J-pop အဖွဲ့ Yoasobi ရဲ့ပွဲလက်မှတ်များအွန်လိုင်းမှရောင်းချမှုအတွင်း ဝယ်ယူသူတွေရဲ့ အချက်အလက်ပေါက်ကြားမှုများဖြစ်ပွား

 373

ရောင်နီ(NP News) - ဒီဇင်ဘာ ၂

စင်ကာပူမှာ J-pop အဖွဲ့ Yoasobi ရဲ့ဖျော်ဖြေပွဲအတွက် အွန်လိုင်းမှ လက်မှတ်ဝယ်ယူရာမှ ဝယ်ယူသူ ပရိသတ်တွေရဲ့ အချက်အလက်ပေါက်ကြားမှုတွေ ဖြစ်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ဒီဇင်ဘာလ ၁ ရက်ကဖြစ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက လက်မှတ်ခကို Ticketmaster မှတစ်ဆင့် အွန်လိုင်းမှပေးချေရာမှာ အခြား Ticketmaster အွန်လိုင်းအကောင့်တွေထဲ ရောက်သွားခဲ့ပါတယ်။ ဒါဟာ အခြားဝယ်ယူသူတွေရဲ့ အမည်အပြည့်အစုံ၊ ဖုန်းနံပါတ် နဲ့ အီးမေးလ်လိပ်စာတွေကိုပါ အပြည့်အဝ မြင်ရစေခဲ့ပါတယ်။ အချို့ကလည်း အဆိုပါ သူစိမ်းအကောင့်ပိုင်ရှင်များ ယခင်က ဝယ်ခဲ့တဲ့ အခြား ဖျော်ဖြေပွဲ လက်မှတ်တွေကိုတောင် မြင်တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ ဒေတာပေါက်ကြားမှုဖြစ်သလို ဝယ်ယူသူတွေကလည်း ဒေါသထွက်ခဲ့ပါတယ်။ ဒီအတွက် Ticketmaster က တောင်းပန်ထားပြီး ၎င်းတို့ရဲ့ အမှားအယွင်းအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း ဆိုထားပါတယ်။

တေးသံရှင် Ikura ၂၃ နှစ်နဲ့ တေးရေးဆရာ အာရက်စ် ၂၉ နှစ်တို့ ဖွဲ့စည်းထားတဲ့ နာမည်ကျော် J-pop အဖွဲ့ Yoasobi ရဲ့ဖျော်ဖြေပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ Resorts World Sentosa မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

zawgyi version
J-pop အဖြဲ႕ Yoasobi ရဲ႕ပြဲလက္မွတ္မ်ားအြန္လိုင္းမွေရာင္းခ်မႈအတြင္း ဝယ္ယူသူေတြရဲ႕ အခ်က္အလက္ေပါက္ၾကားမႈမ်ားျဖစ္ပြား
ေရာင္နီ(NP News) - ဒီဇင္ဘာ ၂

စင္ကာပူမွာ J-pop အဖြဲ႕ Yoasobi ရဲ႕ေဖ်ာ္ေျဖပြဲအတြက္ အြန္လိုင္းမွ လက္မွတ္ဝယ္ယူရာမွ ဝယ္ယူသူ ပရိသတ္ေတြရဲ႕ အခ်က္အလက္ေပါက္ၾကားမႈေတြ ျဖစ္လာခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ ဒီဇင္ဘာလ ၁ ရက္ကျဖစ္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြက လက္မွတ္ခကို Ticketmaster မွတစ္ဆင့္ အြန္လိုင္းမွေပးေခ်ရာမွာ အျခား Ticketmaster အြန္လိုင္းအေကာင့္ေတြထဲ ေရာက္သြားခဲ့ပါတယ္။ ဒါဟာ အျခားဝယ္ယူသူေတြရဲ႕ အမည္အျပည့္အစုံ၊ ဖုန္းနံပါတ္ နဲ႔ အီးေမးလ္လိပ္စာေတြကိုပါ အျပည့္အဝ ျမင္ရေစခဲ့ပါတယ္။ အခ်ိဳ႕ကလည္း အဆိုပါ သူစိမ္းအေကာင့္ပိုင္ရွင္မ်ား ယခင္က ဝယ္ခဲ့တဲ့ အျခား ေဖ်ာ္ေျဖပြဲ လက္မွတ္ေတြကိုေတာင္ ျမင္ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ဒါဟာ အလြန္ႀကီးမားတဲ့ ေဒတာေပါက္ၾကားမႈျဖစ္သလို ဝယ္ယူသူေတြကလည္း ေဒါသထြက္ခဲ့ပါတယ္။ ဒီအတြက္ Ticketmaster က ေတာင္းပန္ထားၿပီး ၎တို႔ရဲ႕ အမွားအယြင္းအတြက္ ျပင္ဆင္မႈေတြ ျပဳလုပ္ေနေၾကာင္း ဆိုထားပါတယ္။

ေတးသံရွင္ Ikura ၂၃ ႏွစ္နဲ႔ ေတးေရးဆရာ အာရက္စ္ ၂၉ ႏွစ္တို႔ ဖြဲ႕စည္းထားတဲ့ နာမည္ေက်ာ္ J-pop အဖြဲ႕ Yoasobi ရဲ႕ေဖ်ာ္ေျဖပြဲကို ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္မွာ Resorts World Sentosa မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.