မီတာပုံးတပ်ဆင်မှုနှုန်းထားများ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန အတည်ပြု

 6026

ယွန်း (NP News) - ဒီဇင်ဘာ ၃

ဒီဇင်ဘာ(၁)ရက်မှစ၍ မီတာပုံးတပ်ဆင်မှုနှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန က အတည်ပြုထားသည်။

“ပြောင်းလဲမယ်ဆိုတာ မှန်ပါတယ်။ လက်ရှိမှာ ကုမ္ပဏီကရောင်းချမယ့် ဈေးနှုန်းက အရင်က ဈေးနှုန်းနဲ့ မရတော့ ဘူး။ ဝယ်တဲ့ဈေးနှုန်းမြင့်သွား‌တော့ ဒီဇင်ဘာ(၁)ရက်ကနေစပြီး ပြောင်းကောက်မှာပါ” ဟု အဆိုပါ လျှပ်စစ် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးက NP News ကို ပြောသည်။

အိမ်သုံးမီတာတပ်ဆင်မှုများကို ယခင်က သတ်မှတ်နှုန်းထားအတိုင်း ကျပ်(၁၂ဝဝဝဝ)သာ ကောက်ခံခဲ့ရာမှ ယခု ဒီဇင်ဘာ(၁)ရက်မှစ၍ ကျပ်(၂၅ဝဝဝဝ)အထိ ပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြင်ဆင်ကောက်ခံမည့်နှုန်းထားတွင် မီတာလျှောက်လွှာမှတ်ပုံတင်ကြေး အပါအဝင် အိမ်သုံးမီတာ သတ်မှတ်ကြေး၊ မီတာပုံးခွံ၊ Breaker၊ အာမခံစဘော်ငွေ၊ ကြိုးသွယ်ခ၊ မီးဆက်ခနှင့် ကြီးကြပ်ခများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ကျန်ရှိသည့် လျှပ်စစ်မီတာကြွေးကျန်များကို ‌တောင်းခံလျှက်ရှိရာ ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအထိ ဆက်လက်တောင်းခံရန်ကျန်ရှိနေသည့် လျှပ်စစ်မီတာခကြွေးကျန်မှာ ငွေကျပ်(၂၄၄ ဒသမ ၆၁၉) ဘီလျံ ရှိနေသေးကြောင်း သိရသည်။

အလားတူ (၄)လနှင့်အထက် ဓာတ်အားခပေးဆောင်ခြင်းမရှိသူများကို မီတာပုံးဖြုတ်သိမ်းခဲ့ရာ တိုင်းနှင့်ပြည်နယ် အသီးသီး၌ ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအထိ မီတာလုံးရေ(၁၉၈၈)လုံး ဖြုတ်သိမ်းထားခဲ့ကြောင်း သိရသည်။

Zawgyi Version;
မီတာပုံးတပ္ဆင္မႈႏႈန္းထားမ်ား တိုးျမႇင့္ေကာက္ခံမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာန အတည္ျပဳ
ယြန္း (NP News) - ဒီဇင္ဘာ ၃

ဒီဇင္ဘာ(၁)ရက္မွစ၍ မီတာပုံးတပ္ဆင္မႈႏႈန္းထားမ်ားကို တိုးျမႇင့္ေကာက္ခံမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာန က အတည္ျပဳထားသည္။

“ေျပာင္းလဲမယ္ဆိုတာ မွန္ပါတယ္။ လက္ရွိမွာ ကုမၸဏီကေရာင္းခ်မယ့္ ေဈးႏႈန္းက အရင္က ေဈးႏႈန္းနဲ႔ မရေတာ့ ဘူး။ ဝယ္တဲ့ေဈးႏႈန္းျမင့္သြား‌ေတာ့ ဒီဇင္ဘာ(၁)ရက္ကေနစၿပီး ေျပာင္းေကာက္မွာပါ” ဟု အဆိုပါ လွ်ပ္စစ္ ဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္တစ္ဦးက NP News ကို ေျပာသည္။

အိမ္သုံးမီတာတပ္ဆင္မႈမ်ားကို ယခင္က သတ္မွတ္ႏႈန္းထားအတိုင္း က်ပ္(၁၂ဝဝဝဝ)သာ ေကာက္ခံခဲ့ရာမွ ယခု ဒီဇင္ဘာ(၁)ရက္မွစ၍ က်ပ္(၂၅ဝဝဝဝ)အထိ ျပင္ဆင္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါျပင္ဆင္ေကာက္ခံမည့္ႏႈန္းထားတြင္ မီတာေလွ်ာက္လႊာမွတ္ပုံတင္ေၾကး အပါအဝင္ အိမ္သုံးမီတာ သတ္မွတ္ေၾကး၊ မီတာပုံးခြံ၊ Breaker၊ အာမခံစေဘာ္ေငြ၊ ႀကိဳးသြယ္ခ၊ မီးဆက္ခႏွင့္ ႀကီးၾကပ္ခမ်ား ပါဝင္ေၾကာင္း သိရသည္။

ထို႔ျပင္ ဝန္ႀကီးဌာနအေနျဖင့္ က်န္ရွိသည့္ လွ်ပ္စစ္မီတာေႂကြးက်န္မ်ားကို ‌ေတာင္းခံလွ်က္ရွိရာ ၂ဝ၂၃ ခုႏွစ္၊ ဇူလိုင္လအထိ ဆက္လက္ေတာင္းခံရန္က်န္ရွိေနသည့္ လွ်ပ္စစ္မီတာခေႂကြးက်န္မွာ ေငြက်ပ္(၂၄၄ ဒသမ ၆၁၉) ဘီလ်ံ ရွိေနေသးေၾကာင္း သိရသည္။

အလားတူ (၄)လႏွင့္အထက္ ဓာတ္အားခေပးေဆာင္ျခင္းမရွိသူမ်ားကို မီတာပုံးျဖဳတ္သိမ္းခဲ့ရာ တိုင္းႏွင့္ျပည္နယ္ အသီးသီး၌ ၂ဝ၂၃ ခုႏွစ္၊ ဇူလိုင္လအထိ မီတာလုံးေရ(၁၉၈၈)လုံး ျဖဳတ္သိမ္းထားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.