ဆိုင်ကလုန်းမုန်တိုင်း "မိကျောင်း"၏ သက်ရောက်မှုကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ဒီဇင်ဘာလ (၁၀)ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ဟုဆို

 5703

ယွန်း (NP News) - ဒီဇင်ဘာ ၄

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "မိကျောင်း"၏ သက်ရောက်မှုကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ဒီဇင်ဘာလ(၁၀)ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "မိကျောင်း"သည် မနက်ဖြန်(ဒီဇင်ဘာလ ၅ ရက်)တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း သိရသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်ခြင်းမရှိသော်လည်း ပြည်တွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလမှဆိုထားသည်။

“မုန်တိုင်းက မနက်ဖြန်ဆိုရင် အိန္ဒိယနိုင်ငံကိုဝင်မယ်။ သက်ရောက်မှုကတော့ မြန်မာနိုင်ငံထဲမှာလည်း မိုးရွာတာတွေရှိမယ်။ အများကြီးတော့မဟုတ်ပါဘူး။ ဒီဇင်ဘာလ(၉)ရက်၊ (၁၀)ရက်လောက်အထိကို ရွာနိုင်တယ်။ အခုတောင် တချို့နေရာတွေမှာ ရွာနေတာတွေရှိပါတယ်”ဟု မိုဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း“မိကျောင်း”၏ သက်ရောက်မှုကြောင့် ရခိုင်၊ စစ်ကိုင်း၊ ကရင်၊ မွန်၊ တနင်္သာရီ၊ မကွေး၊ ကချင်၊ ချင်း နှင့် မန္တလေးတို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလမှ သတိပေးပြောကြားထားသည်။

မိုးဇလ၏ခန့်မှန်းချက်အရ လာမည့် ဒီဇင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်း ရပ်ဝန်း(၂) ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင်ပိုမိုအားကောင်းလာသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း သိရသည်။

ယနေ့(ဒီဇင်ဘာလ ၄ ရက်)တွင်လည်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့အပါအဝင် အချို့သောပြည်နယ်နှင့်တိုင်းတို့၌လည်း မိုးရွာသွန်းမှုများရှိခဲ့သည်။

zawgyi version
ဆိုင္ကလုန္းမုန္တိုင္း "မိေက်ာင္း"၏ သက္ေရာက္မႈေၾကာင့္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ဒီဇင္ဘာလ (၁၀)ရက္အထိ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ဟုဆို

ယြန္း (NP News) - ဒီဇင္ဘာ ၄

အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း "မိေက်ာင္း"၏ သက္ေရာက္မႈေၾကာင့္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ဒီဇင္ဘာလ(၁၀)ရက္အထိ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ခန႔္မွန္းထားသည္။

ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနသည့္ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း "မိေက်ာင္း"သည္ မနက္ျဖန္(ဒီဇင္ဘာလ ၅ ရက္)တြင္ အိႏၵိယႏိုင္ငံ၊ အင္ဒရာပရာေဒ့ရွ္ေတာင္ပိုင္းကမ္းေျခကို နီလိုရီၿမိဳ႕ႏွင့္ မာခ်ီလီပတၱနမ္ၿမိဳ႕တို႔အၾကားမွ ျဖတ္ေက်ာ္ႏိုင္ေၾကာင္း သိရသည္။

အဆိုပါဆိုင္ကလုန္းမုန္တိုင္းသည္ ျမန္မာႏိုင္ငံသို႔ဝင္ေရာက္ႏိုင္ျခင္းမရွိေသာ္လည္း ျပည္တြင္းရွိ တိုင္းႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလမွဆိုထားသည္။

“မုန္တိုင္းက မနက္ျဖန္ဆိုရင္ အိႏၵိယႏိုင္ငံကိုဝင္မယ္။ သက္ေရာက္မႈကေတာ့ ျမန္မာႏိုင္ငံထဲမွာလည္း မိုး႐ြာတာေတြရွိမယ္။ အမ်ားႀကီးေတာ့မဟုတ္ပါဘူး။ ဒီဇင္ဘာလ(၉)ရက္၊ (၁၀)ရက္ေလာက္အထိကို ႐ြာႏိုင္တယ္။ အခုေတာင္ တခ်ိဳ႕ေနရာေတြမွာ ႐ြာေနတာေတြရွိပါတယ္”ဟု မိုဇလမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကိုေျပာသည္။

ဆိုင္ကလုန္းမုန္တိုင္း“မိေက်ာင္း”၏ သက္ေရာက္မႈေၾကာင့္ ရခိုင္၊ စစ္ကိုင္း၊ ကရင္၊ မြန္၊ တနသၤာရီ၊ မေကြး၊ ကခ်င္၊ ခ်င္း ႏွင့္ မႏၲေလးတို႔တြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊‌ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳရန္ မိုးဇလမွ သတိေပးေျပာၾကားထားသည္။

မိုးဇလ၏ခန႔္မွန္းခ်က္အရ လာမည့္ ဒီဇင္ဘာလအတြင္း ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလဖိအားနည္း ရပ္ဝန္း(၂) ႀကိမ္ျဖစ္ေပၚႏိုင္ၿပီး (၁)ႀကိမ္တြင္ပိုမိုအားေကာင္းလာေသာ မုန္တိုင္းငယ္အျဖစ္ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။

ယေန႔(ဒီဇင္ဘာလ ၄ ရက္)တြင္လည္း ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အခ်ိဳ႕အပါအဝင္ အခ်ိဳ႕ေသာျပည္နယ္ႏွင့္တိုင္းတို႔၌လည္း မိုး႐ြာသြန္းမႈမ်ားရွိခဲ့သည္။

Related news

© 2021. All rights reserved.