ထင်းမီးဖိုဖြင့် ထမင်းဟင်းချက်ရာမှ မီးကူးစက်လောင်ကျွမ်းကာ နေအိမ်အလုံး (၄ဝ)ကျော်ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၆၀)ခန့်မီးဘေးသင့်ခဲ့

 1328

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ထင်းမီးဖိုဖြင့်ထမင်းဟင်းချက်ပြုတ်စဥ် မီးကူးစက်လောင်ကျွမ်းခဲ့မှု ယနေ့ (ဒီဇင်ဘာလ ၂ ရက်)၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ငွေသောင်ဖြူ(၁)ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မီးလောင်တဲ့နေရာက ငွေသောင်ဖြူ(၁)ရပ်ကွက် သဲပုံစေတီနားမှာရှိတဲ့ အိမ်တစ်လုံးမှာ ထင်းမီးနဲ့ထမင်းဟင်းချက်နေရင်း ဘေးက ဝါးထရံကို မီးကူးပြီးလောင်တာပါ။ အခင်းဖြစ်နေရာက သဲသောင်ပြင်နားမှာရှိတာ နောက်ပြီး မီးလောင်သွားတဲ့အိမ်တွေက ဝါးထရံ ကာထားကြတာများတော့ ပိုပြီးမီးလောင်လွယ်သွားတာပါ"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုအား ရေးမြို့နယ်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

"မီးလောင်ချိန် ၂ နာရီကျော်လောက်ကြာတယ်။ အိမ်ခြေအလုံး ၄၀ ကျော်လောက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်"ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် နေအိမ်အလုံး ၄၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ပြီး ယင်းနေအိမ်များ၌နေထိုင်သည့် အမျိုးသား၊ အမျိုးသမီး ၁၆၀ ဦးခန့် မီးဘေးသင့်ခဲ့သဖြင့် ကျေးရွာရှိ ရတနာအောင်မြေဘုန်းတော်ကြီးကျောင်းတိုက်တွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ကူညီစောင့်ရှောက်ပေးထားကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်၊ ညနေ ၄ နာရီခန့်ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ၃ ထပ်နေအိမ်တစ်လုံး၏ အောက်ထပ်ရှိ အိပ်ခန်းအတွင်း၌ ဖယောင်းတိုင်မီးထွန်းထားရာမှ အနီးရှိမွေ့ယာပေါ်သို့လဲကျပြီး နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့သည်။

ယင်းဖြစ်စဥ်၌ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံးကာ လူဦးရေ ၅၀ ခန့် မီးဘေးသင့်ခဲ့သဖြင့် တာဝန်ရှိသူများက ၎င်းတို့အား ယာယီနေရာချထားပေးပြီး ကူညီပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ထင္းမီးဖိုျဖင့္ ထမင္းဟင္းခ်က္ရာမွ မီးကူးစက္ေလာင္ကြၽမ္းကာ ေနအိမ္အလုံး (၄ဝ)ေက်ာ္ခန္႔ပ်က္စီးဆုံးရႈံးခဲ့ၿပီး လူဦးေရ (၁၆၀)ခန္႔မီးေဘးသင့္ခဲ့

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္တြင္ ထင္းမီးဖိုျဖင့္ထမင္းဟင္းခ်က္ျပဳတ္စဥ္ မီးကူးစက္ေလာင္ကြၽမ္းခဲ့မႈ ယေန႔ (ဒီဇင္ဘာလ ၂ ရက္)၊ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။

ယေန႔၊ နံနက္ ၁၁ နာရီ ၁၅ မိနစ္ခန္႔က ေရးၿမိဳ႕နယ္၊ ဇီးျဖဴေသာင္ေက်း႐ြာ၊ ေငြေသာင္ျဖဴ(၁)ရပ္ကြက္ရွိ ေနအိမ္တစ္လုံးမွစတင္ ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"မီးေလာင္တဲ့ေနရာက ေငြေသာင္ျဖဴ(၁)ရပ္ကြက္ သဲပုံေစတီနားမွာရွိတဲ့ အိမ္တစ္လုံးမွာ ထင္းမီးနဲ႔ထမင္းဟင္းခ်က္ေနရင္း ေဘးက ဝါးထရံကို မီးကူးၿပီးေလာင္တာပါ။ အခင္းျဖစ္ေနရာက သဲေသာင္ျပင္နားမွာရွိတာ ေနာက္ၿပီး မီးေလာင္သြားတဲ့အိမ္ေတြက ဝါးထရံ ကာထားၾကတာမ်ားေတာ့ ပိုၿပီးမီးေလာင္လြယ္သြားတာပါ"ဟု ေဒသခံလူမႈကူညီေရးအသင္းဝင္တစ္ဦးက ေျပာသည္။

မီးေလာင္မႈအား ေရးၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွတပ္ဖြဲ႕ဝင္မ်ား၊ ေဒသခံလူမႈကူညီေရးအသင္းဝင္မ်ားက ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ၾကသျဖင့္ ေန႔လည္ ၁ နာရီခြဲ၌ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

"မီးေလာင္ခ်ိန္ ၂ နာရီေက်ာ္ေလာက္ၾကာတယ္။ အိမ္ေျခအလုံး ၄၀ ေက်ာ္ေလာက္ပ်က္စီးဆုံးရႈံးခဲ့ပါတယ္"ဟု ေဒသခံလူမႈကူညီေရး အသင္းဝင္တစ္ဦးကေျပာသည္။

မီးေလာင္မႈေၾကာင့္ ေနအိမ္အလုံး ၄၀ ေက်ာ္ပ်က္စီးဆုံးရႈံးခဲ့ၿပီး ယင္းေနအိမ္မ်ား၌ေနထိုင္သည့္ အမ်ိဳးသား၊ အမ်ိဳးသမီး ၁၆၀ ဦးခန္႔ မီးေဘးသင့္ခဲ့သျဖင့္ ေက်း႐ြာရွိ ရတနာေအာင္ေျမဘုန္းေတာ္ႀကီးေက်ာင္းတိုက္တြင္ ယာယီကယ္ဆယ္ေရးစခန္းဖြင့္လွစ္ကာ ကူညီေစာင့္ေရွာက္ေပးထားေၾကာင္း သိရသည္။

ယမန္ေန႔ ဒီဇင္ဘာလ ၁ ရက္၊ ညေန ၄ နာရီခန္႔ကလည္း မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ သံလ်က္ေမွာ္ အေနာက္ရပ္ကြက္၊ ကမ္းနားလမ္းရွိ ၃ ထပ္ေနအိမ္တစ္လုံး၏ ေအာက္ထပ္ရွိ အိပ္ခန္းအတြင္း၌ ဖေယာင္းတိုင္မီးထြန္းထားရာမွ အနီးရွိေမြ႕ယာေပၚသို႔လဲက်ၿပီး ေနအိမ္အား မီးကူးစက္ေလာင္ကြၽမ္းခဲ့သည္။

ယင္းျဖစ္စဥ္၌ ေနအိမ္ ၅ လုံးပ်က္စီးဆုံးရႈံးကာ လူဦးေရ ၅၀ ခန႔္ မီးေဘးသင့္ခဲ့သျဖင့္ တာဝန္ရွိသူမ်ားက ၎တို႔အား ယာယီေနရာခ်ထားေပးၿပီး ကူညီေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.