ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်ကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ်ခဲ့ပြီးနောက် ပရိသတ်တွေ လှောင်ပြောင်ခံရတဲ့ စီရော်နယ်ဒို

 1331

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃

ဆော်ဒီအာရေဗျကလပ် Al-Nassr အသင်းဟာ ဒီဇင်ဘာ ၂ ရက်က ကစားခဲ့တဲ့ ဆော်ဒီအာရေဗျ ပြည်တွင်းလိဂ်ပြိုင်ပွဲ ဒါဘီပွဲစဉ်မှာ Al-Hilal အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ်ခဲ့ပြီးနောက် ကမ္ဘာကျော်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အော်ဟစ်လှောင်ပြောင်ခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

စီရော်နယ်ဒိုရဲ့ကလပ်အသင်းဖြစ်တဲ့ Al-Nassr အသင်းရဲ့ပရိသတ်တွေဟာ ရှုံးနိမ့်မှုကို စိတ်ဆိုးဒေါသဖြစ်ကာ စီရော်နယ်ဒိုကို ကွင်းအတွင်းက ထွက်ခွာချိန်မှာ အော်ဟစ်လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

Al-Nassr အသင်းရဲ့ပရိသတ်တွေဟာ စီရော်နယ်ဒိုကွင်းထဲက ထွက်လာချိန်အတွင်း မက်ဆီ ဆိုတဲ့နာမည်ကို အော်ဟစ်ကြွေးကြော်ခဲ့ပြီး၊ စီရော်နယ်ဒိုအစား မက်ဆီကို ခေါ်ယူဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

စီရော်နယ်ဒိုဟာ ဆော်ဒီအာရေဗျလိဂ်ကိုပြောင်းရွှေ့ကစားချိန်အတွင်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး နောက်ဆုံး ၁၄ ပွဲမှာ ၁၅ ဂိုး သွင်းယူနိုင်ခဲ့ကာ အသင်းကို အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ဆော်ဒီအာရေဗျလိဂ်မှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ Al-Hilal အသင်းနဲ့ ပွဲစဉ်မှာခြေစွမ်းပြ ဂိုးသွင်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

Al-Nassr အသင်းနည်းပြလူးဝစ်ကက်စထရိုက "စီရော်နယ်ဒိုဟာ လူတိုင်းအတွက် စံနမူနာယူရတဲ့ကစားပါ။ အသင်း မှာ စီရော်နယ်ဒို ရှိနေတာက အသင်းအတွက် စံနမူကောင်းတွေ ရှိနေခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ရည်မှန်းချက်နဲ့ စည်းကမ်းပိုင်းကောင်းမွန်တဲ့သူဖြစ်ပြီး အသင်းဖော်တွေအတွက် နမူနာယူရသူပါ။ စီရော်နယ်ဒိုနဲ့အတူ တွဲကစားလို တဲ့ကစားသမားတွေ အများအပြားရှိပါတယ်။ စီရော်နယ်ဒိုဟာ အသင်းအတွက် သူတတ်စွမ်းသမျှ အရာရာတိုင်း ပေးနိုင်စွမ်းရှိသူပါ" လို့ ပြောပါတယ်။

Zawgyi Version;
ဒါဘီပြဲစဥ္မွာ ၿပိဳင္ဘက္ကို ၃ ဂိုးျပတ္နဲ႔ ရႈံးနိမ္ခဲ့ၿပီးေနာက္ ပရိသတ္ေတြ ေလွာင္ေျပာင္ခံရတဲ့ စီေရာ္နယ္ဒို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃

ေဆာ္ဒီအာေရဗ်ကလပ္ Al-Nassr အသင္းဟာ ဒီဇင္ဘာ ၂ ရက္က ကစားခဲ့တဲ့ ေဆာ္ဒီအာေရဗ် ျပည္တြင္းလိဂ္ၿပိဳင္ပြဲ ဒါဘီပြဲစဥ္မွာ Al-Hilal အသင္းကို ၃ ဂိုးျပတ္နဲ႔ ရႈံးနိမ္ခဲ့ၿပီးေနာက္ ကမာၻေက်ာ္တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ေအာ္ဟစ္ေလွာင္ေျပာင္ခံရမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရေၾကာင္း သိရပါတယ္။

စီေရာ္နယ္ဒိုရဲ႕ကလပ္အသင္းျဖစ္တဲ့ Al-Nassr အသင္းရဲ႕ပရိသတ္ေတြဟာ ရႈံးနိမ့္မႈကို စိတ္ဆိုးေဒါသျဖစ္ကာ စီေရာ္နယ္ဒိုကို ကြင္းအတြင္းက ထြက္ခြာခ်ိန္မွာ ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

Al-Nassr အသင္းရဲ႕ပရိသတ္ေတြဟာ စီေရာ္နယ္ဒိုကြင္းထဲက ထြက္လာခ်ိန္အတြင္း မက္ဆီ ဆိုတဲ့နာမည္ကို ေအာ္ဟစ္ေႂကြးေၾကာ္ခဲ့ၿပီး၊ စီေရာ္နယ္ဒိုအစား မက္ဆီကို ေခၚယူဖို႔ ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

စီေရာ္နယ္ဒိုဟာ ေဆာ္ဒီအာေရဗ်လိဂ္ကိုေျပာင္းေ႐ႊ႕ကစားခ်ိန္အတြင္း အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ေနာက္ဆုံး ၁၄ ပြဲမွာ ၁၅ ဂိုး သြင္းယူႏိုင္ခဲ့ကာ အသင္းကို အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ႏိုင္ဖို႔ ကူညီေပးခဲ့ပါတယ္။
စီေရာ္နယ္ဒိုဟာ ေဆာ္ဒီအာေရဗ်လိဂ္မွာ အေအာင္ျမင္ဆုံးအသင္းျဖစ္တဲ့ Al-Hilal အသင္းနဲ႔ ပြဲစဥ္မွာေျခစြမ္းျပ ဂိုးသြင္းႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ပါဘူး။

Al-Nassr အသင္းနည္းျပလူးဝစ္ကက္စထ႐ိုက "စီေရာ္နယ္ဒိုဟာ လူတိုင္းအတြက္ စံနမူနာယူရတဲ့ကစားပါ။ အသင္း မွာ စီေရာ္နယ္ဒို ရွိေနတာက အသင္းအတြက္ စံနမူေကာင္းေတြ ရွိေနခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ရည္မွန္းခ်က္နဲ႔ စည္းကမ္းပိုင္းေကာင္းမြန္တဲ့သူျဖစ္ၿပီး အသင္းေဖာ္ေတြအတြက္ နမူနာယူရသူပါ။ စီေရာ္နယ္ဒိုနဲ႔အတူ တြဲကစားလို တဲ့ကစားသမားေတြ အမ်ားအျပားရွိပါတယ္။ စီေရာ္နယ္ဒိုဟာ အသင္းအတြက္ သူတတ္စြမ္းသမွ် အရာရာတိုင္း ေပးႏိုင္စြမ္းရွိသူပါ" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.