သမ္မတဟောင်းဒေါ်နယ်ထရမ့် ယှဉ်ပြိုင်ရင် ရွေးကောက်ပွဲယှဉ်ပြိုင်မယ်လို့ ဂျိုးဘိုင်ဒန် ပြော

758

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၆
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ၎င်းအနေနဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရမှု က တားဆီးနိုင်ဖို့ ရွေးကောက်ပွဲတစ်ကျော့ပြန် ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ဒေါ်နယ်ထရမ့်ရွေးကောက်ပွဲ မပါဝင်ဘူး ဆိုရင် ၎င်းအနေနဲ့လည်း သမ္မတရွေးကောက်ပွဲကို တစ်ကျော့ပြန်ယှဉ်ပြိုင်ဖို့ မသေချာကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတက "ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမယှဉ်ပြိုင်ဘူးဆိုရင် ကျွန်တော်လည်း ရွေးကောက်ပွဲ တစ်ကျော့ပြန်ယှဉ်ပြိုင်ဖို့ မသေချာဘူး" လို့ ပြောပါတယ်။
အမေရိကန်သမ္မတဟာ ဒေါ်နယ်ထရမ့်ကို ဝေဖန်တိုက်ခိုက်ခဲ့တဲ့ ရီပတ်ဘလီကန်ပါတီတွေရဲ့ လစ်ချေနေးရဲ့ ပြောဆိုချက်များကိုလည်း ချီးကျူးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရီပတ်ဘလီကန်ပါတီလွှတ်တော်အမတ်ဟောင်း လစ်ချေနေးက "နှစ်ကြိမ်တိုင် စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာ တစ်ကျော့ ပြန်အနိုင်ရမယ်ဆိုရင် အမေရိကန်နိုင်ငံဟာ အာဏာရှင်လမ်းကြောင်းကို လျှောက်လှမ်းသွားဖွယ်ရှိနေတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "ရွေးကောက်ပွဲယှဉ်ပြိုင်မှုကနေ ဒေါ်နယ်ထရမ့်ထွက်မယ်ဆိုရင် ကျွန်တော်လည်း ထွက်မယ်။ ဒေါ်နယ်ထရမ့် ယှဉ်ပြိုင်မယ်ဆိုရင် ကျွန်တော်လည်း ယှဉ်ပြိုင်မယ်" လို့ ပြောပါတယ်။
ဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာ အသက် ၈၁ နှစ်အရွယ်ရှိနေပြီး သူရဲ့အသက်အရွယ်အရ အမေရိကန်နိုင်ငံသားအများစုဟာ ဂျိုးဘိုင်ဒန်အပေါ် လူကြိုက်နည်းနေကြောင်း မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ဂျိုး ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်တို့ဟာ အပြန်အလှန်ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်နေကြပါတယ်။ ဒေါ်နယ်ထရမ့်ကလည်း "ဂျိုးဘိုင်ဒန်ဟာ စစ်မှန်တဲ့အာဏာရှင်တစ်ဦးဖြစ်ပါတယ်" လို့ ပြောပါတယ်။

Zawgyi Version;
သမၼတေဟာင္းေဒၚနယ္ထရမ့္ ယွဥ္ၿပိဳင္ရင္ ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္မယ္လို႔ ဂ်ိဳးဘိုင္ဒန္ ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၆
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ၎အေနနဲ႔ သမၼတေဟာင္းေဒၚနယ္ထရမ့္ကို လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရမႈ က တားဆီးႏိုင္ဖို႔ ေ႐ြးေကာက္ပြဲတစ္ေက်ာ့ျပန္ ယွဥ္ၿပိဳင္မွာျဖစ္ေပမယ့္ ေဒၚနယ္ထရမ့္ေ႐ြးေကာက္ပြဲ မပါဝင္ဘူး ဆိုရင္ ၎အေနနဲ႔လည္း သမၼတေ႐ြးေကာက္ပြဲကို တစ္ေက်ာ့ျပန္ယွဥ္ၿပိဳင္ဖို႔ မေသခ်ာေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။
အေမရိကန္သမၼတက "ေဒၚနယ္ထရမ့္ဟာ ေ႐ြးေကာက္ပြဲမယွဥ္ၿပိဳင္ဘူးဆိုရင္ ကြၽန္ေတာ္လည္း ေ႐ြးေကာက္ပြဲ တစ္ေက်ာ့ျပန္ယွဥ္ၿပိဳင္ဖို႔ မေသခ်ာဘူး" လို႔ ေျပာပါတယ္။
အေမရိကန္သမၼတဟာ ေဒၚနယ္ထရမ့္ကို ေဝဖန္တိုက္ခိုက္ခဲ့တဲ့ ရီပတ္ဘလီကန္ပါတီေတြရဲ႕ လစ္ေခ်ေနးရဲ႕ ေျပာဆိုခ်က္မ်ားကိုလည္း ခ်ီးက်ဴးေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ရီပတ္ဘလီကန္ပါတီလႊတ္ေတာ္အမတ္ေဟာင္း လစ္ေခ်ေနးက "ႏွစ္ႀကိမ္တိုင္ စြပ္စြဲျပစ္တင္ခံရတဲ့ သမၼတေဟာင္းေဒၚနယ္ထရမ့္ဟာ ေ႐ြးေကာက္ပြဲမွာ တစ္ေက်ာ့ ျပန္အႏိုင္ရမယ္ဆိုရင္ အေမရိကန္ႏိုင္ငံဟာ အာဏာရွင္လမ္းေၾကာင္းကို ေလွ်ာက္လွမ္းသြားဖြယ္ရွိေနတယ္" လို႔ ေျပာပါတယ္။
ဒါ့အျပင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က "ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္မႈကေန ေဒၚနယ္ထရမ့္ထြက္မယ္ဆိုရင္ ကြၽန္ေတာ္လည္း ထြက္မယ္။ ေဒၚနယ္ထရမ့္ ယွဥ္ၿပိဳင္မယ္ဆိုရင္ ကြၽန္ေတာ္လည္း ယွဥ္ၿပိဳင္မယ္" လို႔ ေျပာပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ လက္ရွိအခ်ိန္မွာ အသက္ ၈၁ ႏွစ္အ႐ြယ္ရွိေနၿပီး သူရဲ႕အသက္အ႐ြယ္အရ အေမရိကန္ႏိုင္ငံသားအမ်ားစုဟာ ဂ်ိဳးဘိုင္ဒန္အေပၚ လူႀကိဳက္နည္းေနေၾကာင္း မၾကာေသးမီက ထြက္ေပၚခဲ့တဲ့ စစ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ဂ်ိဳး ဘိုင္ဒန္နဲ႔ ေဒၚနယ္ထရမ့္တို႔ဟာ အျပန္အလွန္ေဝဖန္ျပစ္တင္မႈမ်ား လုပ္ေဆာင္ေနၾကပါတယ္။ ေဒၚနယ္ထရမ့္ကလည္း "ဂ်ိဳးဘိုင္ဒန္ဟာ စစ္မွန္တဲ့အာဏာရွင္တစ္ဦးျဖစ္ပါတယ္" လို႔ ေျပာပါတယ္။