အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်စစ်သားတွေသေဆုံး၊ ဒဏ်ရာရခြင်းအပေါ် စိုးရိမ်မှုဖြစ်ရကြောင်း အမေရိကန်အစိုးရပြော

 434

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၆

အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်စစ်သားများ သေဆုံး၊ ဒဏ်ရာရခဲ့ခြင်းအပေါ် စိုးရိမ်မှုဖြစ်ရကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက "လက်ဘနွန်လက်နက်ကိုင်အဖွဲ့ဟာ လက်ဘနွန်နိုင်ငံတည်ငြိမ်ရေး၊ လုံခြုံရေးအတွက်သာကမ ဒေသတွင်းအတွက်လည်း လိုအပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။"လို့ ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ဂါဇာစစ်ပွဲပဋိပက္ခတွေကို လက်ဘနွန်နိုင်ငံအထိ ပျံ့နှံ့သွားမှာမလိုလားကြောင်း၊ အစ္စရေးနဲ့လက်ဘနွန်နယ်စပ်တစ်လျှောက်တည်ငြိမ်ရေးဟာ အမေရိကန်အစိုးရအတွက် အဓိကဦးစားပေးဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောဆိုခဲ့ပါတယ်။ အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးကို ဦးစားပေးဆောင် ရွက်သင့်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ဘနွန်အစိုးရက လက်ဘနွန်တောင်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုဟာ ဗုံးကြဲတိုက်ခိုက်ခံရကြောင်း၊ စစ်သားတစ်ဦးသေဆုံးခဲ့ကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။ ဟားမက်စ်နဲ့အစ္စရေးနိုင်ငံကြား စစ်ပွဲစတင်ဖြစ် ပွားခဲ့ပြီးနောက်ပိုင်း လက်ဘနွန်စစ်သားများပထမဆုံးအကြိမ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းပြောပါတယ်။

လက်ဘနွန်အခြေစိုက်လက်နက်ကိုင်အဖွဲ့ ဟစ်ဘိုလာအုပ်စုကတော့ ၎င်းတို့အနေနဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှာဖြစ်ကြောင်း၊ အစ္စရေးပိုင်နက်အတွင်းနေထိုင်သူများသေဆုံး၊ ဒဏ်ရာရတာမျိုးဖြစ်အောင် လုပ် ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ အစ္စရေးအစိုးရကတော့ လက်ဘနွန်စစ်သားတွေသေဆုံးရခြင်းဟာ မတော်တဆ အက်ဆီဒင့် မျိုးသာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ အစ္စရေးစစ်ဘက်က လက်ဘနွန် စစ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခြင်းအတွက် စိတ်မကောင်းဖြစ်ရပြီးတောင်းပန်ကြောင်း ၎င်းတို့ဟာ ဟစ်ဘိုလာအုပ်စုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

zawgyi version
အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ လက္ဘႏြန္စစ္သားေတြေသဆုံး၊ ဒဏ္ရာရျခင္းအေပၚ စိုးရိမ္မႈျဖစ္ရေၾကာင္း အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၆

အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ လက္ဘႏြန္စစ္သားမ်ား ေသဆုံး၊ ဒဏ္ရာရခဲ့ျခင္းအေပၚ စိုးရိမ္မႈျဖစ္ရေၾကာင္း အေမရိကန္အစိုးရက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက "လက္ဘႏြန္လက္နက္ကိုင္အဖြဲ႕ဟာ လက္ဘႏြန္ႏိုင္ငံတည္ၿငိမ္ေရး၊ လုံၿခဳံေရးအတြက္သာကမ ေဒသတြင္းအတြက္လည္း လိုအပ္တဲ့အဖြဲ႕အစည္းျဖစ္တယ္။"လို႔ ေျပာပါတယ္။

အေမရိကန္အစိုးရအေနနဲ႔ ဂါဇာစစ္ပြဲပဋိပကၡေတြကို လက္ဘႏြန္ႏိုင္ငံအထိ ပ်ံ႕ႏွံ႔သြားမွာမလိုလားေၾကာင္း၊ အစၥေရးနဲ႔လက္ဘႏြန္နယ္စပ္တစ္ေလွ်ာက္တည္ၿငိမ္ေရးဟာ အေမရိကန္အစိုးရအတြက္ အဓိကဦးစားေပးျဖစ္ေၾကာင္း အေမရိကန္အစိုးရ တာဝန္ရွိသူတစ္ဦးက ထပ္မံေျပာဆိုခဲ့ပါတယ္။ အစၥေရးနဲ႔ လက္ဘႏြန္ႏိုင္ငံအေနနဲ႔ နယ္စပ္ေဒသတည္ၿငိမ္ေရးကို ဦးစားေပးေဆာင္ ႐ြက္သင့္ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

လက္ဘႏြန္အစိုးရက လက္ဘႏြန္ေတာင္ပိုင္းရွိ စစ္အေျခစိုက္စခန္းတစ္ခုဟာ ဗုံးႀကဲတိုက္ခိုက္ခံရေၾကာင္း၊ စစ္သားတစ္ဦးေသဆုံးခဲ့ကာ သုံးဦးဒဏ္ရာရခဲ့ေၾကာင္း ေျပာပါတယ္။ ဟားမက္စ္နဲ႔အစၥေရးႏိုင္ငံၾကား စစ္ပြဲစတင္ျဖစ္ ပြားခဲ့ၿပီးေနာက္ပိုင္း လက္ဘႏြန္စစ္သားမ်ားပထမဆုံးအႀကိမ္ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္းေျပာပါတယ္။

လက္ဘႏြန္အေျခစိုက္လက္နက္ကိုင္အဖြဲ႕ ဟစ္ဘိုလာအုပ္စုကေတာ့ ၎တို႔အေနနဲ႔ အစၥေရးရဲ႕တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္မွာျဖစ္ေၾကာင္း၊ အစၥေရးပိုင္နက္အတြင္းေနထိုင္သူမ်ားေသဆုံး၊ ဒဏ္ရာရတာမ်ိဳးျဖစ္ေအာင္ လုပ္ ေဆာင္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ အစၥေရးအစိုးရကေတာ့ လက္ဘႏြန္စစ္သားေတြေသဆုံးရျခင္းဟာ မေတာ္တဆ အက္ဆီဒင့္ မ်ိဳးသာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။ အစၥေရးစစ္ဘက္က လက္ဘႏြန္ စစ္သားတစ္ဦးေသဆုံးကာ သုံးဦးဒဏ္ရာရျခင္းအတြက္ စိတ္မေကာင္းျဖစ္ရၿပီးေတာင္းပန္ေၾကာင္း ၎တို႔ဟာ ဟစ္ဘိုလာအုပ္စုကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းသာျဖစ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.