လှည်းကူးမြို့တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂၀)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

 1261

သန့်ဇင် (NP News) - ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂၃)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက် ၈နာရီအချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးသွားကားလမ်း၊ စခန်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖောကားကရပ်ထားတာပါ။ သူနောက်မှာလဲ လူမပါတဲ့ စက်ရုံဖယ်ရီကားတစ်စီးကရပ်ထားတယ်။ အဲဒီကားရဲ့နောက်ကို လူအပြည့်နဲ့မောင်းလာတဲ့ စက်ရုံဖယ်ရီကားတစ်စီးက ဝင်တိုက်တာ”ဟု လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဝင်တိုက်ခံရသည့် ဖယ်ရီကားပေါ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦးတွင် ဘယ်ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့သည့်အပြင် ဝင်တိုက်သည့် ဖယ်ရီကားပေါ်မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂၀)ဦးသည် မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“နောက်ဆုံးကားက လူတော်တော်များများပါတယ်။ မိန်းကလေးက အယောက်(၂၀)နဲ့ ယောက်ျားလေးက (၂)ယောက်ပါတယ်။ သူတို့ကတော့မစိုးရိမ်ရပါဘူး။ အလည်က ဖယ်ရီက ယာဉ်မောင်းကတော့ ဘယ်ခြေထောက်ကျိုးသွားတယ်။ ကားခေါင်းလဲကြေမွသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လှည်းကူးမြို့နယ်သူနာပြုကြက်ခြေနီတပ်ဖွဲ့မှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့တွင် မောင်းနှင်ပြေးဆွဲနေသည့် စက်ရုံဖယ်ရီကားများအနေဖြင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်လိုအပ်ကြောင်းလည်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က တိုက်တွန်းအကြံပြုထားသည်။

zawgyi version
လွည္းကူးၿမိဳ႕တြင္ ကား(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူ(၂၀)ထက္မနည္း ထိခိုက္ဒဏ္ရာရရွိ

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၅

ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕တြင္ ကား(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူ(၂၃)ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း လွည္းကူးၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဒီဇင္ဘာလ ၅ ရက္)၊ နံနက္ ၈နာရီအခ်ိန္ခန႔္တြင္ လွည္းကူးၿမိဳ႕နယ္၊ လွည္းကူး-ေဖာင္ႀကီးသြားကားလမ္း၊ စခန္းႀကီးေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေဖာကားကရပ္ထားတာပါ။ သူေနာက္မွာလဲ လူမပါတဲ့ စက္႐ုံဖယ္ရီကားတစ္စီးကရပ္ထားတယ္။ အဲဒီကားရဲ႕ေနာက္ကို လူအျပည့္နဲ႔ေမာင္းလာတဲ့ စက္႐ုံဖယ္ရီကားတစ္စီးက ဝင္တိုက္တာ”ဟု လွည္းကူးၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ဝင္တိုက္ခံရသည့္ ဖယ္ရီကားေပၚမွ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးတြင္ ဘယ္ေျခေထာက္က်ိဳးဒဏ္ရာရရွိခဲ့သည့္အျပင္ ဝင္တိုက္သည့္ ဖယ္ရီကားေပၚမွ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၂၀)ဦးသည္ မစိုးရိမ္ရသည့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ေနာက္ဆုံးကားက လူေတာ္ေတာ္မ်ားမ်ားပါတယ္။ မိန္းကေလးက အေယာက္(၂၀)နဲ႔ ေယာက္်ားေလးက (၂)ေယာက္ပါတယ္။ သူတို႔ကေတာ့မစိုးရိမ္ရပါဘူး။ အလည္က ဖယ္ရီက ယာဥ္ေမာင္းကေတာ့ ဘယ္ေျခေထာက္က်ိဳးသြားတယ္။ ကားေခါင္းလဲေၾကမြသြားတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား လွည္းကူးၿမိဳ႕နယ္သူနာျပဳၾကက္ေျခနီတပ္ဖြဲ႕မွ လွည္းကူးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

လွည္းကူးၿမိဳ႕တြင္ ေမာင္းႏွင္ေျပးဆြဲေနသည့္ စက္႐ုံဖယ္ရီကားမ်ားအေနျဖင့္ ယာဥ္စည္း ကမ္း၊ လမ္းစည္းကမ္းလိုက္နာရန္လိုအပ္ေၾကာင္းလည္း လွည္းကူးၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕က တိုက္တြန္းအႀကံျပဳထားသည္။

Related news

© 2021. All rights reserved.