ကျိုင်းတုံမြို့နယ်ရှိ ငါးကန်အတွင်း၌ ဆယ်ကျော်သက်အရွယ်ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

817
သန့်ဇင်(NP News) - ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ငါးကန်တစ်ခုအတွင်း၌ ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းထံမှ သိရသည်။
ရေနစ်သေဆုံးမှုဖြစ်စဉ်သည်သည် ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ မွန်းလွဲ ၁နာရီခွဲအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအတက်လမ်းရှိ ငါးကန်ဟောင်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကိုလည်း မီးသတ်ကလှမ်းခေါ်တာနဲ့ ရောက်သွားတာ။ သေဆုံးသူက ကလေးပါ။ ရေနစ်တဲ့အကြောင်းကိုတော့ သေချာမသိရပေမယ့် ရေကူးရင်းနစ်တဲ့သဘောပါ”ဟု တိုင်းနေနာရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် အသက်(၁၀)နှစ်ကျော်ဝန်းကျင်ဖြစ်ပြီး ရေဆင်းကူးစဉ်ရေနစ်သေဆုံးသွားခဲ့သည်ဟု ယူဆရကြောင်း အထက်ပါနာရေးကူညီမှုအသင်းက ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းအား တိုင်းနေနာရေးကူညီမှုအသင်းမှ ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
က်ိဳင္းတုံၿမိဳ႕နယ္ရွိ ငါးကန္အတြင္း၌ ဆယ္ေက်ာ္သက္အ႐ြယ္ကေလးငယ္တစ္ဦး ေရနစ္ေသဆုံး
သန႔္ဇင္(NP News) - ဒီဇင္ဘာ ၅
ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕နယ္ရွိ ငါးကန္တစ္ခုအတြင္း၌ ဆယ္ေက်ာ္သက္အ႐ြယ္ကေလးတစ္ဦး ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း တိုင္းေနနာေရးကူညီမႈအသင္းထံမွ သိရသည္။
ေရနစ္ေသဆုံးမႈျဖစ္စဥ္သည္သည္ ယေန႔(ဒီဇင္ဘာလ ၅ ရက္)၊ မြန္းလြဲ ၁နာရီခြဲအခ်ိန္ခန႔္တြင္ က်ိဳင္းတုံၿမိဳ႕နယ္၊ လြိဳင္ေမြအတက္လမ္းရွိ ငါးကန္ေဟာင္းတစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ကိုလည္း မီးသတ္ကလွမ္းေခၚတာနဲ႔ ေရာက္သြားတာ။ ေသဆုံးသူက ကေလးပါ။ ေရနစ္တဲ့အေၾကာင္းကိုေတာ့ ေသခ်ာမသိရေပမယ့္ ေရကူးရင္းနစ္တဲ့သေဘာပါ”ဟု တိုင္းေနနာေရးကူညီမႈအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေရနစ္ေသဆုံးသူအမ်ိဳးသားသည္ အသက္(၁၀)ႏွစ္ေက်ာ္ဝန္းက်င္ျဖစ္ၿပီး ေရဆင္းကူးစဥ္ေရနစ္ေသဆုံးသြားခဲ့သည္ဟု ယူဆရေၾကာင္း အထက္ပါနာေရးကူညီမႈအသင္းက ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းအား တိုင္းေနနာေရးကူညီမႈအသင္းမွ က်ိဳင္းတုံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။