မြိတ်မြို့ရှိ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ၌ ဒုတိယအကြိမ်အဖြစ် မျက်စိရောဂါဝေဒနာရှင် (၁၅ဝဝ)ကို အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးမည်

 493

စော (NP News) - ဒီဇင်ဘာ ၄

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ၌ ဒုတိယအကြိမ်အဖြစ် မျက်စိရောဂါဝေဒနာရှင် ၁၅ဝဝ ကို အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ(မြိတ်မြို့)ထံမှ သိရသည်။

အဆိုပါစမ်းသပ်ခွဲစိတ်ကုသခြင်းကို သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ၊ ပြင်ပလူနာဌာနတွင် လာမည့် ဒီဇင်ဘာလ ၂၃ ရက်မှစတင်၍ စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ပြီး ယနေ့(ဒီဇင်ဘာလ ၄ ရက်)တွင် စာရင်းကြိုတင်ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။

“မြိတ်မြို့မှာ နှစ်ကြိမ်မြောက်ပါ။ အခုတစ်ခေါက်ကတော့ မျက်စိဝေသနာရှင် (၁၅၀၀)ကန့်သတ်ထားပါတယ်။ ဒီနေ့ကစပြီး လက်ခံနေပါတယ်။ အမည်၊ အသက်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်လိုပါတယ်။ ဘယ်နေ့ဘယ်ရက် လာရမယ်ဆိုတာကို ဖုန်းဆက်အကြောင်းကြားပါမယ်”ဟု အဆိုပါ ဆေးရုံ၏ ကျန်းမာရေးမှူး ဦးသောင်းထိုက်က NP News ကိုပြောသည်။

မြိတ်မြို့ရှိ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ၌ ပထမအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်မှ စတင်၍ အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့ရာ မျက်စိဝေဒနာရှင် (၂၀၀၀)ကျော် လာရောက်ကုသခဲ့ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ၏ ဖုန်း-၀၅၉၂၀၄၃၇၀၂ နှင့် ဦးသောင်းထိုက်(ဆေးမှူး)၏ ဖုန်း-၀၉၈၈၈၈၆၈၃၈၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

zawgyi version
ၿမိတ္ၿမိဳ႕ရွိ သီတဂူဇီဝိတဒါနစကၡဳဒါနေဆး႐ုံ၌ ဒုတိယအႀကိမ္အျဖစ္ မ်က္စိေရာဂါေဝဒနာရွင္ (၁၅ဝဝ)ကို အခမဲ့ စမ္းသပ္ခြဲစိတ္ကုသေပးမည္

ေစာ (NP News) - ဒီဇင္ဘာ ၄

တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕ရွိ သီတဂူဇီဝိတဒါနစကၡဳဒါနေဆး႐ုံ၌ ဒုတိယအႀကိမ္အျဖစ္ မ်က္စိေရာဂါေဝဒနာရွင္ ၁၅ဝဝ ကို အခမဲ့ စမ္းသပ္ခြဲစိတ္ကုသေပးမည္ျဖစ္ေၾကာင္း သီတဂူဇီဝိတဒါန စကၡဳဒါနေဆး႐ုံ(ၿမိတ္ၿမိဳ႕)ထံမွ သိရသည္။

အဆိုပါစမ္းသပ္ခြဲစိတ္ကုသျခင္းကို သီတဂူဇီဝိတဒါန စကၡဳဒါနေဆး႐ုံ၊ ျပင္ပလူနာဌာနတြင္ လာမည့္ ဒီဇင္ဘာလ ၂၃ ရက္မွစတင္၍ စမ္းသပ္စစ္ေဆးသြားမည္ျဖစ္ၿပီး ယေန႔(ဒီဇင္ဘာလ ၄ ရက္)တြင္ စာရင္းႀကိဳတင္ေကာက္ခံေနၿပီျဖစ္ေၾကာင္း သိရသည္။

“ၿမိတ္ၿမိဳ႕မွာ ႏွစ္ႀကိမ္ေျမာက္ပါ။ အခုတစ္ေခါက္ကေတာ့ မ်က္စိေဝသနာရွင္ (၁၅၀၀)ကန႔္သတ္ထားပါတယ္။ ဒီေန႔ကစၿပီး လက္ခံေနပါတယ္။ အမည္၊ အသက္၊ ေနရပ္လိပ္စာ၊ မွတ္ပုံတင္နံပါတ္၊ ဖုန္းနံပါတ္လိုပါတယ္။ ဘယ္ေန႔ဘယ္ရက္ လာရမယ္ဆိုတာကို ဖုန္းဆက္အေၾကာင္းၾကားပါမယ္”ဟု အဆိုပါ ေဆး႐ုံ၏ က်န္းမာေရးမႉး ဦးေသာင္းထိုက္က NP News ကိုေျပာသည္။

ၿမိတ္ၿမိဳ႕ရွိ သီတဂူဇီဝိတဒါနစကၡဳဒါနေဆး႐ုံ၌ ပထမအႀကိမ္အျဖစ္ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၇ရက္မွ စတင္၍ အခမဲ့စမ္းသပ္စစ္ေဆးေပးခဲ့ရာ မ်က္စိေဝဒနာရွင္ (၂၀၀၀)ေက်ာ္ လာေရာက္ကုသခဲ့ေၾကာင္း သိရသည္။

အေသးစိတ္သိရွိလိုပါက သီတဂူဇီဝိတဒါနစကၡဳဒါနေဆး႐ုံ၏ ဖုန္း-၀၅၉၂၀၄၃၇၀၂ ႏွင့္ ဦးေသာင္းထိုက္(ေဆးမႉး)၏ ဖုန္း-၀၉၈၈၈၈၆၈၃၈၀ သို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.