ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားကို TNLA ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကျိုးကျပျက်စီး

 2668

NP News - ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားအား TNLA ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကျိုးကျပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တံတားမိုင်းခွဲခံရမှုသည် ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်)၊ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က သီပေါ်မြို့၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီး၊ လားရှိုး နှင့် သီပေါအကြား စဉ့်အင်တံတား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားအနီး၌ ယမန်နေ့ နံနက်ပိုင်းက တပ်မတော် နှင့် TNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းအချိန်တွင် ယခုကဲ့သို့ တံတားအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက်ကအဲဒီနားမှာ ထိတွေ့မှုတွေဖြစ်ပြီးတော့ တံတားကအပေါက်(၂)ပေါက်ဖြစ်သွားတာ။ အဲဒီအပေါက်တွေက လားရှိုးဘက်ခြမ်းမှာ ဖြစ်တာပေါ့နော်။ အဲဒီအပေါက်တွေကနေ ဝိတ်မခံနိုင်လို့ ကျိုးကျသွားတာလား။ ထပ်ပြီးဖောက်ခွဲခံရတာလားတော့မသိဘူး။ တံတားကတော့ ကျိုးကျသွားပြီ”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမိုင်းခွဲတိုက်ခိုက်ခံရသည့် တံတားသည် ရှမ်းမြောက်ပိုင်းတွင် ကျင်သီတံတားကဲ့သို့ အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး ၎င်းတံတားကျိုးကျပျက်စီးသွားခဲ့သဖြင့် ဒေသခံများအနေဖြင့် သွားလာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“ခုကျိုးကျတဲ့တံတားဆိုရင် အရေးပါတဲ့တံတားတစ်စင်းဖြစ်တာပေါ့နော်။ သီပေါ နဲ့ ကျောက်မဲဆိုရင် အဆက်သွယ်ပြတ်သွားပြီ။ တစ်မြို့နဲ့တစ်မြို့ ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်းလဲဖြစ်တာပေါ့။ ခုလို့ တံတားကျိုသွားတော့ သွားလာရေးတွေ အခက်အခဲဖြစ်ကုန်တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

အလားတူ ပြီးခဲ့သော နိုဝင်ဘာလ ၁၂ ရက်ကလည်း သီပေါမြို့ နှင့် ကျောက်မဲမြို့ကြားရှိ ဒုဌဝတီမြစ်ကူး ကျင်သီတံတားအား TNLA ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောင်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ စဥ့္အင္တံတားကို TNLA ပူးေပါင္းအဖြဲ႕က မိုင္းခြဲတိုက္ခိုက္မႈေၾကာင့္ က်ိဳးက်ပ်က္စီး

NP News - ဒီဇင္ဘာ ၂

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပၚၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ စဥ့္အင္တံတားအား TNLA ပူးေပါင္းအဖြဲ႕က မိုင္းခြဲတိုက္ခိုက္မႈေၾကာင့္ က်ိဳးက်ပ်က္စီးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

တံတားမိုင္းခြဲခံရမႈသည္ ယမန္ေန႔ (ဒီဇင္ဘာလ ၁ ရက္)၊ ညေန ၃ နာရီဝန္းက်င္အခ်ိန္ခန႔္က သီေပၚၿမိဳ႕၊ မႏၲေလး-လားရႈိးျပည္ေထာင္စုလမ္းမႀကီး၊ လားရႈိး ႏွင့္ သီေပါအၾကား စဥ့္အင္တံတား၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါတံတားအနီး၌ ယမန္ေန႔ နံနက္ပိုင္းက တပ္မေတာ္ ႏွင့္ TNLA ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ညေနပိုင္းအခ်ိန္တြင္ ယခုကဲ့သို႔ တံတားအား မိုင္းေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မနက္ကအဲဒီနားမွာ ထိေတြ႕မႈေတြျဖစ္ၿပီးေတာ့ တံတားကအေပါက္(၂)ေပါက္ျဖစ္သြားတာ။ အဲဒီအေပါက္ေတြက လားရႈိးဘက္ျခမ္းမွာ ျဖစ္တာေပါ့ေနာ္။ အဲဒီအေပါက္ေတြကေန ဝိတ္မခံႏိုင္လို႔ က်ိဳးက်သြားတာလား။ ထပ္ၿပီးေဖာက္ခြဲခံရတာလားေတာ့မသိဘူး။ တံတားကေတာ့ က်ိဳးက်သြားၿပီ”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမိုင္းခြဲတိုက္ခိုက္ခံရသည့္ တံတားသည္ ရွမ္းေျမာက္ပိုင္းတြင္ က်င္သီတံတားကဲ့သို႔ အေရးပါသည့္ တံတားတစ္စင္းျဖစ္ၿပီး ၎တံတားက်ိဳးက်ပ်က္စီးသြားခဲ့သျဖင့္ ေဒသခံမ်ားအေနျဖင့္ သြားလာေရးအခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

“ခုက်ိဳးက်တဲ့တံတားဆိုရင္ အေရးပါတဲ့တံတားတစ္စင္းျဖစ္တာေပါ့ေနာ္။ သီေပါ နဲ႔ ေက်ာက္မဲဆိုရင္ အဆက္သြယ္ျပတ္သြားၿပီ။ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕ ဆက္သြယ္ေပးထားတဲ့ တံတားတစ္စင္းလဲျဖစ္တာေပါ့။ ခုလို႔ တံတားက်ိဳသြားေတာ့ သြားလာေရးေတြ အခက္အခဲျဖစ္ကုန္တာေပါ့” ဟု ၎ကဆက္လက္ေျပာသည္။

အလားတူ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၂ ရက္ကလည္း သီေပါၿမိဳ႕ ႏွင့္ ေက်ာက္မဲၿမိဳ႕ၾကားရွိ ဒုဌဝတီျမစ္ကူး က်င္သီတံတားအား TNLA ပူးေပါင္းအဖြဲ႕က မိုင္းေထာင္ေဖာင္ခြဲခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

05/12/2023 20:43

အဲဒီတောအကြမ်းဖက်သူပုန်ကပြည်သူကိုကောင်းကျိုးပေးတာလားဆိုးကျိုးပေးတာလားဆိုတာဖြေကြည့်ကြလေ

Related news

© 2021. All rights reserved.