အဖျက်သမားများ၏ ပါးစပ်မှထွက်သော ဒီမိုကရေစီကို ယုံစားမိပါက အဖျက်သမားများနှင့်အတူ ပျက်သုန်းသွားရမည်ဟု နစက သတိပေး

 1020

မြူနစ် (NP News) - ဒီဇင်ဘာ ၄

အဖျက်သမားများ၏ ပါးစပ်မှထွက်သော ဒီမိုကရေစီကို ယုံစားမိပါက အဖျက်သမားများနှင့်အတူ ပျက်သုန်းသွားရမည်ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းက ယမန်နေ့(ဒီဇင်ဘာလ ၃ ရက်)၊ ညပိုင်းတွင် နိုင်ငံအတွင်း ဖြစ်ပွားနေသောအခြေအနေများနှင့်ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

NUG၊ CRPH ၊ PDF အဖွဲ့များသည် ဒီမိုကရေစီအရေးထက် မြန်မာနိုင်ငံ အလုံးစုံပျက်သုန်းရေး၊ အာဏာရရှိရေးကိုသာ ဦးတည်ပြီးဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ကျွန်တော်တို့ မြန်မာပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ ပါးစပ်ကနေပြီး ပြောရုံသက်သက်ပဲ ရှိပါတယ်။ လက်တွေ့မှာတော့ သူတို့သွားနေတဲ့လုပ်ငန်းတွေသည် လူသတ်၊ မုဒိန်းကျင့်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ ပြည်သူလူထုပိုင်အဆောက်အဦးတွေ၊ လမ်းတံတားတွေကို ဖြတ်တောက် တာတွေ၊ မိုင်ထောင်ဖောက်ခွဲတာတွေ၊ ပြည်သူလူထုတစ်ရပ်လုံးနဲ့ဆိုင်တဲ့ လျှပ်စစ်တာဝါတိုင်တွေကို ချိုးတာတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေကို ချိုးတာတွေ၊ လက်တွေ့မှာ ဒီအဖျက်လုပ်ငန်းတွေပဲ လုပ် ဆောင်နေတာဖြစ်ပါတယ်”ဟု နစကပြောခွင့်ရက ပြောသည်။

ထို့ကြောင့် အဖျက်သမားများ၏ ပါးစပ်မှထွက်သော ဒီမိုကရေစီဆိုသည့် စကားလုံးကို ယုံစားမိပါက ၎င်းအဖျက်သမားများနှင့်အတူ ပျက်သုန်းသွားရမည်ဟု ၎င်းက ထပ်မံပြောသည်။

“ဒီအဖျက်သမားတွေရဲ့ ပါးစပ်ကထွက်တဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ယုံစားမိရင်တော့ ဒီအဖျက်သမားတွေနဲ့အတူ ပျက်သုန်းသွားရမှာဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးဆိုတာသည် နိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် အကြမ်း ဖက်သမားများ၏လုပ်ရပ်ကြောင့် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်းနှင့် အရပ်သားပြည်သူ စုစုပေါင်း (၆၇၀၀)ကျော် သေဆုံးခဲ့ရသည်။

ထို့ပြင် လက်ရှိအချိန်တွင်လည်း နိုင်ငံအတွင်း၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များကြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတော်ပိုင်အဆောက်အဦး၊ လမ်းတံတားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးနေရလျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များ ဖော်ဆောင်သော တိုက်ပွဲများကြောင့် ကောလင်းမြို့၊ လွိုင်ကော်မြို့၊ လောက်ကိုင်မြို့အပါအဝင် အခြားသောမြို့များရှိ ဒေသခံအများစုသည် မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရလျက်ရှိသည်။

zawgyi version
အဖ်က္သမားမ်ား၏ ပါးစပ္မွထြက္ေသာ ဒီမိုကေရစီကို ယုံစားမိပါက အဖ်က္သမားမ်ားႏွင့္အတူ ပ်က္သုန္းသြားရမည္ဟု နစက သတိေပး

ျမဴနစ္ (NP News) - ဒီဇင္ဘာ ၄
အဖ်က္သမားမ်ား၏ ပါးစပ္မွထြက္ေသာ ဒီမိုကေရစီကို ယုံစားမိပါက အဖ်က္သမားမ်ားႏွင့္အတူ ပ်က္သုန္းသြားရမည္ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

၎က ယမန္ေန႔(ဒီဇင္ဘာလ ၃ ရက္)၊ ညပိုင္းတြင္ ႏိုင္ငံအတြင္း ျဖစ္ပြားေနေသာအေျခအေနမ်ားႏွင့္ပတ္သက္၍ မီဒီယာမ်ားကို ရွင္းလင္းေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

NUG၊ CRPH ၊ PDF အဖြဲ႕မ်ားသည္ ဒီမိုကေရစီအေရးထက္ ျမန္မာႏိုင္ငံ အလုံးစုံပ်က္သုန္းေရး၊ အာဏာရရွိေရးကိုသာ ဦးတည္ၿပီးေဆာင္႐ြက္ေနေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“ကြၽန္ေတာ္တို႔ ျမန္မာျပည္သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကေရစီစနစ္ဆိုတာ ပါးစပ္ကေနၿပီး ေျပာ႐ုံသက္သက္ပဲ ရွိပါတယ္။ လက္ေတြ႕မွာေတာ့ သူတို႔သြားေနတဲ့လုပ္ငန္းေတြသည္ လူသတ္၊ မုဒိန္းက်င့္၊ ေက်း႐ြာေတြကို မီးရႈိ႕ဖ်က္ဆီး၊ ျပည္သူလူထုပိုင္အေဆာက္အဦးေတြ၊ လမ္းတံတားေတြကို ျဖတ္ေတာက္ တာေတြ၊ မိုင္ေထာင္ေဖာက္ခြဲတာေတြ၊ ျပည္သူလူထုတစ္ရပ္လုံးနဲ႔ဆိုင္တဲ့ လွ်ပ္စစ္တာဝါတိုင္ေတြကို ခ်ိဳးတာေတြ၊ ဆက္သြယ္ေရးတာဝါတိုင္ေတြကို ခ်ိဳးတာေတြ၊ လက္ေတြ႕မွာ ဒီအဖ်က္လုပ္ငန္းေတြပဲ လုပ္ ေဆာင္ေနတာျဖစ္ပါတယ္”ဟု နစကေျပာခြင့္ရက ေျပာသည္။

ထို႔ေၾကာင့္ အဖ်က္သမားမ်ား၏ ပါးစပ္မွထြက္ေသာ ဒီမိုကေရစီဆိုသည့္ စကားလုံးကို ယုံစားမိပါက ၎အဖ်က္သမားမ်ားႏွင့္အတူ ပ်က္သုန္းသြားရမည္ဟု ၎က ထပ္မံေျပာသည္။

“ဒီအဖ်က္သမားေတြရဲ႕ ပါးစပ္ကထြက္တဲ့ ဒီမိုကေရစီဆိုတဲ့ စကားလုံးကို ယုံစားမိရင္ေတာ့ ဒီအဖ်က္သမားေတြနဲ႔အတူ ပ်က္သုန္းသြားရမွာျဖစ္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ျပည္သူလူထုတစ္ရပ္လုံးအေနနဲ႔ ႏိုင္ငံေတာ္ကာကြယ္ေရးဆိုတာသည္ ႏိုင္ငံသားအားလုံးရဲ႕တာဝန္ျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ အၾကမ္း ဖက္သမားမ်ား၏လုပ္ရပ္ေၾကာင့္ ရဟန္းသံဃာ၊ ႏိုင္ငံ့ဝန္ထမ္းႏွင့္ အရပ္သားျပည္သူ စုစုေပါင္း (၆၇၀၀)ေက်ာ္ ေသဆုံးခဲ့ရသည္။

ထို႔ျပင္ လက္ရွိအခ်ိန္တြင္လည္း ႏိုင္ငံအတြင္း၌ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ PDF အဖြဲ႕မ်ားၾကားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိၿပီး ႏိုင္ငံေတာ္ပိုင္အေဆာက္အဦး၊ လမ္းတံတားႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္မ်ား ပ်က္စီးဆုံးေနရလ်က္ရွိသည္။

တိုင္းရင္းသားလက္နက္ကိုင္မ်ား ေဖာ္ေဆာင္ေသာ တိုက္ပြဲမ်ားေၾကာင့္ ေကာလင္းၿမိဳ႕၊ လြိဳင္ေကာ္ၿမိဳ႕၊ ေလာက္ကိုင္ၿမိဳ႕အပါအဝင္ အျခားေသာၿမိဳ႕မ်ားရွိ ေဒသခံအမ်ားစုသည္ ၿမိဳ႕လုံးကြၽတ္နီးပါး ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရလ်က္ရွိသည္။

Related news

© 2021. All rights reserved.