နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးတော့မည်မဟုတ်ဘဲ AD လိုင်စင်ရဘဏ်များအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ကြေညာ

 3345

မြူနစ် (NP News) - ဒီဇင်ဘာ ၆

နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးတော့မည်မဟုတ်ဘဲ AD လိုင်စင်ရဘဏ်များအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာလိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့(ဒီဇင်ဘာလ ၅ ရက်)တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စနှင့်ပတ်သက်၍ လိုင်စင်ရဘဏ်များကို အထက်ပါကဲ့သို့ အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading)တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ပေးမည် မဟုတ်ကြောင်း အကြောင်းကြားထားသည်။

ထို့ကြောင့် ဈေးကွက်အတွင်း၌ နိုင်ငံခြားငွေရောင်းချလိုသူ နှင့် ဝယ်ယူလိုသူတို့မှတင်သွင်းသော ငွေလဲလှယ်နှုန်းပေါ်မူတည်၍ Market rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်က ပြောသည်။

သို့သော် ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သော နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန်လိုအပ်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

“ဒီလိုဖွင့်ပေးလိုက်တဲ့အတွက် ပို့ကုန်ပိုင်းမှာ များလာနိုင်တယ်။ အဲဒီတော့ export များလာရင်တော့ ဒေါ်လာက ဝင်လာနိုင်တာပေါ့။ ဝင်လာရင်တော့ ပြည်တွင်းမှာ လိုအပ်ချက်အတွက် အထောက်အကူဖြစ်နိုင်တယ်။ အခုလို စက်သုံးပြဿနာတွေ လျော့သွားနိုင်တယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။

ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ နိုင်ငံခြားငွေလဲလှယ်နှုန်းအား လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးခဲ့သည့်အတွက် အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသော နိုင်ငံခြားငွေဒေါ်လာသည် ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက် လာနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

“ဒေါ်လာကို float လုပ်ပေးလိုက်တဲ့အတွက် ဒီထက်တော့ ပိုကောင်းနိုင်တယ်။ တစ်ပတ်လောက်ဆိုရင်တော့ ထူးခြားသွားမှာပါ။ ဒါပေမယ့် ဒီနေရာမှာ ဘယ်လောက်အထိ float လွတ်လွတ်လပ်လပ်ပေးလုပ်တာလဲ။ သို့တည်းမဟုတ် ဈေးတွေ တက်မှာစိုးလို့ဆိုပြီးတော့ ဘယ်သူက ဘယ်ဈေးနဲ့ ဘာကြောင့်ရောင်းတာလဲဆိုပြီးတော့ ခေါ်စစ်ရင်တော့ ဈေးကွက်က သိပ်မ ကောင်းလှဘူးထင်တယ်။ ဒါကတော့ သူတို့ဘယ်လို ကိုင်တွယ်မလဲတော့ မသိဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ပို့ကုန်ရငွေ နိုင်ငံခြားငွေများသည်လည်း ပြည်တွင်းသို့ ပိုမိုဝင်ရောက် လာနိုင်သည့်အပြင် ပြည်ပရောက်မြန်မာလုပ်သားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသော လစာများသည်လည်း ပိုမိုဝင်ရောက်လာနိုင်သည်ဟု လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

နစက၏ ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သောကာလအတွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်း သတ်မှတ်ခဲ့ပြီး Online Trading ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၂၉၀၀ ကျော်သတ်မှတ်ခဲ့သည်။

zawgyi version
ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းကို ဗဟိုဘဏ္က သတ္မွတ္ေပးေတာ့မည္မဟုတ္ဘဲ AD လိုင္စင္ရဘဏ္မ်ားအေနျဖင့္ လြတ္လပ္စြာ ေဆာင္႐ြက္ႏိုင္ေၾကာင္း ေၾကညာ
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၆

ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းကို ဗဟိုဘဏ္က သတ္မွတ္ေပးေတာ့မည္မဟုတ္ဘဲ AD လိုင္စင္ရဘဏ္မ်ားအေနျဖင့္ လြတ္လပ္စြာ ေဆာင္႐ြက္ႏိုင္ေၾကာင္း အသိေပးေၾကညာလိုက္သည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယမန္ေန႔(ဒီဇင္ဘာလ ၅ ရက္)တြင္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းကိစၥႏွင့္ပတ္သက္၍ လိုင္စင္ရဘဏ္မ်ားကို အထက္ပါကဲ့သို႔ အသိေပးအေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံျခားသုံးေငြမ်ား ေရာင္းဝယ္ေဖာက္ကားသည့္လုပ္ငန္း (AD)လိုင္စင္ရဘဏ္မ်ားအေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္ (Online Trading)တြင္ အေရာင္းအဝယ္ျပဳလုပ္ရာ၌ ေငြလဲလွယ္ႏႈန္းကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က သတ္မွတ္ေပးမည္ မဟုတ္ေၾကာင္း အေၾကာင္းၾကားထားသည္။

ထို႔ေၾကာင့္ ေဈးကြက္အတြင္း၌ ႏိုင္ငံျခားေငြေရာင္းခ်လိုသူ ႏွင့္ ဝယ္ယူလိုသူတို႔မွတင္သြင္းေသာ ေငြလဲလွယ္ႏႈန္းေပၚမူတည္၍ Market rate အတိုင္း လြတ္လပ္စြာ ေဆာင္႐ြက္ႏိုင္ေၾကာင္း ဗဟိုဘဏ္က ေျပာသည္။

သို႔ေသာ္ ေဈးကြက္အတြင္း ဝယ္ယူရရွိခဲ့ေသာ ႏိုင္ငံျခားေငြအား ျပည္ပသို႔ လႊဲေျပာင္းရာတြင္ ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီက သတ္မွတ္ထားသည့္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လႊဲေျပာင္းေပးရန္လိုအပ္ေၾကာင္းလည္း ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

“ဒီလိုဖြင့္ေပးလိုက္တဲ့အတြက္ ပို႔ကုန္ပိုင္းမွာ မ်ားလာႏိုင္တယ္။ အဲဒီေတာ့ export မ်ားလာရင္ေတာ့ ေဒၚလာက ဝင္လာႏိုင္တာေပါ့။ ဝင္လာရင္ေတာ့ ျပည္တြင္းမွာ လိုအပ္ခ်က္အတြက္ အေထာက္အကူျဖစ္ႏိုင္တယ္။ အခုလို စက္သုံးျပႆနာေတြ ေလ်ာ့သြားႏိုင္တယ္”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။

ဗဟိုဘဏ္အေနျဖင့္ ယခုကဲ့သို႔ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းအား လြတ္လပ္စြာေဆာင္႐ြက္ခြင့္ေပးခဲ့သည့္အတြက္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ သိမ္းဆည္းထားေသာ ႏိုင္ငံျခားေငြေဒၚလာသည္ ေဈးကြက္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ လာႏိုင္ေၾကာင္း လုပ္ငန္းရွင္မ်ားက သုံးသပ္ထားသည္။

“ေဒၚလာကို float လုပ္ေပးလိုက္တဲ့အတြက္ ဒီထက္ေတာ့ ပိုေကာင္းႏိုင္တယ္။ တစ္ပတ္ေလာက္ဆိုရင္ေတာ့ ထူးျခားသြားမွာပါ။ ဒါေပမယ့္ ဒီေနရာမွာ ဘယ္ေလာက္အထိ float လြတ္လြတ္လပ္လပ္ေပးလုပ္တာလဲ။ သို႔တည္းမဟုတ္ ေဈးေတြ တက္မွာစိုးလို႔ဆိုၿပီးေတာ့ ဘယ္သူက ဘယ္ေဈးနဲ႔ ဘာေၾကာင့္ေရာင္းတာလဲဆိုၿပီးေတာ့ ေခၚစစ္ရင္ေတာ့ ေဈးကြက္က သိပ္မ ေကာင္းလွဘူးထင္တယ္။ ဒါကေတာ့ သူတို႔ဘယ္လို ကိုင္တြယ္မလဲေတာ့ မသိဘူး” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ထို႔ျပင္ ပို႔ကုန္ရေငြ ႏိုင္ငံျခားေငြမ်ားသည္လည္း ျပည္တြင္းသို႔ ပိုမိုဝင္ေရာက္ လာႏိုင္သည့္အျပင္ ျပည္ပေရာက္ျမန္မာလုပ္သားမ်ား၏ ႏိုင္ငံျခားေငြျဖင့္ ရရွိေသာ လစာမ်ားသည္လည္း ပိုမိုဝင္ေရာက္လာႏိုင္သည္ဟု လုပ္ငန္းရွင္မ်ားက သုံးသပ္ထားသည္။

နစက၏ ဗဟိုဘဏ္အေနျဖင့္ ၿပီးခဲ့ေသာကာလအတြင္း၌ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း အေမရိကန္တစ္ေဒၚလာလွ်င္ ၂၁၀၀ က်ပ္ႏႈန္း သတ္မွတ္ခဲ့ၿပီး Online Trading ေဈးကြက္တြင္ တစ္ေဒၚလာလွ်င္ က်ပ္ ၂၉၀၀ ေက်ာ္သတ္မွတ္ခဲ့သည္။

Related news

© 2021. All rights reserved.