ပြင်းထန်လာသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၅)သိန်းကျော် ရှိနေကြောင်း UN Myanmar ထုတ်ပြန်

 583

ယွန်း (NP News) - ဒီဇင်ဘာ ၂

ပြင်းထန်လာသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူဦးရေ (၅)သိန်းကျော်ရှိနေကြောင်း UN Myanmar က ထုတ်ပြန်ထားသည်။

UN Myanmar က ယမန်နေ့(ဒီဇင်ဘာလ ၁ ရက်)တွင် ထုတ်ပြန်သည့် အစီရင်ခံလွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၂၆)ရက်မှစတင်ပြီး ပဋိပက္ခများပြင်း ထန်လာခဲ့ရာ ယနေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ (၅)သိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးဝန်ဆောင်မှု နှင့် အရပ်သားဘေးကင်းလုံခြုံမှုစသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

UN Myanmar ၏ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ အောက်တိုဘာလ(၂၆)ရက်မှ နိုဝင်ဘာလ(၂၂) ရက်အထိ နေရပ်စွန့်ခွာသူ(၃၃၅၀၀၀)နီးပါးရှိခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ရှမ်းပြည်နယ် အပါအဝင် စစ်ကိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ မွန်၊ ကရင်၊ ပဲခူး နှင့် မန္တလေးတို့တွင် ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ(၉)ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာ သူဦးရေ(၂)သန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ျပင္းထန္လာသည့္ ပဋိပကၡမ်ားေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးသူေပါင္း(၅)သိန္းေက်ာ္ ရွိေနေၾကာင္း UN Myanmar ထုတ္ျပန္

ယြန္း (NP News) - ဒီဇင္ဘာ ၂

ျပင္းထန္လာသည့္ ပဋိပကၡမ်ားေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးသူဦးေရ (၅)သိန္းေက်ာ္ရွိေနေၾကာင္း UN Myanmar က ထုတ္ျပန္ထားသည္။

UN Myanmar က ယမန္ေန႔(ဒီဇင္ဘာလ ၁ ရက္)တြင္ ထုတ္ျပန္သည့္ အစီရင္ခံလႊာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၂၆)ရက္မွစတင္ၿပီး ပဋိပကၡမ်ားျပင္း ထန္လာခဲ့ရာ ယေန႔အထိ အိုးအိမ္စြန႔္ခြာထြက္ေျပးရသူဦးေရ (၅)သိန္းေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔အတြက္ စားနပ္ရိကၡာ၊ အမိုးအကာ၊ က်န္းမာေရးဝန္ေဆာင္မႈ ႏွင့္ အရပ္သားေဘးကင္းလုံၿခဳံမႈစသည့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာမ်ား လိုအပ္ေနေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

UN Myanmar ၏ ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္း ထုတ္ျပန္ခဲ့သည့္ ထုတ္ျပန္ခ်က္အရ ေအာက္တိုဘာလ(၂၆)ရက္မွ ႏိုဝင္ဘာလ(၂၂) ရက္အထိ ေနရပ္စြန႔္ခြာသူ(၃၃၅၀၀၀)နီးပါးရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါကာလအတြင္း ရွမ္းျပည္နယ္ အပါအဝင္ စစ္ကိုင္း၊ ကယား၊ ရခိုင္၊ ခ်င္း၊ မြန္၊ ကရင္၊ ပဲခူး ႏွင့္ မႏၲေလးတို႔တြင္ ပဋိပကၡျဖစ္ပြားမႈ အရွိန္ျမင့္တက္လာခဲ့ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

၂ဝ၂၃ ခုႏွစ္ ႏိုဝင္ဘာလ(၉)ရက္အထိ ကုလသမဂၢ၏ ေနာက္ဆုံးကိန္းဂဏန္းမ်ားအရ ျမန္မာႏိုင္ငံတစ္ဝန္း ျပည္တြင္းေနရပ္စြန႔္ခြာ သူဦးေရ(၂)သန္းေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.