ဗိုလ်တထောင်မြို့နယ်၌ ဒေါ်လာရောင်း/ဝယ် လုပ်ကိုင်သူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ခြိမ်းခြောက်လုယက်ခံခဲ့ရ

4588
Pearl (NP News) - ဒီဇင်ဘာ ၂
ဗိုလ်တထောင်မြို့နယ်၌ ဒေါ်လာရောင်း/ဝယ်လုပ်ကိုင်သော အမျိုးသား သေနတ်ဖြင့် ခြိမ်းခြောက်လုယက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၁ရက်)၊ နေ့လည် (၃)နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း နှင့် ၄၁ လမ်းထိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လှိုင်မြို့နယ်တွင်နေထိုင်သည့် ဒေါ်လာရောင်း/ဝယ်ပြုလုပ်သူ အမျိုးသားတစ်ဦးသည် အဆိုပါ (၄၁)လမ်းထိပ်တွင်ထိုင်နေစဉ် မဟာဗန္ဓုလလမ်းအတိုင်းမောင်းလာသည့် အငှားယာဉ် (၂) စီးပေါ်မှ လူ(၉)ဦးခန့် ဆင်းလာပြီး လက်လုပ်သေနတ်အတို (၁)လက်ပြ၍ ခြိမ်းခြောက်မှုပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ခြိမ်းခြောက်ကာ ၎င်းထံမှ စုစုပေါင်း ကျပ်သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိ မြန်မာငွေ နှင့် ဒေါ်လာများကို ယူဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒဂုံမြို့သစ်တောင်မြို့နယ်အတွင်း၌ ၎င်းအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သေနတ်ပြလုယက်သူအဖွဲ့အား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်း၊ တွင် ဖွင့်လှစ်ထားသော Ye Min Aung Money Changer တွင် အမျိုးသား(၃)ဦးက သေနတ်များ၊ ဓားများဖြင့် ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ ငွေကျပ်သိန်း(၃ဝဝ)နှင့် I phone တို့အား ဓားပြတိုက်ယူဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားဖူးသည်။

zawgyi version
ဗိုလ္တေထာင္ၿမိဳ႕နယ္၌ ေဒၚလာေရာင္း/ဝယ္ လုပ္ကိုင္သူ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ၿခိမ္းေျခာက္လုယက္ခံခဲ့ရ
Pearl (NP News) - ဒီဇင္ဘာ ၂
ဗိုလ္တေထာင္ၿမိဳ႕နယ္၌ ေဒၚလာေရာင္း/ဝယ္လုပ္ကိုင္ေသာ အမ်ိဳးသား ေသနတ္ျဖင့္ ၿခိမ္းေျခာက္လုယက္ခံခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဒီဇင္ဘာလ ၁ရက္)၊ ေန႔လည္ (၃)နာရီခန႔္တြင္ ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ မဟာဗႏၶဳလလမ္း ႏွင့္ ၄၁ လမ္းထိပ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
လႈိင္ၿမိဳ႕နယ္တြင္ေနထိုင္သည့္ ေဒၚလာေရာင္း/ဝယ္ျပဳလုပ္သူ အမ်ိဳးသားတစ္ဦးသည္ အဆိုပါ (၄၁)လမ္းထိပ္တြင္ထိုင္ေနစဥ္ မဟာဗႏၶဳလလမ္းအတိုင္းေမာင္းလာသည့္ အငွားယာဥ္ (၂) စီးေပၚမွ လူ(၉)ဦးခန႔္ ဆင္းလာၿပီး လက္လုပ္ေသနတ္အတို (၁)လက္ျပ၍ ၿခိမ္းေျခာက္မႈျပဳလုပ္ေၾကာင္း သိရသည္။
ထိုသို႔ ၿခိမ္းေျခာက္ကာ ၎ထံမွ စုစုေပါင္း က်ပ္သိန္း ၁၀၀၀ ခန႔္ တန္ဖိုးရွိ ျမန္မာေငြ ႏွင့္ ေဒၚလာမ်ားကို ယူေဆာင္ကာ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ဒဂုံၿမိဳ႕သစ္ေတာင္ၿမိဳ႕နယ္အတြင္း၌ ၎အား ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္ ေသနတ္ျပလုယက္သူအဖြဲ႕အား ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
အလားတူ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၂)ရက္တြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ သိမ္ျဖဴလမ္း၊ တြင္ ဖြင့္လွစ္ထားေသာ Ye Min Aung Money Changer တြင္ အမ်ိဳးသား(၃)ဦးက ေသနတ္မ်ား၊ ဓားမ်ားျဖင့္ ၿခိမ္းေျခာက္၍ ဆိုင္အတြင္းရွိ ေငြက်ပ္သိန္း(၃ဝဝ)ႏွင့္ I phone တို႔အား ဓားျပတိုက္ယူေဆာင္သြားသည့္ ျဖစ္စဥ္ ျဖစ္ပြားဖူးသည္။