ရှေ့မှကားကို ကျော်တက်သည့် တွဲကားက တစ်ဖက်ယာဉ်ကြောရှိ ဆီဘောက်ဆာကားကို ဝင်တိုက်မိခဲ့မှု မတ္တရာမြို့တွင်ဖြစ်ပွား

845
သန့်ဇင် (NP News) - ဒီဇင်ဘာ ၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မန္တလေး-မတ္တရာသွားလမ်းပေါ်တွင် ရှေ့မှကားကို ကျော်တက်သည့်တွဲကားသည် တစ်ဖက်ယာဉ်ကြောမှ ဆီဘောက်ဆာကားကို ဝင်တိုက်မိခဲ့မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတ္တရာမြို့နယ်လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂ ရက်)၊ နံနက် ၇နာရီခွဲအချိန်ခန့်တွင် မတ္တရာမြို့နယ်၊ မန္တလေး-မတ္တရာသွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် (၂၀/၁) နှင့်(၂၀/၂၀)ကြားတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တွဲကားက Light Truck ကားကိုရှောင်ပြီး ကျော်တက်တဲ့အချိန် တစ်ဖက်ယာဉ်ကြောကလာတဲ့ ဆီဘောက်ဆာကားရဲ့ ကိုယ်ထည်ကို တွဲကားခေါင်းနဲ့ ဝင်ချိတ်မိတာပါ”ဟု မတ္တရာမြို့နယ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် တွဲကား၏ ခေါင်းပိုင်းကြေမွပျက်စီးသွားခဲ့ပြီး တွဲကားပေါ်တွင်လိုက်ပါလာသည့် အမျိုသားတစ်ဦး၌ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုသားအား မတ္တရာမြို့နယ်လူမှုကယ်ဆယ်ရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

zawgyi version
ေရွ႕မွကားကို ေက်ာ္တက္သည့္တြဲကားက တစ္ဖက္ယာဥ္ေၾကာရွိ ဆီေဘာက္ဆာကားကို ဝင္တိုက္မိခဲ့မႈ မတၱရာၿမိဳ႕တြင္ျဖစ္ပြား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂
မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္ရွိ မႏၲေလး-မတၱရာသြားလမ္းေပၚတြင္ ေရွ႕မွကားကို ေက်ာ္တက္သည့္တြဲကားသည္ တစ္ဖက္ယာဥ္ေၾကာမွ ဆီေဘာက္ဆာကားကို ဝင္တိုက္မိခဲ့မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း မတၱရာၿမိဳ႕နယ္လူမႈကယ္ဆယ္ေရး အသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၂ ရက္)၊ နံနက္ ၇နာရီခြဲအခ်ိန္ခန႔္တြင္ မတၱရာၿမိဳ႕နယ္၊ မႏၲေလး-မတၱရာသြားကားလမ္းမႀကီး၏ မိုင္တိုင္အမွတ္ (၂၀/၁) ႏွင့္(၂၀/၂၀)ၾကားတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တြဲကားက Light Truck ကားကိုေရွာင္ၿပီး ေက်ာ္တက္တဲ့အခ်ိန္ တစ္ဖက္ယာဥ္ေၾကာကလာတဲ့ ဆီေဘာက္ဆာကားရဲ႕ ကိုယ္ထည္ကို တြဲကားေခါင္းနဲ႔ ဝင္ခ်ိတ္မိတာပါ”ဟု မတၱရာၿမိဳ႕နယ္လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈတြင္ တြဲကား၏ ေခါင္းပိုင္းေၾကမြပ်က္စီးသြားခဲ့ၿပီး တြဲကားေပၚတြင္လိုက္ပါလာသည့္ အမ်ိဳသားတစ္ဦး၌ ပြန္းပဲ့ဒဏ္ရာမ်ားရရွိခဲ့ေသာ္လည္း မစိုးရိမ္ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္အမ်ိဳသားအား မတၱရာၿမိဳ႕နယ္လူမႈကယ္ဆယ္ေရးအသင္းမွ ေျမျပင္ကုသမႈမ်ားျပဳလုပ္ေပးခဲ့ၾကေၾကာင္း သိရသည္။