ကားလမ်းဖြတ်ကူးနေသူအား ကားတစ်စီးမှဝင်တိုက်မိကာ မောင်းနှင်ထွက်ပြေးမှု ရန်ကုန်မြို့၌ ဖြစ်ပွား

 1939

သန့်ဇင်(NP News) - ဒီဇင်ဘာ ၂

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ကားလမ်းဖြတ်ကူးနေသည့် အမျိုသားအား ကားတစ်စီးမှတိုက်မိကာ မောင်းနှင်ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း အနာဂတ် အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။

ယမန်နေ့(ဒီဇင်ဘာလ ၁ ရက်)၊ ည ၈နာရီ ၅၅မိနစ်ခန့်က ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း နှင့် အင်းယားလမ်းဒေါင့်မီးပွိုင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အတိုက်ခံရတဲ့လူက လှည်းတန်းဘက်ခြမ်းကနေ ကားလမ်းဖြတ်ကူးတာပါ။ သူက လှည်းတန်းမှာရှိတဲ့ သူငယ်ချင်းတွေဆီလာတာပါ။ အဲဒါ အိမ်ပြန်ဖို့လုပ်နေတဲ့အချိန် ဘယ်ကထွက်လာမှန်းမသိတဲ့ PASSO အဖြူရောင်ကားလေးက ဝင်တိုက်ပြီးမောင်းပြေးတာပေါ့” ဟု အနာဂတ် အလင်းတန်းပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ကားတိုက်ခံရသည့် အမျိုးသားသည် တောင်ဒဂုံမြို့နယ်တွင်နေထိုင်သည့် အသက်(၃၅)နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ကားတိုက်ခံရစဉ် ဦးခေါင်းထိခိုက်ဒဏ်ရာ နှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ကားအတိုက်ခံရတဲ့လူက နဖူးတည့်တည့်မှာ ကွဲသွားတယ်။ မေးစေ့လည်းကွဲတယ်။ နှာခေါင်းထဲကလည်း သွေးယိုတာတွေရှိတယ်။ သိပ်တော့ မစိုးရိမ်ရပါဘူး။ တိုက်သွားတဲ့ကားကိုလဲ သက်ဆိုင်ရာက စုံစမ်းနေတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသားအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အနာဂတ်အလင်းတန်း ပရဟိတ အသင်းမှ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ကားလမ္းျဖတ္ကူးေနသူအား ကားတစ္စီးမွဝင္တိုက္မိကာ ေမာင္းႏွင္ထြက္ေျပးမႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြား
သန႔္ဇင္(NP News) - ဒီဇင္ဘာ ၂

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္တြင္ ကားလမ္းျဖတ္ကူးေနသည့္ အမ်ိဳသားအား ကားတစ္စီးမွတိုက္မိကာ ေမာင္းႏွင္ထြက္ေျပးသြားမႈ ျဖစ္ပြားခဲ့ေၾကာင္း အနာဂတ္ အလင္းတန္းပရဟိတအသင္းထံမွ သိရသည္။

ယမန္ေန႔(ဒီဇင္ဘာလ ၁ ရက္)၊ ည ၈နာရီ ၅၅မိနစ္ခန႔္က ကမာ႐ြတ္ၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္း ႏွင့္ အင္းယားလမ္းေဒါင့္မီးပြိဳင့္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အတိုက္ခံရတဲ့လူက လွည္းတန္းဘက္ျခမ္းကေန ကားလမ္းျဖတ္ကူးတာပါ။ သူက လွည္းတန္းမွာရွိတဲ့ သူငယ္ခ်င္းေတြဆီလာတာပါ။ အဲဒါ အိမ္ျပန္ဖို႔လုပ္ေနတဲ့အခ်ိန္ ဘယ္ကထြက္လာမွန္းမသိတဲ့ PASSO အျဖဴေရာင္ကားေလးက ဝင္တိုက္ၿပီးေမာင္းေျပးတာေပါ့” ဟု အနာဂတ္ အလင္းတန္းပရဟိတအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ကားတိုက္ခံရသည့္ အမ်ိဳးသားသည္ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ေနထိုင္သည့္ အသက္(၃၅)ႏွစ္ဝန္းက်င္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ကားတိုက္ခံရစဥ္ ဦးေခါင္းထိခိုက္ဒဏ္ရာ ႏွင့္ ပြန္းပဲ့ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

“ကားအတိုက္ခံရတဲ့လူက နဖူးတည့္တည့္မွာ ကြဲသြားတယ္။ ေမးေစ့လည္းကြဲတယ္။ ႏွာေခါင္းထဲကလည္း ေသြးယိုတာေတြရွိတယ္။ သိပ္ေတာ့ မစိုးရိမ္ရပါဘူး။ တိုက္သြားတဲ့ကားကိုလဲ သက္ဆိုင္ရာက စုံစမ္းေနတုန္းပါ”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည့္ အမ်ိဳးသားအား ေျမျပင္ကုသမႈမ်ားျပဳလုပ္ေပးၿပီးေနာက္ အနာဂတ္အလင္းတန္း ပရဟိတ အသင္းမွ ရန္ကုန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးအေရးေပၚဌာနသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

02/12/2023 21:43

ထွက်ပြေးယာဥ်မောင်းလာအဖမ်းခံရင်ယာ်ဥ်တိုက်မူ့လာအဖမ်းမခံရင်ဖော်ထုတ်ဖမ်းမီပါကထိရောက်စွာအပြစ်ဒါဏ်ပေးပါ

Related news

© 2021. All rights reserved.