခုပျက်စီးသွားတဲ့အိမ်တွေက ပျဥ်ခင်း/ပျဥ်ကာတွေကြီးပဲ"ဟု ၎င်းကဆက်လက်ပြော သည်။

မီးလောင်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၅ လုံးတွင်နေထိုင်သည့် အမျိုးသား ၂၅ ဦးနှင့်အမျိုးသမီး ၂၅ ဦး(စုစုပေါင်း ၅၀ ဦး)တို့အား တာဝန်ရှိသူများက ယာယီနေရာချထားပေးပြီးလိုအပ်သည်များကိုကူညီပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်အား တာဝန်ရှိသူများက ဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ဖေယာင္းတိုင္မီးထြန္းရာမွလဲက်ၿပီး မီးကူးစက္ေလာင္ကြၽမ္းမႈေၾကာင့္ ေနအိမ္ ၅ လုံးဆုံးရႈံးကာ လူဦးေရ (၅၀)ခန႔္ မီးေဘးသင့္ခဲ့
ေက်ာ္(NP News) - ဒီဇင္ဘာ ၂

မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ယမန္ေန႔ (ဒီဇင္ဘာလ ၁ ရက္)၊ ညေနပိုင္းက ဖေယာင္းတိုင္မီးထြန္းထားရာမွလဲက်ၿပီး မီးကူးစက္ေလာင္ကြၽမ္း၍ ေနအိမ္ ၅ လုံးပ်က္စီးဆုံးရႈံးကာ လူဦးေရ (၅၀)ခန႔္ မီးေဘးသင့္ခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ယမန္ေန႔၊ ညေန ၄ နာရီခန္႔က မဟာေအာင္ေျမၿမိဳ႕နယ္၊ သံလ်က္ေမွာ္အေနာက္ရပ္ကြက္၊ကမ္းနားလမ္းရွိ ၃ ထပ္ေနအိမ္တစ္လုံး၏ ေအာက္ထပ္ရွိ အိပ္ခန္းအတြင္း၌ ဖေယာင္းတိုင္မီးထြန္းထားရာမွ အနီးရွိေမြ႕ယာေပၚသို႔လဲက်ၿပီး ေနအိမ္အားမီးကူးစက္ေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။

"ကမ္းနားလမ္း ေပပင္ေလးဘုန္းႀကီးေက်ာင္းအေရွ႕ဖက္မွာရွိတဲ့ အိမ္ေတြမွာေလာင္တာပါ။ အဲဒီနားကအိမ္ေတြက တစ္အိမ္နဲ႔တစ္အိမ္ကပ္ေနတာ အခုမီးစေလာင္တဲ့အိမ္ကလည္း ဖေယာင္းတိုင္ကို ေသခ်ာမစိုက္ဘဲေထာင္ထားတယ္။ ၿပီးေတာ့အျပင္ထြက္သြားတဲ့အခ်ိန္ ဖေယာင္းတိုင္က အနားကေမြ႕ယာေပၚကိုလဲက်ၿပီး မီးေလာင္ကြၽမ္းသြားတာပါ"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

မီးေလာင္ကြၽမ္းမႈအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ား၊ မႏၲေလးတိုင္းမီးသတ္ဦးစီးဌာနမွတပ္ဖြဲ႕ဝင္မ်ား၊အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္လူမႈကူညီေရးအသင္းဝင္မ်ားက Level 1 အဆင့္ျဖင့္ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။

"မီးေလာင္ခ်ိန္က ၁၅ မိနစ္ေက်ာ္ေလာက္ပဲၾကာတယ္။ ညေန ၄ နာရီ ၁၅ မိနစ္ေက်ာ္ေလာက္မွာ ၿငိမ္းသြားတာပါ။ မီးေလာင္ခ်ိန္သိပ္မၾကာေပမယ့္ အိမ္ေတြကပ္တာရယ္။ မီးေလာင္အားေကာင္းတာေတြရွိတာရယ္ေၾကာင့္ အိမ္ ၅ လုံးမီးေလာင္ပ်က္ စီးသြားတယ္ အခုပ်က္စီးသြားတဲ့အိမ္ေတြက ပ်ဥ္ခင္း/ပ်ဥ္ကာေတြႀကီးပဲ"ဟု ၎ကဆက္လက္ေျပာ သည္။

မီးေလာင္မႈေၾကာင့္ ပ်က္စီးသြားသည့္ ေနအိမ္ ၅ လုံးတြင္ေနထိုင္သည့္ အမ်ိဳးသား ၂၅ ဦးႏွင့္အမ်ိဳးသမီး ၂၅ ဦး(စုစုေပါင္း ၅၀ ဦး)တို႔အား တာဝန္ရွိသူမ်ားက ယာယီေနရာခ်ထားေပးၿပီးလိုအပ္သည္မ်ားကိုကူညီေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ မီးစတင္ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့သည့္ ေနအိမ္ပိုင္ရွင္အား တာဝန္ရွိသူမ်ားက ဥပေဒအရအေရးယူရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.