သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာရန်ကုန်လက်ဖက်ရည်ဆိုင်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အလောင်းတစ်လောင်းတွေ့ရှိ

 15817

စော (NP News) - ဒီဇင်ဘာ ၃

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာရန်ကုန်လက်ဖက်ရည်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး‌နောက် လူသေ အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်သည် ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်)၊ ည (၉)နာရီ ဝန်းကျင်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်းရှိ မဟာရန်ကုန်လက်ဖက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။

ထို့သို့ မီး‌လောင်မှုဖြစ်ပွားခဲ့ပြီး‌နောက်ယနေ့ (ဒီဇင်ဘာ ၃ ရက်၊ နံနက်ပိုင်းတွင် ၎င်းလက်ဖက်ဆိုင်၌ ပစ္စည်းရှင်းလင်းနေချိန်အချိန်တွင် လူသေ အလောင်းတစ်လောင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဝါယာရှော့ဖြစ်တယ်လို့ ကြားတယ်။ လက်ဖက်ရည်ဆိုင်ဖြစ်တဲ့အတွက်ကို gas အိုးတွေ၊ ဘွိုင်လာအိုးတွေရှိတဲ့ အတွက်ကို ထပွင့်တယ်လို့ သိရတယ်။ လူထိခိုက်ဒဏ်ရာရတယ်လို့တော့ မရှိဘူး။ ဒါပေမယ့် အခုမနက်ပိုင်း ပစ္စည်းတွေရှင်းရင်းနဲ့ အလောင်းတစ်လောင်းတော့ တွေ့တယ်။ သက်ဆိုင်ရာတော့ ရောက်နေပြီ။ body ကို သယ်ဖို့ လုပ်နေတယ်" ဟု medical လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် အလောင်းအား သက်ဆိုင်ရာမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား သက်ဆိုင်ရာ မီးသတ်စခန်းများနှင့် လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည (၉)နာရီ (၇)မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အခြားလူနေအိမ်များသို့ မီးကူးစက်‌လောင်ကျွမ်းမှုမရှိသော်လည်း လက်ဖက်ရည်ဆိုင်၏ နောက်ဘက်ခြမ်းတစ်ခုလုံး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ မဟာရန္ကုန္လက္ဖက္ရည္ဆိုင္၌ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အေလာင္းတစ္ေလာင္းေတြ႕ရွိ
ေစာ (NP News) - ဒီဇင္ဘာ ၃

ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ မဟာရန္ကုန္လက္ဖက္ရည္ဆိုင္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး‌ေနာက္ လူေသ အေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္စဥ္သည္ ယမန္ေန႔ (ဒီဇင္ဘာ ၂ ရက္)၊ ည (၉)နာရီ ဝန္းက်င္အခ်ိန္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆ/က ရပ္ကြက္၊ က်ိဳကၠဆံဘုရားလမ္းရွိ မဟာရန္ကုန္လက္ဖက္ရည္ဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း medical လူငယ္မ်ားလူမႈကူညီေရးအသင္းထံမွ သိရသည္။

ထို႔သို႔ မီး‌ေလာင္မႈျဖစ္ပြားခဲ့ၿပီး‌ေနာက္ယေန႔ (ဒီဇင္ဘာ ၃ ရက္၊ နံနက္ပိုင္းတြင္ ၎လက္ဖက္ဆိုင္၌ ပစၥည္းရွင္းလင္းေနခ်ိန္အခ်ိန္တြင္ လူေသ အေလာင္းတစ္ေလာင္း ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဝါယာေရွာ့ျဖစ္တယ္လို႔ ၾကားတယ္။ လက္ဖက္ရည္ဆိုင္ျဖစ္တဲ့အတြက္ကို gas အိုးေတြ၊ ဘြိဳင္လာအိုးေတြရွိတဲ့ အတြက္ကို ထပြင့္တယ္လို႔ သိရတယ္။ လူထိခိုက္ဒဏ္ရာရတယ္လို႔ေတာ့ မရွိဘူး။ ဒါေပမယ့္ အခုမနက္ပိုင္း ပစၥည္းေတြရွင္းရင္းနဲ႔ အေလာင္းတစ္ေလာင္းေတာ့ ေတြ႕တယ္။ သက္ဆိုင္ရာေတာ့ ေရာက္ေနၿပီ။ body ကို သယ္ဖို႔ လုပ္ေနတယ္" ဟု medical လူငယ္မ်ားလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ အေလာင္းအား သက္ဆိုင္ရာမွ တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါမီးေလာင္မႈအား သက္ဆိုင္ရာ မီးသတ္စခန္းမ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ားမွ ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ရာ ည (၉)နာရီ (၇)မိနစ္အခ်ိန္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ အျခားလူေနအိမ္မ်ားသို႔ မီးကူးစက္‌ေလာင္ကြၽမ္းမႈမရွိေသာ္လည္း လက္ဖက္ရည္ဆိုင္၏ ေနာက္ဘက္ျခမ္းတစ္ခုလုံး မီးေလာင္ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

Picture

Aung Aung Kaung Myat

05/12/2023 18:05

မီးလောင်မှုကြောင့်သေတာလား သူ့ဟာသူသေနေတာလား နားမလည်ဘူး

Related news

© 2021. All rights reserved.