ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ပြေးဆွဲနေသည့် ရထားခရီးစဉ်အချိန်များကို ပြောင်းလဲသတ်မှတ်

 5794

စော (NP News) - ဒီဇင်ဘာ ၃

ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ပြေးဆွဲနေသည့် ရထားခရီးစဉ်အချိန်များကို ပြောင်းလဲသတ်မှတ်ကာ ပြေးဆွဲနေကြောင်း မြန်မာ့မီရထားထံမှ သိရသည်။

ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ရထားများဖြစ်သည့် လေအိတ်အမြန်ရထား၊ လော်ကယ်ရထား၊ အမြန်ရထား များဖြင့် အထက်ပါခရီးစဉ်များကို (ဒီဇင်ဘာ ၁ ရက်) မှစတင်ကာ အချိန်ပြောင်းလဲ ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

“ရထားလမ်းပိုင်း အဆင့်မြှင့်တင်တဲ့အတွက် ရထားက အချိန်တွေကြာမြင့်နေတယ်။ တစ်လမ်းသွားနေရာကနေ နောက်တစ်လမ်းကို ပြုပြင်ပြီးတယ်။ ပြုပြင်ပြီးတာနဲ့ နှစ်လမ်းသွားလို့ရရင် ကြန့်ကြာမှုမရှိဘူးလေ။ အဲဒီ အတွက်ကြောင့် အချိန်ကို ၁၅ မိနစ်လောက် ခွာလိုက်တာပေါ့” ဟု ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်က NP News ကို ပြောသည်။

အမှတ် (၅) အဆန် လေအိတ်အမြန်ရထားသည် ရန်ကုန်မှ မန္တလေးသို့ ညနေ (၃)နာရီ ၃ဝ မိနစ်အချိန်တွင် စတင် ထွက်ခွာပြီး အမှတ် (၆)အစုန်လေအိတ်အမြန်ရထားသည် မန္တလေးမှ ရန်ကုန်သို့ ညနေ (၃)နာရီ ၃ဝ မိနစ်အချိန်တွင် စတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမှတ် (၃) အဆန်အမြန်ရထားသည် ရန်ကုန်မှ မန္တလေးသို့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်တွင် စတင် ထွက်ခွာပြီး အမှတ် (၄) အစုန်အမြန်ရထားသည် မန္တလေးမှ ရန်ကုန်သို့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်တွင် စတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အမှတ် (၁) အဆန်လော်ကယ်ရထားသည် ရန်ကုန်မှ မန္တလေးသို့ ည(၉)နာရီအချိန်တွင် စတင်ထွက်ခွာ ပြီး အမှတ် (၂) အစုန်လော်ကယ်ရထားသည် မန္တလေးမှ ရန်ကုန်သို့ ညနေ (၅)နာရီ ၃ဝ မိနစ် အချိန်တွင် စတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မီးရထားခရီးစဉ် လက်မှတ်များကို Online မှတစ်ဆင့် လုံးဝ ရောင်းချမှုမရှိသေးသည့်အတွက် မီးရထားစီးနှင်းသူ ခရီးသွားပြည်သူများအနေဖြင့် ငွေကြေးလိမ်လည်ခြင်းများ မခံရစေရန် သတိပြုရန်လည်း မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလး၊ မႏၲေလး-ရန္ကုန္ ေျပးဆြဲေနသည့္ ရထားခရီးစဥ္အခ်ိန္မ်ားကို ေျပာင္းလဲသတ္မွတ္
ေစာ (NP News) - ဒီဇင္ဘာ ၃

ရန္ကုန္-မႏၲေလး၊ မႏၲေလး-ရန္ကုန္ ေျပးဆြဲေနသည့္ ရထားခရီးစဥ္အခ်ိန္မ်ားကို ေျပာင္းလဲသတ္မွတ္ကာ ေျပးဆြဲေနေၾကာင္း ျမန္မာ့မီရထားထံမွ သိရသည္။

ရန္ကုန္-မႏၲေလး၊ မႏၲေလး-ရန္ကုန္ ရထားမ်ားျဖစ္သည့္ ေလအိတ္အျမန္ရထား၊ ေလာ္ကယ္ရထား၊ အျမန္ရထား မ်ားျဖင့္ အထက္ပါခရီးစဥ္မ်ားကို (ဒီဇင္ဘာ ၁ ရက္) မွစတင္ကာ အခ်ိန္ေျပာင္းလဲ ေျပးဆြဲေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္တဲ့အတြက္ ရထားက အခ်ိန္ေတြၾကာျမင့္ေနတယ္။ တစ္လမ္းသြားေနရာကေန ေနာက္တစ္လမ္းကို ျပဳျပင္ၿပီးတယ္။ ျပဳျပင္ၿပီးတာနဲ႔ ႏွစ္လမ္းသြားလို႔ရရင္ ၾကန္႔ၾကာမႈမရွိဘူးေလ။ အဲဒီ အတြက္ေၾကာင့္ အခ်ိန္ကို ၁၅ မိနစ္ေလာက္ ခြာလိုက္တာေပါ့” ဟု ရန္ကုန္ဘူတာႀကီးမွ ႐ုံပိုင္ခ်ဳပ္က NP News ကို ေျပာသည္။

အမွတ္ (၅) အဆန္ ေလအိတ္အျမန္ရထားသည္ ရန္ကုန္မွ မႏၲေလးသို႔ ညေန (၃)နာရီ ၃ဝ မိနစ္အခ်ိန္တြင္ စတင္ ထြက္ခြာၿပီး အမွတ္ (၆)အစုန္ေလအိတ္အျမန္ရထားသည္ မႏၲေလးမွ ရန္ကုန္သို႔ ညေန (၃)နာရီ ၃ဝ မိနစ္အခ်ိန္တြင္ စတင္ ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အမွတ္ (၃) အဆန္အျမန္ရထားသည္ ရန္ကုန္မွ မႏၲေလးသို႔ ညေန (၄)နာရီ (၄၅)မိနစ္အခ်ိန္တြင္ စတင္ ထြက္ခြာၿပီး အမွတ္ (၄) အစုန္အျမန္ရထားသည္ မႏၲေလးမွ ရန္ကုန္သို႔ ညေန (၄)နာရီ (၄၅)မိနစ္အခ်ိန္တြင္ စတင္ ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ အမွတ္ (၁) အဆန္ေလာ္ကယ္ရထားသည္ ရန္ကုန္မွ မႏၲေလးသို႔ ည(၉)နာရီအခ်ိန္တြင္ စတင္ထြက္ခြာ ၿပီး အမွတ္ (၂) အစုန္ေလာ္ကယ္ရထားသည္ မႏၲေလးမွ ရန္ကုန္သို႔ ညေန (၅)နာရီ ၃ဝ မိနစ္ အခ်ိန္တြင္ စတင္ ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။

မီးရထားခရီးစဥ္ လက္မွတ္မ်ားကို Online မွတစ္ဆင့္ လုံးဝ ေရာင္းခ်မႈမရွိေသးသည့္အတြက္ မီးရထားစီးႏွင္းသူ ခရီးသြားျပည္သူမ်ားအေနျဖင့္ ေငြေၾကးလိမ္လည္ျခင္းမ်ား မခံရေစရန္ သတိျပဳရန္လည္း ျမန္မာ့မီးရထားမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.