ယနေ့တွင်ကျင်းပသည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကို လာရောက်ဖြေဆိုသူ ယခင်နှစ်ထက် များပြား

 2492

Photo-Yan Myo Thein Facebook


ယွန်း (NP News) - ဒီဇင်ဘာ ၃

ယနေ့(ဒီဇင်ဘာ ၃ ရက်) တွင် ကျင်းပခဲ့သည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) စာမေးပွဲတွင် လာရောက်ဖြေဆိုသူဦးရေ များပြားခဲ့ကြောင်း သိရသည်။

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ 2023 JLPT (December) စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးတို့တွင် ယနေ့ကျင်းပခဲ့ရာ ဖြေဆိုသူဦးရေ များပြားခဲ့ကြောင်း နိုင်ငံခြားဘာသာတက္ကသိုလ်(UFL)ကျောင်းရှိ တာဝန်ကျ ဆရာမတစ်ဦးထံမှ သိရသည်။

“ဖြေတဲ့သူတွေကတော့ တော်တော်များတယ်။ ဖြေတာကတော့ တစ်ခန်းမှာ လူအယောက်(၅၀)နဲ့ အယောက် (၂ဝဝဝ)လောက်ရှိတယ်။ အဲဒါက UFL တစ်ခုထဲမှာပဲဖြေတဲ့ သူတွေပေါ့။ ရန်ကင်းတို့၊ လမ်းမတော်တို့ တခြားဖြေတဲ့ နေရာတွေလည်း ရှိသေးတယ်။ ရန်ကုန်တစ်မြို့လုံးဆိုရင်တော့ ဖြေတဲ့သူက တော်တော်များမှာ ကိန်းဂဏန်းတော့ သေချာ အတိအကျတော့မသိဘူးပေါ့။ UFL တစ်ခုထဲတောင် တော်တော်များတယ်” ဟု UFL ကျောင်းတွင် စာမေးပွဲစောင့်ခဲ့သည့် တာဝန်ကျ ဆရာမတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ JLPT စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပလေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လတွင်လည်း ကျင်းပခဲ့ရာ လာရောက်ဖြေဆိုသူ များပြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အရင်နှစ်ကလည်း များပါတယ်။ (၆)လပိုင်းတုန်းကလည်း တစ်ခေါက်ဖြေရတယ်။ ဒီလိုပဲလူများတယ် အခုကတော့ ပိုများတာပေါ့။ တစ်နှစ်ထက်တစ်နှစ် ပိုများလာတာကိုတော့ တွေ့ရတယ်။ ဂျပန်သွားဖို့ အခွင့်အရေးဆိုတော့ သူတို့ကလည်း တစ်ဆင့်တစ်ဆင့်တက်ပြီးမှ သွားရမယ်ဆိုတော့ လာဖြေကြတာပေါ့” ဟု အထက်ပါဆရာမက ဆက်လက်ပြောသည်။

JLPT စာမေးပွဲကို နံနက် ၉ နာရီမှစ၍ နေ့လည် ၁၂ နာရီထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ တစ်ရက်သာ ဖြေဆိုရခြင်းဖြစ် သည်။ ရန်ကုန်တိုင်းတွင် ရန်ကုန်တက္ကသိုလ် လှိုင်နယ်‌မြေ RC 2၊ ဥပဒေဌာန၊ သိပ္ပံဌာန၊ ပင်လုံဆောင် နှင့် ကွန်ပျူတာသိပ္ပံဆောင်တို့တွင် ‌ဖြေဆိုခွင့်ပြုထားပြီး၊ မန္တလေးမြို့တွင် KMC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ‌ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ယေန႔တြင္က်င္းပသည့္ ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ (JLPT) ကို လာေရာက္ေျဖဆိုသူ ယခင္ႏွစ္ထက္ မ်ားျပား
ယြန္း (NP News) - ဒီဇင္ဘာ ၃

ယေန႔(ဒီဇင္ဘာ ၃ ရက္) တြင္ က်င္းပခဲ့သည့္ ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ (JLPT) စာေမးပြဲတြင္ လာေရာက္ေျဖဆိုသူဦးေရ မ်ားျပားခဲ့ေၾကာင္း သိရသည္။

ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ 2023 JLPT (December) စာေမးပြဲကို ရန္ကုန္ႏွင့္ မႏၲေလးတို႔တြင္ ယေန႔က်င္းပခဲ့ရာ ေျဖဆိုသူဦးေရ မ်ားျပားခဲ့ေၾကာင္း ႏိုင္ငံျခားဘာသာတကၠသိုလ္(UFL)ေက်ာင္းရွိ တာဝန္က် ဆရာမတစ္ဦးထံမွ သိရသည္။

“ေျဖတဲ့သူေတြကေတာ့ ေတာ္ေတာ္မ်ားတယ္။ ေျဖတာကေတာ့ တစ္ခန္းမွာ လူအေယာက္(၅၀)နဲ႔ အေယာက္ (၂ဝဝဝ)ေလာက္ရွိတယ္။ အဲဒါက UFL တစ္ခုထဲမွာပဲေျဖတဲ့ သူေတြေပါ့။ ရန္ကင္းတို႔၊ လမ္းမေတာ္တို႔ တျခားေျဖတဲ့ ေနရာေတြလည္း ရွိေသးတယ္။ ရန္ကုန္တစ္ၿမိဳ႕လုံးဆိုရင္ေတာ့ ေျဖတဲ့သူက ေတာ္ေတာ္မ်ားမွာ ကိန္းဂဏန္းေတာ့ ေသခ်ာ အတိအက်ေတာ့မသိဘူးေပါ့။ UFL တစ္ခုထဲေတာင္ ေတာ္ေတာ္မ်ားတယ္” ဟု UFL ေက်ာင္းတြင္ စာေမးပြဲေစာင့္ခဲ့သည့္ တာဝန္က် ဆရာမတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ JLPT စာေမးပြဲကို တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္က်င္းပေလ့ရွိၿပီး ၿပီးခဲ့သည့္ ဇြန္လတြင္လည္း က်င္းပခဲ့ရာ လာေရာက္ေျဖဆိုသူ မ်ားျပားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“အရင္ႏွစ္ကလည္း မ်ားပါတယ္။ (၆)လပိုင္းတုန္းကလည္း တစ္ေခါက္ေျဖရတယ္။ ဒီလိုပဲလူမ်ားတယ္ အခုကေတာ့ ပိုမ်ားတာေပါ့။ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမ်ားလာတာကိုေတာ့ ေတြ႕ရတယ္။ ဂ်ပန္သြားဖို႔ အခြင့္အေရးဆိုေတာ့ သူတို႔ကလည္း တစ္ဆင့္တစ္ဆင့္တက္ၿပီးမွ သြားရမယ္ဆိုေတာ့ လာေျဖၾကတာေပါ့” ဟု အထက္ပါဆရာမက ဆက္လက္ေျပာသည္။

JLPT စာေမးပြဲကို နံနက္ ၉ နာရီမွစ၍ ေန႔လည္ ၁၂ နာရီထိ က်င္းပခဲ့ျခင္းျဖစ္ၿပီး၊ တစ္ရက္သာ ေျဖဆိုရျခင္းျဖစ္ သည္။ ရန္ကုန္တိုင္းတြင္ ရန္ကုန္တကၠသိုလ္ လႈိင္နယ္‌ေျမ RC 2၊ ဥပေဒဌာန၊ သိပၸံဌာန၊ ပင္လုံေဆာင္ ႏွင့္ ကြန္ပ်ဴတာသိပၸံေဆာင္တို႔တြင္ ‌ေျဖဆိုခြင့္ျပဳထားၿပီး၊ မႏၲေလးၿမိဳ႕တြင္ KMC ကိုယ္ပိုင္အထက္တန္းေက်ာင္း၌ ‌ေျဖဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.