ရှေ့တန်းစစ်မျက်နှာပြင်တွေကို ယူကရိန်းစစ်သမီးတွေ စေလွှတ်သွားဖို့ ယူကရိန်းလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

 1111

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၆

ယူကရိန်းအစိုးရအနေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေကို ယူကရိန်းစစ်သမီးတွေ စေလွှတ်သွားဖို့ လုပ်ဆောင်သင့်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးရဲ့ပါတီတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယူကရိန်းအာဏာရပါတီဖြစ်တဲ့ ‘Servant of the People’ ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မာရီယာနာ ဘီဇူလာယာက ယူကရိန်းနိုင်ငံကို ကူညီပေးဖို့ ဆန္ဒရှိနေတဲ့ ယူကရိန်းအမျိုးသမီးတွေ အပါအဝင် ပြည်သူတွေဟာ စစ်မှုထမ်းဖို့ အမည်စာရင်းပေးသင့်ကြောင်း ပြောပါတယ်။

ယူကရိန်းစစ်တပ်ကို ကူညီပေးဖို့ လုပ်အားပေးကူညီနေတဲ့လူတိုင်းကို ကျေးဇူးတင်ကြောင်း၊ ၎င်းက ပြောပါတယ်။ ၎င်းက "နိုင်ငံသားတွေဟာ အခွန်ပေးဖို့ တာဝန်ရှိတယ်။ ပြည်သူတွေဟာ နိုင်ငံအတွက်ဖြစ်ရမယ်။ လက်ရှိအချိန်မှာ နိုင်ငံအတွက် အကောင်းဆုံးလုပ်အားပေးသူတွေဟာ ယူကရိန်းစစ်တပ်မှာ ပါဝင်ဆောင်ရွက်နေတယ်။ ယူကရိန်း စစ်တပ်မှာ ပါဝင်ဖို့ အမျိုးသမီးတွေလည်း လျှောက်ထားသင့်တယ်။ ယူကရိန်းအစိုးရဟာ လက်ရှိအချိန်မှာ စစ်ပွဲနဲ့ပတ်သက်ပြီး အရေးကြီးအစီအစဉ်တွေလုပ်ဖို့ ပြင်ဆင်မယ်လို့ မျှော်လင့်ထားတယ်" လို့ ပြောပါတယ်။

ရုရှားထောက်လှမ်းရေးအဖွဲ့များက ယူကရိန်းဟာ စစ်ပွဲမှာ ပါဝင်ဖို့ အသက်အရွယ်ကြီးတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေအပြင် လူငယ်တွေကိုလည်း စစ်မှုထမ်းဖို့ ဥပဒေမူကြမ်းတွေကို ပြင်ဆင်ပြောင်းလဲသွားဖို့ စီစဉ်နေကြောင်း ဖော်ပြထားပါတယ်။

ယူကရိန်းဟာ ဇွန်လနောက်ပိုင်းကတည်းက ရုရှားနိုင်ငံအပေါ် ကြီးမားတဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သလောက် အောင်မြင်မှုမရဘဲ ရှိနေခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက ပိုင်နက်နယ်မြေ ၄ ခုအထိ စွန့်လွှတ်ဆုံးရှုံးထားရကြောင်း သိရပါတယ်။

ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေ ကောင်းမွန်မှုမရှိတဲ့အတွက် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ လိုလားခြင်းမရှိဘဲဖြစ်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။

Zawgyi Version;
ေရွ႕တန္းစစ္မ်က္ႏွာျပင္ေတြကို ယူကရိန္းစစ္သမီးေတြ ေစလႊတ္သြားဖို႔ ယူကရိန္းလႊတ္ေတာ္ကိုယ္စားလွယ္ တိုက္တြန္း
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၆

ယူကရိန္းအစိုးရအေနနဲ႔ ေရွ႕တန္းစစ္မ်က္ႏွာျပင္ေတြကို ယူကရိန္းစစ္သမီးေတြ ေစလႊတ္သြားဖို႔ လုပ္ေဆာင္သင့္ေၾကာင္း ယူကရိန္းသမၼတဇီလန္စကီးရဲ႕ပါတီတာဝန္ရွိသူေတြက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ယူကရိန္းအာဏာရပါတီျဖစ္တဲ့ ‘Servant of the People’ ပါတီရဲ႕လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ မာရီယာနာ ဘီဇူလာယာက ယူကရိန္းႏိုင္ငံကို ကူညီေပးဖို႔ ဆႏၵရွိေနတဲ့ ယူကရိန္းအမ်ိဳးသမီးေတြ အပါအဝင္ ျပည္သူေတြဟာ စစ္မႈထမ္းဖို႔ အမည္စာရင္းေပးသင့္ေၾကာင္း ေျပာပါတယ္။

ယူကရိန္းစစ္တပ္ကို ကူညီေပးဖို႔ လုပ္အားေပးကူညီေနတဲ့လူတိုင္းကို ေက်းဇူးတင္ေၾကာင္း၊ ၎က ေျပာပါတယ္။ ၎က "ႏိုင္ငံသားေတြဟာ အခြန္ေပးဖို႔ တာဝန္ရွိတယ္။ ျပည္သူေတြဟာ ႏိုင္ငံအတြက္ျဖစ္ရမယ္။ လက္ရွိအခ်ိန္မွာ ႏိုင္ငံအတြက္ အေကာင္းဆုံးလုပ္အားေပးသူေတြဟာ ယူကရိန္းစစ္တပ္မွာ ပါဝင္ေဆာင္႐ြက္ေနတယ္။ ယူကရိန္း စစ္တပ္မွာ ပါဝင္ဖို႔ အမ်ိဳးသမီးေတြလည္း ေလွ်ာက္ထားသင့္တယ္။ ယူကရိန္းအစိုးရဟာ လက္ရွိအခ်ိန္မွာ စစ္ပြဲနဲ႔ပတ္သက္ၿပီး အေရးႀကီးအစီအစဥ္ေတြလုပ္ဖို႔ ျပင္ဆင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္" လို႔ ေျပာပါတယ္။

႐ုရွားေထာက္လွမ္းေရးအဖြဲ႕မ်ားက ယူကရိန္းဟာ စစ္ပြဲမွာ ပါဝင္ဖို႔ အသက္အ႐ြယ္ႀကီးတဲ့ အမ်ိဳးသားေတြ၊ အမ်ိဳးသမီးေတြအျပင္ လူငယ္ေတြကိုလည္း စစ္မႈထမ္းဖို႔ ဥပေဒမူၾကမ္းေတြကို ျပင္ဆင္ေျပာင္းလဲသြားဖို႔ စီစဥ္ေနေၾကာင္း ေဖာ္ျပထားပါတယ္။

ယူကရိန္းဟာ ဇြန္လေနာက္ပိုင္းကတည္းက ႐ုရွားႏိုင္ငံအေပၚ ႀကီးမားတဲ့တန္ျပန္ထိုးစစ္ဆင္ခဲ့ေပမယ့္ ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရဘဲ ရွိေနခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းဟာ ႐ုရွားနဲ႔ စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းကတည္းက ပိုင္နက္နယ္ေျမ ၄ ခုအထိ စြန႔္လႊတ္ဆုံးရႈံးထားရေၾကာင္း သိရပါတယ္။

ယူကရိန္းရဲ႕တန္ျပန္ထိုးစစ္ဆင္မႈေတြ ေကာင္းမြန္မႈမရွိတဲ့အတြက္ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို ကူညီေထာက္ပံ့ေပးဖို႔ လိုလားျခင္းမရွိဘဲျဖစ္ေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနပါတယ္။

Related news

© 2021. All rights reserved.