မြန်မာအထည်ချုပ်လုပ်ငန်းပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက် တရုတ်၊ တောင်ကိုရီးယား နှင့် ဂျပန်ကုမ္ပဏီများ ဝိုင်းဝန်းကြိုးပမ်းဖွယ်ရှိနေ

 882

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၄

မြန်မာအထည်ချုပ်လုပ်ငန်းတွင်ပါဝင်နေသော အဓိကနိုင်ငံခြားကုမ္ပဏီများသည် မြန်မာအထည်ချုပ်လုပ်ငန်း နှင့် ပတ်သက်ပြီး ပုံရိပ်ကို ပြောင်းလဲနိုင်ရန် ပူးပေါင်းကြိုးပမ်းလျက်ရှိနေကြောင်း ဂျပန်အခြေစိုက်သတင်းတွင် ဖော်ပြ ထားသည်။

တရုတ်အထည်ချုပ်ကုမ္ပဏီတစ်ခုဖြစ်သော Zhejiang International သည် ရန်ကုန်မြို့တွင် လာမည့်လအတွင်း အထည်ချုပ်လုပ်ငန်းနှင့်ပတ်သက်ပြီး ပြပွဲတစ်ခုကို ဦးဆောင်လုပ်ကိုင်သွားမည်ဖြစ်ရာ ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ အထည်ချုပ်ကုမ္ပဏီများ ပူးပေါင်းပါဝင်ဖွယ် ရှိနေကြောင်း သိရသည်။

မြန်မာအထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံနေသော တရုတ်၊ တောင်ကိုရီးယား နှင့် ဂျပန်အထည်ချုပ်လုပ်ငန်း ကုမ္ပဏီများ၏ ကိုယ်စားလှယ်များသည် ပြီးခဲ့သောနိုဝင်ဘာလတွင် ရန်ကုန်မြို့တွင် ပြပွဲကျင်းပနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အထည်ချုပ်လုပ်ငန်းဈေးကွက်အတွင်း မြန်မာနိုင်ငံသည် အလုပ်သမားစရိတ်သက်သာသောနိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများ၏ နာမည်ကျော် brands များကို ထုတ်လုပ်သောကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်ခြင်းကို ရပ်တန့်ခဲ့ပြီး နောက် မြန်မာအထည်ချုပ်လုပ်ငန်းသည် စိန်ခေါ်မှုများ နှင့် ပိုမိုရင်ဆိုင်လာရကြောင်း သိရသည်။

December expo ပြပွဲတွင် ဂျပန်၊ တောင်ကိုရီးယား နှင့် တရုတ်အထည်ချုပ်ကုမ္ပဏီများ ပူးပေါင်းပါဝင်မည်ဖြစ် ကြောင်း ပွဲစီစဉ်သူများက ပြောသည်။ မြန်မာနိုင်ငံရှိ ဂျပန်အထည်ချုပ်လုပ်ငန်းအဖွဲ့အစည်း၏ အကြံပေးဖြစ်သူ Tadaki Kawae က "မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံအားလုံးရဲ့ ၇ဝ ရာခိုင်နှုန်းဟာ နိုင်ငံတကာကုမ္ပဏီတွေ ပိုင်ဆိုင်တာပါ။ ကျွန်တော်တို့ဟာ မြန်မာအထည်ချုပ်လုပ်ငန်းမှာ ပါဝင်နေတဲ့ အလုပ်သမား ၆ သိန်းရဲ့ အလုပ် အကိုင်အခွင့်အလမ်းကို ဆက်ထိန်းနိုင်ဖို့အပြင် အထည်ချုပ်အလုပ်သမားတွေရဲ့ရှင်သန်နေထိုင်မှုတွေကို ထောက်ပံ့ပေးနိုင်ဖို့ ကတိပြုထားပါတယ်" ဟု ပြောသည်။

မြန်မာအထည်ချုပ်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသော ကုမ္ပဏီများအနက် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီက အများဆုံးဖြစ်နေပြီး တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံ အနည်းဆုံး ၃၃ဝ ရှိနေကြောင်း သိရသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံသားပိုင်ဆိုင်သော အထည်ချုပ်စက်ရုံ ၇ဝ နှင့် ဂျပန်နိုင်ငံသားပိုင်ဆိုင်သော အထည်ချုပ်စက်ရုံ ၂ဝ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။

Zawgyi Version;
ျမန္မာအထည္ခ်ဳပ္လုပ္ငန္းပုံရိပ္ကို ျမႇင့္တင္ႏိုင္ရန္အတြက္ တ႐ုတ္၊ ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္ကုမၸဏီမ်ား ဝိုင္းဝန္းႀကိဳးပမ္းဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၄

ျမန္မာအထည္ခ်ဳပ္လုပ္ငန္းတြင္ပါဝင္ေနေသာ အဓိကႏိုင္ငံျခားကုမၸဏီမ်ားသည္ ျမန္မာအထည္ခ်ဳပ္လုပ္ငန္း ႏွင့္ ပတ္သက္ၿပီး ပုံရိပ္ကို ေျပာင္းလဲႏိုင္ရန္ ပူးေပါင္းႀကိဳးပမ္းလ်က္ရွိေနေၾကာင္း ဂ်ပန္အေျခစိုက္သတင္းတြင္ ေဖာ္ျပ ထားသည္။

တ႐ုတ္အထည္ခ်ဳပ္ကုမၸဏီတစ္ခုျဖစ္ေသာ Zhejiang International သည္ ရန္ကုန္ၿမိဳ႕တြင္ လာမည့္လအတြင္း အထည္ခ်ဳပ္လုပ္ငန္းႏွင့္ပတ္သက္ၿပီး ျပပြဲတစ္ခုကို ဦးေဆာင္လုပ္ကိုင္သြားမည္ျဖစ္ရာ ဂ်ပန္ ႏွင့္ ေတာင္ကိုရီးယား ႏိုင္ငံတို႔၏ အထည္ခ်ဳပ္ကုမၸဏီမ်ား ပူးေပါင္းပါဝင္ဖြယ္ ရွိေနေၾကာင္း သိရသည္။

ျမန္မာအထည္ခ်ဳပ္လုပ္ငန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံေနေသာ တ႐ုတ္၊ ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္အထည္ခ်ဳပ္လုပ္ငန္း ကုမၸဏီမ်ား၏ ကိုယ္စားလွယ္မ်ားသည္ ၿပီးခဲ့ေသာႏိုဝင္ဘာလတြင္ ရန္ကုန္ၿမိဳ႕တြင္ ျပပြဲက်င္းပႏိုင္ရန္အတြက္ သတင္းစာရွင္းလင္းပြဲ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အထည္ခ်ဳပ္လုပ္ငန္းေဈးကြက္အတြင္း ျမန္မာႏိုင္ငံသည္ အလုပ္သမားစရိတ္သက္သာေသာႏိုင္ငံစာရင္းတြင္ ပါဝင္ေနေၾကာင္း သိရသည္။ သို႔ေသာ္လည္း အေမရိကန္ဦးေဆာင္ေသာ အေနာက္အုပ္စုႏိုင္ငံမ်ား၏ နာမည္ေက်ာ္ brands မ်ားကို ထုတ္လုပ္ေသာကုမၸဏီမ်ားသည္ ျမန္မာႏိုင္ငံတြင္ လုပ္ငန္းမ်ားလုပ္ကိုင္ျခင္းကို ရပ္တန႔္ခဲ့ၿပီး ေနာက္ ျမန္မာအထည္ခ်ဳပ္လုပ္ငန္းသည္ စိန္ေခၚမႈမ်ား ႏွင့္ ပိုမိုရင္ဆိုင္လာရေၾကာင္း သိရသည္။

December expo ျပပြဲတြင္ ဂ်ပန္၊ ေတာင္ကိုရီးယား ႏွင့္ တ႐ုတ္အထည္ခ်ဳပ္ကုမၸဏီမ်ား ပူးေပါင္းပါဝင္မည္ျဖစ္ ေၾကာင္း ပြဲစီစဥ္သူမ်ားက ေျပာသည္။ ျမန္မာႏိုင္ငံရွိ ဂ်ပန္အထည္ခ်ဳပ္လုပ္ငန္းအဖြဲ႕အစည္း၏ အႀကံေပးျဖစ္သူ Tadaki Kawae က "ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္စက္႐ုံအားလုံးရဲ႕ ၇ဝ ရာခိုင္ႏႈန္းဟာ ႏိုင္ငံတကာကုမၸဏီေတြ ပိုင္ဆိုင္တာပါ။ ကြၽန္ေတာ္တို႔ဟာ ျမန္မာအထည္ခ်ဳပ္လုပ္ငန္းမွာ ပါဝင္ေနတဲ့ အလုပ္သမား ၆ သိန္းရဲ႕ အလုပ္ အကိုင္အခြင့္အလမ္းကို ဆက္ထိန္းႏိုင္ဖို႔အျပင္ အထည္ခ်ဳပ္အလုပ္သမားေတြရဲ႕ရွင္သန္ေနထိုင္မႈေတြကို ေထာက္ပံ့ေပးႏိုင္ဖို႔ ကတိျပဳထားပါတယ္" ဟု ေျပာသည္။

ျမန္မာအထည္ခ်ဳပ္လုပ္ငန္းတြင္ ပါဝင္လုပ္ကိုင္ေနေသာ ကုမၸဏီမ်ားအနက္ တ႐ုတ္ႏိုင္ငံသားပိုင္ကုမၸဏီက အမ်ားဆုံးျဖစ္ေနၿပီး တ႐ုတ္ႏိုင္ငံသားပိုင္အထည္ခ်ဳပ္စက္႐ုံ အနည္းဆုံး ၃၃ဝ ရွိေနေၾကာင္း သိရသည္။
ထို႔အျပင္ ေတာင္ကိုရီးယားႏိုင္ငံသားပိုင္ဆိုင္ေသာ အထည္ခ်ဳပ္စက္႐ုံ ၇ဝ ႏွင့္ ဂ်ပန္ႏိုင္ငံသားပိုင္ဆိုင္ေသာ အထည္ခ်ဳပ္စက္႐ုံ ၂ဝ ရာခိုင္ႏႈန္းရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.