ကမ္ဘာ့ပထမဆုံး ရေအောက်ပန်းပုဥယျာဉ်ကြီး၌ ပန်းပုရုပ် (၃ဝ)‌ကျော် ထပ်မံထည့်သွင်းမည်

 657

ရောင်နီ (NP News) - ဒီဇင်ဘာ ၂

၂၀၀၆ ခုနှစ်က ဗြိတိန်ပန်းပုပညာရှင်နဲ့ ဂေဟဗေဒပညာရှင် ဂျက်ဆန်ဒဲကာရီတေလာ ဖန်တီးခဲ့တဲ့ ကာရေဘီယံနိုင်ငံ ဂရီနာဒါရှိ ကမ္ဘာ့ပထမဆုံး Molinere Bay ရေအောက်ပန်းပုဥယျာဉ်ကြီးဟာ နိုင်ငံရဲ့ ရေပန်းအစားဆုံး ရေအောက်ဆွဲဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

အခုချိန်မှာတော့ ကျွန်းရဲ့ အနာက်ဘက်ကမ်းလွန်ပင်လယ်ပြင် အဏ္ဏဝါဘေးမဲ့ဧရိယာမှာ တည်ရှိတဲ့ ရေအောက်ပန်းပုဥယျာဉ်မှာ ပန်းပုရုပ်အသစ် ၃၁ ခု ထပ်မံထည့်သွင်းပြီး တိုးချဲ့သွားမယ်လို့ သိရပါတယ်။ ထပ်တိုးမယ့် ပန်းပုသစ်တွေထဲမှာ Grenada ရဲ့ အလွန်ရေပန်းစားတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်တဲ့ "Coral Carnival" ၊ "Jab Jab"လို ပုံစံတွေလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ဒီပရောဂျက်ဟာ ဂရီနာဒါ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို ပြသဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပန်းပုတစ်ခုစီဟာ လက်တွေ့ဘဝ လူမှုနေထိုင်မှု ပုံစံတွေကို အခြေခံကာ ထုလုပ်ထားတယ်လို့ သိရပါတယ်။

zawgyi version
ကမာၻ႔ပထမဆုံး ေရေအာက္ပန္းပုဥယ်ာဥ္ႀကီး၌ ပန္းပု႐ုပ္ (၃ဝ)‌ေက်ာ္ ထပ္မံထည့္သြင္းမည္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂

၂၀၀၆ ခုႏွစ္က ၿဗိတိန္ပန္းပုပညာရွင္နဲ႔ ေဂဟေဗဒပညာရွင္ ဂ်က္ဆန္ဒဲကာရီေတလာ ဖန္တီးခဲ့တဲ့ ကာေရဘီယံႏိုင္ငံ ဂရီနာဒါရွိ ကမာၻ႔ပထမဆုံး Molinere Bay ေရေအာက္ပန္းပုဥယ်ာဥ္ႀကီးဟာ ႏိုင္ငံရဲ႕ ေရပန္းအစားဆုံး ေရေအာက္ဆြဲေဆာင္မႈေတြထဲက တစ္ခုျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ ကြၽန္းရဲ႕ အနာက္ဘက္ကမ္းလြန္ပင္လယ္ျပင္ အဏၰဝါေဘးမဲ့ဧရိယာမွာ တည္ရွိတဲ့ ေရေအာက္ပန္းပုဥယ်ာဥ္မွာ ပန္းပု႐ုပ္အသစ္ ၃၁ ခု ထပ္မံထည့္သြင္းၿပီး တိုးခ်ဲ႕သြားမယ္လို႔ သိရပါတယ္။ ထပ္တိုးမယ့္ ပန္းပုသစ္ေတြထဲမွာ Grenada ရဲ႕ အလြန္ေရပန္းစားတဲ့ ပြဲေတာ္ႀကီးတစ္ခုျဖစ္တဲ့ "Coral Carnival" ၊ "Jab Jab"လို ပုံစံေတြလည္း ထည့္သြင္းသြားမယ္လို႔ သိရပါတယ္။ ဒီပေရာဂ်က္ဟာ ဂရီနာဒါ ႏိုင္ငံရဲ႕ ယဥ္ေက်းမႈနဲ႔ သမိုင္းေၾကာင္းကို ျပသဖို႔အတြက္ ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။

ဒါ့ျပင္ ပန္းပုတစ္ခုစီဟာ လက္ေတြ႕ဘဝ လူမႈေနထိုင္မႈ ပုံစံေတြကို အေျခခံကာ ထုလုပ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.