မုန်းမြို့အနီးရှိ လုံခြုံရေးစခန်းများကို KNU၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်နေ

 3197

Pearl (NP News) - ဒီဇင်ဘာ ၃

မုန်းမြို့အနီးရှိ လုံခြုံရေးစခန်းများကို KNU၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်)၊ ည (၁ဝ)နာရီ ဝန်းကျင်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အနီးရှိ လုံခြုံရေးစခန်းများကို KNU၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်။

မုန်းမြို့အနီးရှိ ခမရ (၅၉ဝ)၊ ခမရ (၅၉၉)၊ မုန်းမြို့ရဲစခန်းနှင့် မုန်းတံတားအနီးရှိ လုံခြုံရေးစခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်လည်း တပ်မတော်နှင့် KNU၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်လျက်ရှိ သည်။

" ရဲစခန်း၊ ၅၉ဝ၊ ၅၉၉၊ တံတားနားကို မနေ့ညက တပြိုင်တည်း ဝင်တိုက်တာ။ ။ ၅၉ဝ ကို ဖိတိုက်တာ။ ၅၉၉ ကိုက အဲဒီလောက်မဟုတ်ဘူး။ ၅၉၉ကို သိမ်းနိုင်ပြီဆိုပြီးတင်နေတာတွေတွေ့တယ်။ ၅၉၉ ကို သူတို့ မတိုက်နိုင်ဘူး။ လက်ရှိ တစ်ခုမှ မသိမ်းနိုင်သေးဘူး" ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် အဆိုပါလုံခြုံရေးစခန်းများကို KNU၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် သိမ်းပိုက်ထားနိုင်သည့်အခြေအနေ မရှိသေးသော်လည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

တပ်မတော်အနေဖြင့်လည်း ခြေလျင်တပ်များနှင့်အတူ လေကြောင်းပစ်ကူများကို အသုံးပြုကာ တန်ပြန်တိုက်ခိုက် နေလျက်ရှိကြောင်း လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကိုလည်း ဒီဇင်ဘာလ ၁ ရက်မှစတင် ကာ KNU၊ PDF ပူးပေါင်းအဖွဲ့သည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်လျက် ရှိသည်။

Zawgyi Version;
မုန္းၿမိဳ႕အနီးရွိ လုံၿခဳံေရးစခန္းမ်ားကို KNU၊ PDF ပူးေပါင္းအဖြဲ႕က လာေရာက္တိုက္ခိုက္လ်က္ရွိၿပီး ႏွစ္ဖက္ၾကား တိုက္ပြဲျပင္းထန္ေန
Pearl (NP News) - ဒီဇင္ဘာ ၃

မုန္းၿမိဳ႕အနီးရွိ လုံၿခဳံေရးစခန္းမ်ားကို KNU၊ PDF ပူးေပါင္းအဖြဲ႕က လာေရာက္တိုက္ခိုက္လ်က္ရွိၿပီး ႏွစ္ဖက္ၾကား တိုက္ပြဲျပင္းထန္ေနေၾကာင္း ေဒသခံမ်ားထံမွ သတင္းရရွိသည္။

ယမန္ေန႔ (ဒီဇင္ဘာ ၂ ရက္)၊ ည (၁ဝ)နာရီ ဝန္းက်င္ခန႔္တြင္ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ မုန္းၿမိဳ႕အနီးရွိ လုံၿခဳံေရးစခန္းမ်ားကို KNU၊ PDF ပူးေပါင္းအဖြဲ႕က လာေရာက္တိုက္ခိုက္ခဲ့သည္။

မုန္းၿမိဳ႕အနီးရွိ ခမရ (၅၉ဝ)၊ ခမရ (၅၉၉)၊ မုန္းၿမိဳ႕ရဲစခန္းႏွင့္ မုန္းတံတားအနီးရွိ လုံၿခဳံေရးစခန္းမ်ားကို ဝင္ေရာက္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ယေန႔တြင္လည္း တပ္မေတာ္ႏွင့္ KNU၊ PDF ပူးေပါင္းအဖြဲ႕ၾကား တိုက္ပြဲျပင္းထန္လ်က္ရွိ သည္။

" ရဲစခန္း၊ ၅၉ဝ၊ ၅၉၉၊ တံတားနားကို မေန႔ညက တၿပိဳင္တည္း ဝင္တိုက္တာ။ ။ ၅၉ဝ ကို ဖိတိုက္တာ။ ၅၉၉ ကိုက အဲဒီေလာက္မဟုတ္ဘူး။ ၅၉၉ကို သိမ္းႏိုင္ၿပီဆိုၿပီးတင္ေနတာေတြေတြ႕တယ္။ ၅၉၉ ကို သူတို႔ မတိုက္ႏိုင္ဘူး။ လက္ရွိ တစ္ခုမွ မသိမ္းႏိုင္ေသးဘူး" ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ အဆိုပါလုံၿခဳံေရးစခန္းမ်ားကို KNU၊ PDF ပူးေပါင္းအဖြဲ႕အေနျဖင့္ သိမ္းပိုက္ထားႏိုင္သည့္အေျခအေန မရွိေသးေသာ္လည္း အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ေနေၾကာင္း သိရသည္။

တပ္မေတာ္အေနျဖင့္လည္း ေျခလ်င္တပ္မ်ားႏွင့္အတူ ေလေၾကာင္းပစ္ကူမ်ားကို အသုံးျပဳကာ တန္ျပန္တိုက္ခိုက္ ေနလ်က္ရွိေၾကာင္း လုံၿခဳံေရးႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

အလားတူ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ႏွင့္တစ္ဝိုက္ရွိ လုံၿခဳံေရးစခန္းမ်ားကိုလည္း ဒီဇင္ဘာလ ၁ ရက္မွစတင္ ကာ KNU၊ PDF ပူးေပါင္းအဖြဲ႕သည္ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲမ်ားျပင္းထန္လ်က္ ရွိသည္။

Related news

© 2021. All rights reserved.