ပြည်တွင်းရှိ အမျိုးသမီးများ၏ (၇ဝ)ရာခိုင်နှုန်းခန့်သည် ညအချိန်တစ်ဦးတည်းအပြင်ထွက်ရာတွင် လုံခြုံမှုမရှိခြင်းကို ခံစားနေရဟု MIMU ဆို

 2425

ယွန်း (NP News) - ဒီဇင်ဘာ ၂

မြန်မာနိုင်ငံရှိ အမျိုးသမီးအားလုံး၏ (၇ဝ)ရာခိုင်နှုန်းခန့်သည် နေထိုင်ရာမြို့နယ်များတွင် ညအချိန်တစ်ဦးတည်း လမ်းလျှောက်ရာ၌ ဘေးကင်းလုံခြုံမှုမရှိခြင်းကို ခံစားနေရကြောင်း MIMU ၏ ဖော်ပြချက်များအရ သိရသည်။

Myanmar Information Management Unit (MIMU) က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် ၎င်းတို့၏ဖော်ပြချက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများရှိနေခဲ့ပြီး ရပ်ရွာအတွင်းဘေးကင်းလုံခြုံမှုမရှိဘဲ နေအိမ်အပြင်သို့ အမျိုးသမီးများ သွားလာလှုပ်ရှားမှုများအပေါ်တွင် အကျိုးသက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အမျိုးသမီးအားလုံး၏ (၃၅)ရာခိုင်နှုန်းသည် ညအချိန်အိမ်၌ တစ်ဦးတည်း  နေထိုင်ရခြင်းကို ဘေးကင်းလုံခြုံမှုမရှိဟု ခံစားနေရကြောင်း MIMU အဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ကာလမှစ၍ အမျိုးသမီး(၅)ဦးတွင် (၁)ဦးသည် အကြမ်းဖက်မှုများဖြင့် ရင်ဆိုင်တွေ့ကြုံနေရကြောင်း အဆိုပါအဖွဲ့က ဆိုထားသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အသက်(၁၅)နှစ် နှင့် (၁၉)နှစ်အရွယ်ကြားရှိ အမျိုးသမီးများ၏ (၈)ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့နေရကြောင်း MIMU အဖွဲ့က ဖော်ပြထားသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း အိုးအိမ်မဲ့နေထိုင်ရမှုများ မြင့်တက်လာခဲ့ပြီး ယခုအခါ ပြည်တွင်းနေရပ်စွန့်ခွာသူ (၂)သန်းကျော်ရှိရာ ၎င်းတို့အနက် (၅၃)ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် မိန်းကလေးများ ဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္တြင္းရွိ အမ်ိဳးသမီးမ်ား၏ (၇ဝ)ရာခိုင္ႏႈန္းခန႔္သည္ ညအခ်ိန္တစ္ဦးတည္းအျပင္ထြက္ရာတြင္ လုံၿခဳံမႈမရွိျခင္းကို ခံစားေနရဟု MIMU ဆို

ယြန္း (NP News) - ဒီဇင္ဘာ ၂

ျမန္မာႏိုင္ငံရွိ အမ်ိဳးသမီးအားလုံး၏ (၇ဝ)ရာခိုင္ႏႈန္းခန႔္သည္ ေနထိုင္ရာၿမိဳ႕နယ္မ်ားတြင္ ညအခ်ိန္တစ္ဦးတည္း လမ္းေလွ်ာက္ရာ၌ ေဘးကင္းလုံၿခဳံမႈမရွိျခင္းကို ခံစားေနရေၾကာင္း MIMU ၏ ေဖာ္ျပခ်က္မ်ားအရ သိရသည္။

Myanmar Information Management Unit (MIMU) က ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္း ထုတ္ျပန္ခဲ့သည့္ ၎တို႔၏ေဖာ္ျပခ်က္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ အမ်ိဳးသမီးမ်ားအေပၚ သက္ေရာက္မႈမ်ားရွိေနခဲ့ၿပီး ရပ္႐ြာအတြင္းေဘးကင္းလုံၿခဳံမႈမရွိဘဲ ေနအိမ္အျပင္သို႔ အမ်ိဳးသမီးမ်ား သြားလာလႈပ္ရွားမႈမ်ားအေပၚတြင္ အက်ိဳးသက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံရွိ အမ်ိဳးသမီးအားလုံး၏ (၃၅)ရာခိုင္ႏႈန္းသည္ ညအခ်ိန္အိမ္၌ တစ္ဦးတည္း  ေနထိုင္ရျခင္းကို ေဘးကင္းလုံၿခဳံမႈမရွိဟု ခံစားေနရေၾကာင္း MIMU အဖြဲ႕က ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါစတင္ျဖစ္ပြားၿပီးေနာက္ပိုင္း ကာလမွစ၍ အမ်ိဳးသမီး(၅)ဦးတြင္ (၁)ဦးသည္ အၾကမ္းဖက္မႈမ်ားျဖင့္ ရင္ဆိုင္ေတြ႕ႀကဳံေနရေၾကာင္း အဆိုပါအဖြဲ႕က ဆိုထားသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံရွိ အသက္(၁၅)ႏွစ္ ႏွင့္ (၁၉)ႏွစ္အ႐ြယ္ၾကားရွိ အမ်ိဳးသမီးမ်ား၏ (၈)ရာခိုင္ႏႈန္းသည္ စိတ္ပိုင္းဆိုင္ရာႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားကို ႀကဳံေတြ႕ေနရေၾကာင္း MIMU အဖြဲ႕က ေဖာ္ျပထားသည္။

လြန္ခဲ့သည့္ သုံးႏွစ္အတြင္း အိုးအိမ္မဲ့ေနထိုင္ရမႈမ်ား ျမင့္တက္လာခဲ့ၿပီး ယခုအခါ ျပည္တြင္းေနရပ္စြန႔္ခြာသူ (၂)သန္းေက်ာ္ရွိရာ ၎တို႔အနက္ (၅၃)ရာခိုင္ႏႈန္းသည္ အမ်ိဳးသမီးမ်ားႏွင့္ မိန္းကေလးမ်ား ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.