ဟစ်ဘိုလာအုပ်စုကြောင့် လက်ဘနွန်နိုင်ငံ ထိခိုက်ပျက်စီးရဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ထပ်မံသတိပေး

 1344

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃

ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေ လက်ရှိထက် ပိုမိုအရှိန်မြင့်တက်လာမယ်ဆိုရင်တော့ လက် ဘနွန်နိုင်ငံ တိုက်ခိုက်ဖျက်ဆီးခံရမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော် သတိပေးလိုက်ပါတယ်။

အီရန်နိုင်ငံရဲ့အထောက်ပံ့တွေ ရရှိထားတဲ့ ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အစ္စရေးနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်နေခဲ့ကြောင်း သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ်က "ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်နေတဲ့ ဟစ်ဘိုလာအုပ်စုရဲ့ကြိုးပမ်းမှုအားလုံး ကို တားဆီးဟန့်တားနိုင်ဖို့ နိုင်ငံမြောက်ပိုင်းမှာ လိုအပ်တာတွေ လုပ်ဆောင်နေရတယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသမှာ အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့သူတွေကို သုတ်သင်ဖျက်ဆီးတယ်။ အဲဒီ အကြမ်းဖက်အုပ်စုတွေကို နယ်စပ်ဒေသအနားကို မရောက်လာနိုင်အောင် လုပ်ဆောင်ကြတယ်။ ဟစ်ဘိုလာ အပါအဝင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေရဲ့စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးပစ်တယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်း အခိုင်အမာကာကွယ်တာဆီးမှုတွေ လုပ်ဆောင်သလို တောင်ပိုင်းမှာလည်း နိုင်ပွဲအပြည့်အဝရယူ ဖို့ ကြိုးပမ်းနေတယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ လုံခြုံရေးအပြည့်အဝ ရယူထားတယ်။ ဟစ်ဘိုလာအုပ်စုဟာ အမှားယွင်းတွေလုပ်ဆောင်မယ်ဆိုရင်တော့ ကြီးမားကျယ်ပြန့်တဲ့စစ်ပွဲဖြစ်လာနိုင်ပြီး လက်ဘနွန်နိုင်ငံ ဖျက်ဆီးခံရဖွယ်ရှိနေပါတယ်" လို့ သတိပေးထားပါတယ်။

အစ္စရေးဟာ ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုတွေရဲ့လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အမြှောက်တွေနဲ့ပြန်လည် ပစ်ခတ်ခြင်း၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်နေကြောင်း သိရပါတယ်။

Zawgyi Version;
ဟစ္ဘိုလာအုပ္စုေၾကာင့္ လက္ဘႏြန္ႏိုင္ငံ ထိခိုက္ပ်က္စီးရဖြယ္ရွိေနေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ထပ္မံသတိေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃

ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြ လက္ရွိထက္ ပိုမိုအရွိန္ျမင့္တက္လာမယ္ဆိုရင္ေတာ့ လက္ ဘႏြန္ႏိုင္ငံ တိုက္ခိုက္ဖ်က္ဆီးခံရမႈေတြနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ သတိေပးလိုက္ပါတယ္။

အီရန္ႏိုင္ငံရဲ႕အေထာက္ပံ့ေတြ ရရွိထားတဲ့ ဟစ္ဘိုလာအုပ္စုေတြဟာ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက အစၥေရးႏိုင္ငံကို ပစ္မွတ္ထားတိုက္ခိုက္ေနခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က "ကြၽန္ေတာ္တို႔ဟာ အစၥေရးႏိုင္ငံကို တိုက္ခိုက္ေနတဲ့ ဟစ္ဘိုလာအုပ္စုရဲ႕ႀကိဳးပမ္းမႈအားလုံး ကို တားဆီးဟန႔္တားႏိုင္ဖို႔ ႏိုင္ငံေျမာက္ပိုင္းမွာ လိုအပ္တာေတြ လုပ္ေဆာင္ေနရတယ္။ ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံေျမာက္ပိုင္း နယ္စပ္ေဒသမွာ အၾကမ္းဖက္မႈနဲ႔ဆက္ႏြယ္တဲ့သူေတြကို သုတ္သင္ဖ်က္ဆီးတယ္။ အဲဒီ အၾကမ္းဖက္အုပ္စုေတြကို နယ္စပ္ေဒသအနားကို မေရာက္လာႏိုင္ေအာင္ လုပ္ေဆာင္ၾကတယ္။ ဟစ္ဘိုလာ အပါအဝင္ လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕ေတြရဲ႕စစ္လက္နက္ပစၥည္းေတြကို ဖ်က္ဆီးပစ္တယ္။ ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံေျမာက္ပိုင္း အခိုင္အမာကာကြယ္တာဆီးမႈေတြ လုပ္ေဆာင္သလို ေတာင္ပိုင္းမွာလည္း ႏိုင္ပြဲအျပည့္အဝရယူ ဖို႔ ႀကိဳးပမ္းေနတယ္။ ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းမွာ လုံၿခဳံေရးအျပည့္အဝ ရယူထားတယ္။ ဟစ္ဘိုလာအုပ္စုဟာ အမွားယြင္းေတြလုပ္ေဆာင္မယ္ဆိုရင္ေတာ့ ႀကီးမားက်ယ္ျပန႔္တဲ့စစ္ပြဲျဖစ္လာႏိုင္ၿပီး လက္ဘႏြန္ႏိုင္ငံ ဖ်က္ဆီးခံရဖြယ္ရွိေနပါတယ္" လို႔ သတိေပးထားပါတယ္။

အစၥေရးဟာ ဟစ္ဘိုလာလက္နက္ကိုင္အုပ္စုေတြရဲ႕လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ၿပီး အေျမႇာက္ေတြနဲ႔ျပန္လည္ ပစ္ခတ္ျခင္း၊ ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္ျခင္းေတြကို လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.