ပွဲတက်အပြင်အဆင်နဲ့ ဝတ်စုံကြောင့် ဘီယွန်းစေး ဝေဖန်ခံနေရ

1475

ရောင်နီ(NP News) - ဒီဇင်ဘာ ၃
ကမ္ဘာကျော် ပေါ့စ်အဆိုတော် ဘီယွန်းစေးဟာ အမေရိကန်နိုင်ငံ၊ လော့စ်အိမ်ဂျလိစ်မှာ ပြုလုပ်တဲ့ သူမရဲ့ flim show ပွဲကို ပလက်တီနမ်တွေနဲ့ တလက်လက်တောက်ပနေတဲ့ "Renaissance' အသွင်အပြင်နဲ့ ပွဲတက်လာခဲ့ပါတယ်။
ဘီယွန်းစေးရဲ့အဲဒီအသွင်အပြင်ဟာ ဆိုရှယ်မီဒီယာ ပရိသတ်တွေကြား ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး၊ မကောင်းမြင်တဲ့ ဝေဖန်မှုတွေလည်း ရရှိခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ လူမည်းအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမရဲ့အသွင်အပြင်ဟာ လူမည်းအမျိုးသမီးဆိုတဲ့ပုံစံကို ပျောက်ကွယ်စေတယ်ဆိုပြီး ဝေဖန်ခဲ့ကြတာပါ။ သူမဟာ ငွေရောင်ဂါဝန်၊ ပလက်တီနမ် အဆင်တန်ဆာများနဲ့၊ ငွေရောင်ဆံသားတို့ကြောင့် သူမရဲ့အသားအရေဟာ ဖြူဖျော့ဖျော့ဖြစ်လာပြီး ဒါဟာ လူမည်းအမျိုးသမီးတွေရဲ့အသွင်ပုံစံကို ပျောက်စေတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
လူကြိုက်များတဲ့ အတင်းအဖျင်းဝက်ဆိုဒ် The Shade Room မှ သူမရဲ့ဖက်ရှင်ကိုဖော်ပြထားတဲ့ပို့စ်တစ်ခုမှာ လူမျိုးရေးခွဲခြားမှုဆိုတဲ့မှတ်ချက်တွေလည်း တွေ့ခဲ့ရပါတယ်။ ဒါဟာ လူမည်းအမေရိကတွေကြား မဖြေရှင်းနိုင်သေးတဲ့ပြဿနာတွေ ရှိနေဆဲပဲဆိုတာ ပြသနေတယ်လို့ "Color Stories" ၂၁ ရာစု လူမည်း အမျိုးသမီး များနဲ့အသားရောင်ဝါဒ စာအုပ်ကို ရေးသားခဲ့သူ စာရေးဆရာ ဂျက်ဖ်ရီအန်နီဝိုင်လ်ဒါ က ပြောကြားခဲ့ပါတယ်။
ပေါ့စ်ဘုရင်မအဖြစ် သတ်မှတ်ခံထားရတဲ့ ဘီယွန်းစေးဟာ အဆိုတော်၊ သီချင်းရေးသူ၊ Business Woman အဖြစ် နာမည်ကျော်ပြီး ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ပိုင်ဆိုင်ထားတဲ့ အမေရိကန်လူမျိုး လူမည်း အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

Zawgyi Version;
ပြဲတက္အျပင္အဆင္နဲ႔ ဝတ္စုံေၾကာင့္ ဘီယြန္းေစး ေဝဖန္ခံေနရ
ေရာင္နီ(NP News) - ဒီဇင္ဘာ ၃
ကမာၻေက်ာ္ ေပါ့စ္အဆိုေတာ္ ဘီယြန္းေစးဟာ အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိမ္ဂ်လိစ္မွာ ျပဳလုပ္တဲ့ သူမရဲ႕ flim show ပြဲကို ပလက္တီနမ္ေတြနဲ႔ တလက္လက္ေတာက္ပေနတဲ့ "Renaissance' အသြင္အျပင္နဲ႔ ပြဲတက္လာခဲ့ပါတယ္။
ဘီယြန္းေစးရဲ႕အဲဒီအသြင္အျပင္ဟာ ဆိုရွယ္မီဒီယာ ပရိသတ္ေတြၾကား ဟိုးေလးတေက်ာ္ျဖစ္ခဲ့ၿပီး၊ မေကာင္းျမင္တဲ့ ေဝဖန္မႈေတြလည္း ရရွိခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူမဟာ လူမည္းအမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး သူမရဲ႕အသြင္အျပင္ဟာ လူမည္းအမ်ိဳးသမီးဆိုတဲ့ပုံစံကို ေပ်ာက္ကြယ္ေစတယ္ဆိုၿပီး ေဝဖန္ခဲ့ၾကတာပါ။ သူမဟာ ေငြေရာင္ဂါဝန္၊ ပလက္တီနမ္ အဆင္တန္ဆာမ်ားနဲ႔၊ ေငြေရာင္ဆံသားတို႔ေၾကာင့္ သူမရဲ႕အသားအေရဟာ ျဖဴေဖ်ာ့ေဖ်ာ့ျဖစ္လာၿပီး ဒါဟာ လူမည္းအမ်ိဳးသမီးေတြရဲ႕အသြင္ပုံစံကို ေပ်ာက္ေစတယ္လို႔ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။
လူႀကိဳက္မ်ားတဲ့ အတင္းအဖ်င္းဝက္ဆိုဒ္ The Shade Room မွ သူမရဲ႕ဖက္ရွင္ကိုေဖာ္ျပထားတဲ့ပို႔စ္တစ္ခုမွာ လူမ်ိဳးေရးခြဲျခားမႈဆိုတဲ့မွတ္ခ်က္ေတြလည္း ေတြ႕ခဲ့ရပါတယ္။ ဒါဟာ လူမည္းအေမရိကေတြၾကား မေျဖရွင္းႏိုင္ေသးတဲ့ျပႆနာေတြ ရွိေနဆဲပဲဆိုတာ ျပသေနတယ္လို႔ "Color Stories" ၂၁ ရာစု လူမည္း အမ်ိဳးသမီး မ်ားနဲ႔အသားေရာင္ဝါဒ စာအုပ္ကို ေရးသားခဲ့သူ စာေရးဆရာ ဂ်က္ဖ္ရီအန္နီဝိုင္လ္ဒါ က ေျပာၾကားခဲ့ပါတယ္။
ေပါ့စ္ဘုရင္မအျဖစ္ သတ္မွတ္ခံထားရတဲ့ ဘီယြန္းေစးဟာ အဆိုေတာ္၊ သီခ်င္းေရးသူ၊ Business Woman အျဖစ္ နာမည္ေက်ာ္ၿပီး ပိုင္ဆိုင္မႈတန္ဖိုး အေမရိကန္ေဒၚလာ သန္း ၅ဝဝ ပိုင္ဆိုင္ထားတဲ့ အေမရိကန္လူမ်ိဳး လူမည္း အမ်ိဳးသမီးတစ္ဦးျဖစ္ပါတယ္။