ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ လုံခြုံရေးစခန်းတစ်ခုကို PDF အဖွဲ့က Drop ဗုံးဖြင့် လာရောက်ပစ်ခတ်မှုဖြစ်

5313

မြူနစ် (NP News) - ဒီဇင်ဘာ ၃
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ လုံခြုံရေးစခန်းတစ်ခုကို PDF အဖွဲ့က Drop ဗုံးဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၂ ရက်) ည ၇ နာရီအချိန်ခန့်တွင် ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ မြသိန်းတန်ဘုန်းကြီးကျောင်းအနီးရှိ လုံခြုံရေးစခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။
“ဖြစ်စဉ်ရှိခဲ့တာတော့ ဟုတ်တယ်။ ရဲစခန်းလေးပါ။ အဲဒီအနားမှာက တပ်ကလည်းရှိတယ်။ ဒရုန်းနဲ့ရော၊ လက်ပစ်ဗုံးနဲ့ရော လာပစ်တာပါ။ ဘေးက ဘုန်းကြီးကျောင်းရဲ့မှန်တွေတော့ ကွဲသွားတယ်။ တခြားဘာမှ ထိခိုက်တာမရှိဘူး” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထိုသို့လုံခြုံရေးစခန်းအား လာရောက်ပစ်ခတ်သော PDF အဖွဲ့ကို လုံခြုံရေးအဖွဲ့ကလည်း တန်ပြန်ပစ်ခတ် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပြန်ပြီးတော့ လိုက်ပစ်တော့ ထွက်ပြေးတာ တန်းနေတာပဲ။ ရွာထဲကလူတွေလည်း ဝိုင်းပြီးလိုက်တာမျိုးတွေ ရှိတယ်။ အဲဒါတွေကို လက်မခံချင်ကြဘူးထင်တယ်။ ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်လာရင် ရွာမှာက ထိခိုက်မှုတွေ ရှိလာနိုင်တယ်လေ” ဟု လုံ ခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆိုသည်။
ပြီးခဲ့သော နိုဝင်ဘာလကုန်ပိုင်းတွင်လည်း ခရမ်းမြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းအချို့ကို PDF အဖွဲ့က လာရောက်ပစ်ခတ် ထွက်ပြေးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္ရွိ လုံၿခဳံေရးစခန္းတစ္ခုကို PDF အဖြဲ႕က Drop ဗုံးျဖင့္ လာေရာက္ပစ္ခတ္မႈျဖစ္
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၃
ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္ရွိ လုံၿခဳံေရးစခန္းတစ္ခုကို PDF အဖြဲ႕က Drop ဗုံးျဖင့္ လာေရာက္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာ ၂ ရက္) ည ၇ နာရီအခ်ိန္ခန႔္တြင္ ခရမ္းၿမိဳ႕နယ္၊ ဘုရားပ်ိဳေက်း႐ြာ၊ ျမသိန္းတန္ဘုန္းႀကီးေက်ာင္းအနီးရွိ လုံၿခဳံေရးစခန္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။
“ျဖစ္စဥ္ရွိခဲ့တာေတာ့ ဟုတ္တယ္။ ရဲစခန္းေလးပါ။ အဲဒီအနားမွာက တပ္ကလည္းရွိတယ္။ ဒ႐ုန္းနဲ႔ေရာ၊ လက္ပစ္ဗုံးနဲ႔ေရာ လာပစ္တာပါ။ ေဘးက ဘုန္းႀကီးေက်ာင္းရဲ႕မွန္ေတြေတာ့ ကြဲသြားတယ္။ တျခားဘာမွ ထိခိုက္တာမရွိဘူး” ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။
ထိုသို႔လုံၿခဳံေရးစခန္းအား လာေရာက္ပစ္ခတ္ေသာ PDF အဖြဲ႕ကို လုံၿခဳံေရးအဖြဲ႕ကလည္း တန္ျပန္ပစ္ခတ္ ရွင္းလင္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
“ျပန္ၿပီးေတာ့ လိုက္ပစ္ေတာ့ ထြက္ေျပးတာ တန္းေနတာပဲ။ ႐ြာထဲကလူေတြလည္း ဝိုင္းၿပီးလိုက္တာမ်ိဳးေတြ ရွိတယ္။ အဲဒါေတြကို လက္မခံခ်င္ၾကဘူးထင္တယ္။ ဒီလိုမ်ိဳးျဖစ္စဥ္ေတြျဖစ္လာရင္ ႐ြာမွာက ထိခိုက္မႈေတြ ရွိလာႏိုင္တယ္ေလ” ဟု လုံ ၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ဆိုသည္။
ၿပီးခဲ့ေသာ ႏိုဝင္ဘာလကုန္ပိုင္းတြင္လည္း ခရမ္းၿမိဳ႕နယ္အတြင္းရွိ လုံၿခဳံေရးစခန္းအခ်ိဳ႕ကို PDF အဖြဲ႕က လာေရာက္ပစ္ခတ္ ထြက္ေျပးသည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။