ရန်ကင်းကလေးဆေးရုံရှေ့တွင် ဗုံးပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွား

 3194

NP News - ဒီဇင်ဘာ ၂

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းကလေးဆေးရုံရှေ့တွင် ဗုံးပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ပေါက်ကွဲမှုသည် ယမန်နေ့(ဒီဇင်ဘာလ ၁ ရက်)၊ ည ၇နာရီခွဲအချိန်တွင် ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကံဘဲ့လမ်း၊ ရန်ကင်းကလေးဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားရောက်စစ်ဆေးချက်အရ အဆိုပါကလေးဆေးရုံရှေ့သို့ (စိစစ်နေဆဲ)ကားတစ်စီးပေါ်မှ အမျိုးသားအချို့က အထုပ်တစ်ထုပ်ပစ်ချခဲ့ပြီးနောက် ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ လူနဲ့အဆောက်အဦးတော့ ထိခိုက်တာမျိုးတော့မရှိခဲ့ပါဘူး။ ဒါပေမယ့် ကလေးဆေးရုံမှာ တက်နေတဲ့ ကလေးတွေကတော့ တော်တော်လေးလန့်ဖြန့်သွားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် Yangon Army(YA) တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အလားတူ ယမန်နေ့ နံနက်အစောပိုင်းတွင်လည်း အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP) ပါတီ ဥက္ကဋ္ဌ ဦးသန်းထွန်းသည် PDF အဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုကြောင့် သေဆုံးခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

zawgyi version
ရန္ကင္းကေလးေဆး႐ုံေရွ႕တြင္ ဗုံးေပါက္ကြဲမႈ(၂)ႀကိမ္ျဖစ္ပြား

NP News - ဒီဇင္ဘာ ၂

ရန္ကုန္တိုင္း၊ ရန္ကင္းၿမိဳ႕နယ္ရွိ ရန္ကင္းကေလးေဆး႐ုံေရွ႕တြင္ ဗုံးေပါက္ကြဲမႈ(၂)ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ေပါက္ကြဲမႈသည္ ယမန္ေန႔(ဒီဇင္ဘာလ ၁ ရက္)၊ ည ၇နာရီခြဲအခ်ိန္တြင္ ရန္ကင္းၿမိဳ႕နယ္၊ (၇)ရပ္ကြက္၊ ကံဘဲ့လမ္း၊ ရန္ကင္းကေလးေဆး႐ုံေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ သြားေရာက္စစ္ေဆးခ်က္အရ အဆိုပါကေလးေဆး႐ုံေရွ႕သို႔ (စိစစ္ေနဆဲ)ကားတစ္စီးေပၚမွ အမ်ိဳးသားအခ်ိဳ႕က အထုပ္တစ္ထုပ္ပစ္ခ်ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။

“ေပါက္ကြဲသံက ေတာ္ေတာ္က်ယ္တယ္။ လူနဲ႔အေဆာက္အဦးေတာ့ ထိခိုက္တာမ်ိဳးေတာ့မရွိခဲ့ပါဘူး။ ဒါေပမယ့္ ကေလးေဆး႐ုံမွာ တက္ေနတဲ့ ကေလးေတြကေတာ့ ေတာ္ေတာ္ေလးလန႔္ျဖန႔္သြားတယ္”ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါ ဗုံးခြဲတိုက္ခိုက္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ အေနာက္ပိုင္းခ႐ိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(ပကဖ)ႏွင့္ Yangon Army(YA) တို႔က ပူးေပါင္းလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

အလားတူ ယမန္ေန႔ နံနက္အေစာပိုင္းတြင္လည္း အမ်ိဳးသားဒီမိုကေရစီပါတီသစ္(NNDP) ပါတီ ဥကၠ႒ ဦးသန္းထြန္းသည္ PDF အဖြဲ႕၏ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံမႈေၾကာင့္ ေသဆုံးခဲ့ေသာ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.