မျိုးသုဉ်းသွားပြီလို့ ယူဆရတဲ့ Golden Mole ကို နှစ်ပေါင်း ၁၀၀ နီးပါးကြာခဲ့ပြီးနောက် ကမ်းခြေတစ်ခုမှာ ပြန်လည်တွေ့ရှိ

 1616

ရောင်နီ (NP News) - ဒီဇင်ဘာ ၂

တောင်အာဖရိကနိုင်ငံ၊ အနောက်မြောက်ရှိ ကမ်းခြေတစ်ခုမှာ မျိုးသုဉ်းသွားပြီလို့ယူဆထားတဲ့ Golden Mole ကြွက်တစ်ကောင်ကို မမျှော်လင့်ဘဲတွေ့ရှိလာခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းအရ ဒါကို အန္တရာယ်ရှိ တောရိုင်းတိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး (EWT) နဲ့ ပရီတိုးရီးယားတက္ကသိုလ်တို့မှ ထိန်းသိမ်းရေးပညာရှင်များ၊ မျိုးရိုးဗီဇပညာရှင်များ၊‌ တောရိုင်းတိရစ္ဆာန်ပညာရှင်များအဖွဲ့က ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်၁၀၀ နီးပါးကြာတဲ့အထိထပ်မံတွေ့ရှိရခြင်းမရှိတာကြောင့် Golden Mole တွေဟာ ထာဝရပျောက်ကွယ်သွားပြီလို့ ယူဆထားခဲ့တာပါ။ Golden Mole တွေဟာ မျက်လုံးမပါတဲ့ တိရိစ္ဆာန် မျိုးစိတ်လေးတွေဖြစ်ပြီး ကမ်းခြေတွေမှာ နေထိုင်ကျတ်စားပါတယ်။ ဒီမျိုးစိတ်တွေဟာ တောင်အာဖရိကအနောက်မြောက်ကမ်းရိုးတန်းရဲ့ကမ်းခြေတွေမှာ ကျက်စားကြတာဖြစ်ပြီး ၁၉၃၆ ခုနှစ်က နောက်ဆုံးတွေ့ရှိကာ ပျောက်ကွယ်နေတာ နှစ်ပေါင်း ၁၀၀ နီးပါးကြာခဲ့ပါပြီ။

ဒီတွေ့ရှိမှုဟာ မျိုးစိတ်တွေရဲ့ပြောင်းလဲမှုနဲ့ သဘောသဘာဝကို လေ့လာဖို့ အခွင့်အရေး ဖြစ်စေပါတယ်။ မျိုးသုဉ်းသွားပြီလို့ ယူဆရတဲ့ မျိုးစိတ်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းအတွက် EWT ကလည်း ဂုဏ်ယူခဲ့ပါတယ်။

zawgyi version
မ်ိဳးသုဥ္းသြားၿပီလို႔ ယူဆရတဲ့ Golden Mole ကို ႏွစ္ေပါင္း ၁၀၀ နီးပါးၾကာခဲ့ၿပီးေနာက္ ကမ္းေျခတစ္ခုမွာ ျပန္လည္ေတြ႕ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂

ေတာင္အာဖရိကႏိုင္ငံ၊ အေနာက္ေျမာက္ရွိ ကမ္းေျခတစ္ခုမွာ မ်ိဳးသုဥ္းသြားၿပီလို႔ယူဆထားတဲ့ Golden Mole ႂကြက္တစ္ေကာင္ကို မေမွ်ာ္လင့္ဘဲေတြ႕ရွိလာခဲ့ပါတယ္။

ဒီဇင္ဘာ ၁ ရက္ေန႔က ထုတ္ျပန္တဲ့ သတင္းအရ ဒါကို အႏၲရာယ္ရွိ ေတာ႐ိုင္းတိရိစာၦန္ကာကြယ္ေစာင့္ေရွာက္ေရး (EWT) နဲ႔ ပရီတိုးရီးယားတကၠသိုလ္တို႔မွ ထိန္းသိမ္းေရးပညာရွင္မ်ား၊ မ်ိဳး႐ိုးဗီဇပညာရွင္မ်ား၊‌ ေတာ႐ိုင္းတိရစာၦန္ပညာရွင္မ်ားအဖြဲ႕က ရွာေတြ႕ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ႏွစ္၁၀၀ နီးပါးၾကာတဲ့အထိထပ္မံေတြ႕ရွိရျခင္းမရွိတာေၾကာင့္ Golden Mole ေတြဟာ ထာဝရေပ်ာက္ကြယ္သြားၿပီလို႔ ယူဆထားခဲ့တာပါ။ Golden Mole ေတြဟာ မ်က္လုံးမပါတဲ့ တိရိစာၦန္ မ်ိဳးစိတ္ေလးေတြျဖစ္ၿပီး ကမ္းေျခေတြမွာ ေနထိုင္က်တ္စားပါတယ္။ ဒီမ်ိဳးစိတ္ေတြဟာ ေတာင္အာဖရိကအေနာက္ေျမာက္ကမ္း႐ိုးတန္းရဲ႕ကမ္းေျခေတြမွာ က်က္စားၾကတာျဖစ္ၿပီး ၁၉၃၆ ခုႏွစ္က ေနာက္ဆုံးေတြ႕ရွိကာ ေပ်ာက္ကြယ္ေနတာ ႏွစ္ေပါင္း ၁၀၀ နီးပါးၾကာခဲ့ပါၿပီ။

ဒီေတြ႕ရွိမႈဟာ မ်ိဳးစိတ္ေတြရဲ႕ေျပာင္းလဲမႈနဲ႔ သေဘာသဘာဝကို ေလ့လာဖို႔ အခြင့္အေရး ျဖစ္ေစပါတယ္။ မ်ိဳးသုဥ္းသြားၿပီလို႔ ယူဆရတဲ့ မ်ိဳးစိတ္ကို ျပန္လည္ရွာေဖြေတြ႕ရွိျခင္းအတြက္ EWT ကလည္း ဂုဏ္ယူခဲ့ပါတယ္။

Related news

© 2021. All rights reserved.