လယ်ဝေးမြို့နယ်ရှိ ရေသန့်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 692

စော (NP News) - ဒီဇင်ဘာ ၅

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ရေသန့်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက် (၁၀)နာရီအချိန်တွင် လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာရှိ ရေသန့်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပျဉ်မနားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါမီးလောင်မှုအား မီးသတ်တပ်ဖွဲ့များမှ Level 2 အဆင့်ဖြင့် တစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် (၁၁)နာရီအချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“မီးလောင်မှုအကြောင်းအရင်းကိုတော့ သူတို့ရှာဖွေနေဆဲပဲရှိသေးတယ်။ ရေသန့်စက်ရုံနဲ့ အရက်ချက်စက်ရုံအဟောင်းလို့ ပတ်ဝန်းကျင်ကပြောကြတယ်။ လက်ရှိတော့ ရေသန့်လုပ်ငန်းလည်ပတ်နေတယ်။ စက်ရုံဆိုတော့ မီးကများတယ်။ ပလစ်စတစ်တွေရောဆိုတော့ လောင်စာများတာပေါ့။ စက်ရုံရဲ့ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်”ဟု ပျဉ်မနားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မီးလောင်မှုကြောင့် မီးသတ်ဝန်ထမ်းတစ်ဦး နှင့် စက်ရုံအလုပ်သမား တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စက်ရုံအလုပ်သမားသည် မီးလောင်ဒဏ်ရာရရှိခဲ့သဖြင့် စိုးရိမ်ရကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို နေပြည်တော် ခုတင် (၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
လယ္ေဝးၿမိဳ႕နယ္ရွိ ေရသန႔္စက္႐ုံ၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိ

ေစာ (NP News) - ဒီဇင္ဘာ ၅

ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္ရွိ ေရသန႔္စက္႐ုံတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၅ ရက္)၊ နံနက္ (၁၀)နာရီအခ်ိန္တြင္ လယ္ေဝးၿမိဳ႕နယ္၊ ပတၱာေက်း႐ြာရွိ ေရသန႔္စက္႐ုံတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ပ်ဥ္မနားၿမိဳ႕နယ္အရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါမီးေလာင္မႈအား မီးသတ္တပ္ဖြဲ႕မ်ားမွ Level 2 အဆင့္ျဖင့္ တစ္နာရီၾကာ မီးျငႇိမ္းသတ္ခဲ့ရၿပီး နံနက္ (၁၁)နာရီအခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

“မီးေလာင္မႈအေၾကာင္းအရင္းကိုေတာ့ သူတို႔ရွာေဖြေနဆဲပဲရွိေသးတယ္။ ေရသန႔္စက္႐ုံနဲ႔ အရက္ခ်က္စက္႐ုံအေဟာင္းလို႔ ပတ္ဝန္းက်င္ကေျပာၾကတယ္။ လက္ရွိေတာ့ ေရသန႔္လုပ္ငန္းလည္ပတ္ေနတယ္။ စက္႐ုံဆိုေတာ့ မီးကမ်ားတယ္။ ပလစ္စတစ္ေတြေရာဆိုေတာ့ ေလာင္စာမ်ားတာေပါ့။ စက္႐ုံရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ပ်က္စီးသြားတယ္”ဟု ပ်ဥ္မနားၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မီးေလာင္မႈေၾကာင့္ မီးသတ္ဝန္ထမ္းတစ္ဦး ႏွင့္ စက္႐ုံအလုပ္သမား တစ္ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး စက္႐ုံအလုပ္သမားသည္ မီးေလာင္ဒဏ္ရာရရွိခဲ့သျဖင့္ စိုးရိမ္ရေၾကာင္း ၎ကေျပာသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေနျပည္ေတာ္ ခုတင္ (၁၀၀၀)ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.