မြန်မာနှင့်ဂျပန် တက္ကသိုလ်နှစ်ခုကြား ပညာရေးကဏ္ဍ၌အကျိုးတူပူးပေါင်းဆောင်ရွက်မည့်နားလည်မှုစာချွန်လွှာ ထပ်မံသက်တမ်းတိုး

619
စော (NP News) - ဒီဇင်ဘာ ၆
ဆေးတက္ကသိုလ်(၂)ရန်ကုန် နှင့် ဂျပန်နိုင်ငံ တက္ကသိုလ်တို့ကြား ပညာရေးဆိုင်ရာနယ်ပယ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ ထပ်မံသက်တမ်းတိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါလက်မှတ်ရေးထိုးခြင်းကို ယမန်နေ့(ဒီဇင်ဘာလ ၅ ရက်)တွင် နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆေးတက္ကသိုလ်(၂)ရန်ကုန် နှင့် ဂျပန်နိုင်ငံ Niigata University တို့အကြား ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
၎င်းနားလည်မှုစာချွန်လွှာအရ ဆေးတက္ကသိုလ် (၂)ရန်ကုန်နှင့် Niigata University တို့သည် သုတေသနလုပ်ငန်းများတွင် အဓိက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်ကြားရေး ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ ပညာရေးဆွေးနွေးပွဲများ နှင့် အခြားပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
zawgyi version
ျမန္မာႏွင့္ဂ်ပန္ တကၠသိုလ္ႏွစ္ခုၾကား ပညာေရးက႑၌အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မည့္နားလည္မႈစာခြၽန္လႊာ ထပ္မံသက္တမ္းတိုး
ေစာ (NP News) - ဒီဇင္ဘာ ၆
ေဆးတကၠသိုလ္(၂)ရန္ကုန္ ႏွင့္ ဂ်ပန္ႏိုင္ငံ တကၠသိုလ္တို႔ၾကား ပညာေရးဆိုင္ရာနယ္ပယ္မ်ားတြင္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မည့္ နားလည္မႈစာခြၽန္လႊာ ထပ္မံသက္တမ္းတိုးခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနထံမွ သိရသည္။
အဆိုပါလက္မွတ္ေရးထိုးျခင္းကို ယမန္ေန႔(ဒီဇင္ဘာလ ၅ ရက္)တြင္ ေနျပည္ေတာ္ရွိ က်န္းမာေရးလူ႔စြမ္းအား အရင္းအျမစ္ဦးစီးဌာန၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ေဆးတကၠသိုလ္(၂)ရန္ကုန္ ႏွင့္ ဂ်ပန္ႏိုင္ငံ Niigata University တို႔အၾကား ပညာရပ္ဆိုင္ရာနယ္ပယ္မ်ားတြင္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ရန္အတြက္ (၅)ႏွစ္သက္တမ္းရွိ နားလည္မႈစာခြၽန္လႊာ သက္တမ္းတိုးလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
၎နားလည္မႈစာခြၽန္လႊာအရ ေဆးတကၠသိုလ္ (၂)ရန္ကုန္ႏွင့္ Niigata University တို႔သည္ သုေတသနလုပ္ငန္းမ်ားတြင္ အဓိက ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သင္ၾကားေရး ဆရာ၊ ဆရာမမ်ား ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အျပန္အလွန္ေစလႊတ္ျခင္း၊ ပညာေရးေဆြးေႏြးပြဲမ်ား ႏွင့္ အျခားပညာရပ္ဆိုင္ရာ နယ္ပယ္မ်ားတြင္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။