ဖြူးမြို့ရှိ ကျေးရွာတစ်ခုအတွင်းသို့ KNU၊ PDF ပူးပေါင်းအဖွဲ့က ဗုံးတစ်လုံးပစ်ချတိုက်ခိုက်မှုကြောင့် လူ(၃)ဦး ထိခိုက်ဒဏ်ရာရ

 1569

NP News - ဒီဇင်ဘာ ၃

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ကျေးရွာတစ်ခုအတွင်းသို့ KNU၊ PDF ပူးပေါင်းအဖွဲ့က ဗုံးတစ်လုံး ပစ်ချတိုက်ခိုက်မှုကြောင့် မိသားစုဝင်(၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော(နိုဝင်ဘာ ၃ဝ ရက်)၊ မွန်းလွဲ ၂ နာရီအချိန်တွင် ဖြူးမြို့နယ်၊ ကံကြီးခင်းကျေးရွာ၌ အထက်ပါ ကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာနေ ဦးလှဆင့်(၆၆)နှစ်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဆန်းဌေး(၆၃)နှစ် နှင့် သားဖြစ်သူ ကိုရန်အောင် (၃၆) နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် KNU၊PDFပူးပေါင်းအဖွဲ့က Drone ဖြင့်ပစ်ခတ်သော Drop Bomb တစ်လုံး ၎င်းတို့၏ နေအိမ်ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။


ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် ဦးလှဆင့်၊ ဒေါ်ဆန်းဌေး နှင့် ကိုရန်အောင်တို့ မိသားစု(၃)ဦးတွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ျဖဴးၿမိဳ႕ရွိ ေက်း႐ြာတစ္ခုအတြင္းသို႔ KNU၊ PDF ပူးေပါင္းအဖြဲ႕က ဗုံးတစ္လုံးပစ္ခ်တိုက္ခိုက္မႈေၾကာင့္ လူ(၃)ဦး ထိခိုက္ဒဏ္ရာရ
NP News - ဒီဇင္ဘာ ၃

ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္ခုအတြင္းသို႔ KNU၊ PDF ပူးေပါင္းအဖြဲ႕က ဗုံးတစ္လုံး ပစ္ခ်တိုက္ခိုက္မႈေၾကာင့္ မိသားစုဝင္(၃)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ(ႏိုဝင္ဘာ ၃ဝ ရက္)၊ မြန္းလြဲ ၂ နာရီအခ်ိန္တြင္ ျဖဴးၿမိဳ႕နယ္၊ ကံႀကီးခင္းေက်း႐ြာ၌ အထက္ပါ ကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာေန ဦးလွဆင့္(၆၆)ႏွစ္၊ ၎၏ ဇနီးျဖစ္သူ ေဒၚဆန္းေဌး(၆၃)ႏွစ္ ႏွင့္ သားျဖစ္သူ ကိုရန္ေအာင္ (၃၆) ႏွစ္တို႔သည္ ေနအိမ္၌ ရွိေနစဥ္ KNU၊PDFပူးေပါင္းအဖြဲ႕က Drone ျဖင့္ပစ္ခတ္ေသာ Drop Bomb တစ္လုံး ၎တို႔၏ ေနအိမ္ၿခံဝန္းအတြင္းသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။


ထိုသို႔က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ဦးလွဆင့္၊ ေဒၚဆန္းေဌး ႏွင့္ ကိုရန္ေအာင္တို႔ မိသားစု(၃)ဦးတြင္ ဗုံးသီး ေပါက္ကြဲစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ျဖဴးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.