ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၌ လစ်လပ်နေသော ရာထူးနေရာ (၄၇ဝ)ကျော် အတွက် ဝန်ထမ်းများ ခေါ်ယူနေ

 1158

စော (NP News)- ဒီဇင်ဘာ ၃

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၂)ခု၌ လစ်လပ်နေသော ရာထူးနေရာ (၄၇၂)နေရာ အတွက် အလုပ်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ယခုရက်ပိုင်းအတွင်းတွင် အထက်ပါအသိပေးကြေညာထားခြင်းဖြစ်သည်။

ဝန်ကြီးဌာန (၁၉)ခုအတွက် ရာထူးနေရာ (၄၄၇)နေရာ ခန့်အပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့အတွက် ရာထူးနေရာ (၅)နေရာ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

အလားတူ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဌာနစုမှူး(၂)/တတိယအတွင်းဝန် ရာထူးအတွက် (၂ဝ)ဦးကိုလည်း ခန့်အပ် သွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အလုပ်လျှောက်ထားသူများသည် ကျန် ဝန်ကြီးဌာန (၁၉)ခု အပါအဝင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့တွင် ထပ်မံလျှောက်ထားခွင့်မရှိကြောင်း သိရသည်။

အလားတူ ဝန်ကြီးဌာန (၁၉)ခု အပါအဝင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ အလုပ်လျှောက်ထားသူများသည်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ထပ်မံလျှောက်ထားခွင့်မရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

လျှောက်ထားသူများသည် ရေးဖြေစာမေးပွဲများကို ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ဝ)ရက် နှင့် (၁၁)ရက်များတွင် ဖြေဆိုရမည်ဖြစ်သည်။

အဆိုပါရာထူးနေရာများအတွက် အလုပ်လျှောက်လွှာများကို Online စနစ်တစ်ခုဖြင့်သာ ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားသည်။

Zawgyi Version;
ဝန္ႀကီးဌာနႏွင့္ အဖြဲ႕အစည္းမ်ား၌ လစ္လပ္ေနေသာ ရာထူးေနရာ (၄၇ဝ)ေက်ာ္ အတြက္ ဝန္ထမ္းမ်ား ေခၚယူေန
ေစာ (NP News)- ဒီဇင္ဘာ ၃

ဝန္ႀကီးဌာနႏွင့္ အဖြဲ႕အစည္း (၂၂)ခု၌ လစ္လပ္ေနေသာ ရာထူးေနရာ (၄၇၂)ေနရာ အတြက္ အလုပ္ေလွ်ာက္လႊာမ်ား ေခၚယူေနေၾကာင္း သိရသည္။
ျပည္ေထာင္စုရာထူးဝန္အဖြဲ႕က ယခုရက္ပိုင္းအတြင္းတြင္ အထက္ပါအသိေပးေၾကညာထားျခင္းျဖစ္သည္။

ဝန္ႀကီးဌာန (၁၉)ခုအတြက္ ရာထူးေနရာ (၄၄၇)ေနရာ ခန႔္အပ္သြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ႏွင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္တို႔အတြက္ ရာထူးေနရာ (၅)ေနရာ ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရ သည္။

အလားတူ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ ဌာနစုမႉး(၂)/တတိယအတြင္းဝန္ ရာထူးအတြက္ (၂ဝ)ဦးကိုလည္း ခန႔္အပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ အလုပ္ေလွ်ာက္ထားသူမ်ားသည္ က်န္ ဝန္ႀကီးဌာန (၁၉)ခု အပါအဝင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ႏွင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္တို႔တြင္ ထပ္မံေလွ်ာက္ထားခြင့္မရွိေၾကာင္း သိရသည္။

အလားတူ ဝန္ႀကီးဌာန (၁၉)ခု အပါအဝင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ႏွင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ အလုပ္ေလွ်ာက္ထားသူမ်ားသည္လည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ ထပ္မံေလွ်ာက္ထားခြင့္မရွိေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

ေလွ်ာက္ထားသူမ်ားသည္ ေရးေျဖစာေမးပြဲမ်ားကို ၂ဝ၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁ဝ)ရက္ ႏွင့္ (၁၁)ရက္မ်ားတြင္ ေျဖဆိုရမည္ျဖစ္သည္။

အဆိုပါရာထူးေနရာမ်ားအတြက္ အလုပ္ေလွ်ာက္လႊာမ်ားကို Online စနစ္တစ္ခုျဖင့္သာ ဒီဇင္ဘာလကုန္ ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုရာထူးဝန္အဖြဲ႕က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.