စက်သုံးဆီအရောင်းဆိုင်များသို့ ဆီဖြန့်ဝေပေးရန် ဆီတင်သင်္ဘော(၈)စီးထက်မနည်း အဆင်သင့်ရောက်ရှိနေ

9784
NP News - ဒီဇင်ဘာ ၆
ပြည်တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီဖြန့်ဝေပေးရန် ဆီတင်သင်္ဘော(၈)စီးထက်မနည်း အဆင်သင့်ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် အခြားသောမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ကားအများအပြားသည် တန်းစီစောင့်ဆိုင်းကာ စက်သုံးဆီဝယ်ယူနေရသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။
“လူကြီးတွေပြောနေသလိုပဲ ဆီသင်္ဘောတွေက တန်းစီနေတယ်ဆိုတာ မှန်တယ်။ ဆီသင်္ဘော (၈)စီး၊ (၁၀)စီးလောက် တန်းစီနေတယ်။ မြစ်ဝမှာပေါ့နော်။ ဒါပေမယ့် ဘာဖြစ်လို့ ဝင်မလာနိုင်လဲဆိုတော့ ပိုက်ဆံမရလို့ပေါ့။ အဓိကတော့ ကျပ်ငွေကိုတော့ ပိုက်ထားတယ်။ ဒါပေမယ့် ဒေါ်လာက ရှာလို့မရတဲ့ အခြေအနေဖြစ်နေတာပေါ့”ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်များ၌ လာရောက်တန်းစီစောင့်ဆိုင်နေသည့် ဆီဘောက်ဆာကားများသည်လည်း အများအပြားရှိနေကြောင်း သိရသည်။
“သင်္ဘောတွေက ရှိပေမယ့် ကန်တွေထဲကို ဆီမရောက်တဲ့အခါ ကန်တွေက စိတ်ကြိုက် ခွဲတမ်းချမပေးနိုင်ဘူးလေ။ ခွဲတမ်းချပေးတာက စက်သုံးဆီကော်မတီကနေ လုပ်ပေးနေတာ။ ကော်မတီက ခွဲတမ်းချပေးတဲ့နေရာမှာ ကန်ထဲမှာ ဆီဘယ်လောက်ရှိလဲဆိုတာကို ချိန်ပြီးတော့ ချရတာဖြစ်တဲ့အတွက် ဆီလက်ကျန်နည်းတော့ ခွဲတမ်းချရတဲ့နေရာမှာ နည်းနည်းကသိကအောက်ဖြစ်တယ်” ဟု စက်သုံးဆီလုပ်ငန်းရှင်က ပြောသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဒုဝန်ကြီးဦးသန့်စင်သည် လက်ရှိတွင် သီလဝါဆိပ်ကမ်းရှိ ဆီဘောက်စာကန်များရှိရာသို့ ရောက်ရှိနေကာ ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိအနေအခြေတွင် ရန်ကုန်မြို့၌ စက်သုံးဆီပြတ်လပ်မှုမရှိဘဲ ဆီလက်ကျန်နည်းနေသည့်အတွက် စက်သုံးဆီဆိုင်များက အကန့်အသတ်ဖြင့် ရောင်းချပေးလျက်ရှိပြီး ဆီတင်သင်္ဘောများသည်လည်း အဆင်သင့်ရောက်ရှိနေပြီဖြစ်ကြောင်း သိ ရသည်။
“ဆီသိုလှောင်ကန်ထဲမှာ ဆီလက်ကျန်နည်းနေတာ မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီသင်္ဘောတွေ ရောက်နေပေမယ့် ကန်ထဲကို ဆီထည့်ဖို့ ပိုက်ဆံက အပြည့်မချေနိုင်သေးဘူးဖြစ်နေတယ်။ အဲဒါကြောင့် ရှိတဲ့ဆီနဲ့ပဲ ရောင်းပေးနေတာ ဖြစ်တယ်။ အဲဒါကိုလည်း ဖြေရှင်းဖို့ လုပ်နေပါပြီ။ အဓိကပြောချင်တာကတော့ စက်သုံးဆီနဲ့ပတ်သက်ရင် အလောတကြီးမလိုအပ်ရင် တန်းစီတိုးကြိတ်နေတာမျိုး မလုပ်ဖို့လိုပါတယ်။ လက်ကျန်နဲ့ သုံးလို့ရသေးရင်သုံးပါ။ စိုးရိမ်မှုလွန်ကဲဖို့ မလိုပါဘူး။ စိုးရိမ်မှုလွန်ကဲရင်နေ နောက် ဆက်တွဲအကျိုးဆက်က ပိုဆိုးလာနိုင်ပါတယ်”ဟု စက်သုံးဆီလုပ်ငန်းရှင်က အကြံ ပြုထားသည်။
ယနေ့(ဒီဇင်ဘာလ ၆ ရက်)တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ 92 တစ်လီတာလျှင် (၂၅၁၀) ကျပ်၊ 95 တစ်လီတာလျှင် (၂၆၄၀)ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၂၁၀)ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် (၂၃၀၅) ကျပ်ဖြင့် ရောင်းချရန် ကော်မတီက သတ်မှတ်ပေးထားသည်။

zawgyi version
စက္သုံးဆီအေရာင္းဆိုင္မ်ားသို႔ ဆီျဖန႔္ေဝေပးရန္ ဆီတင္သေဘၤာ(၈)စီးထက္မနည္း အဆင္သင့္ေရာက္ရွိေန
NP News - ဒီဇင္ဘာ ၆
ျပည္တြင္းရွိ စက္သုံးဆီအေရာင္းဆိုင္မ်ားသို႔ ဆီျဖန႔္ေဝေပးရန္ ဆီတင္သေဘၤာ(၈)စီးထက္မနည္း အဆင္သင့္ေရာက္ရွိေနေၾကာင္း သိရသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားေသာၿမိဳ႕မ်ားရွိ စက္သုံးဆီအေရာင္းဆိုင္မ်ား၌ ကားအမ်ားအျပားသည္ တန္းစီေစာင့္ဆိုင္းကာ စက္သုံးဆီဝယ္ယူေနရသည့္အေျခအေနမ်ား ျဖစ္ေပၚလ်က္ရွိသည္။
“လူႀကီးေတြေျပာေနသလိုပဲ ဆီသေဘၤာေတြက တန္းစီေနတယ္ဆိုတာ မွန္တယ္။ ဆီသေဘၤာ (၈)စီး၊ (၁၀)စီးေလာက္ တန္းစီေနတယ္။ ျမစ္ဝမွာေပါ့ေနာ္။ ဒါေပမယ့္ ဘာျဖစ္လို႔ ဝင္မလာႏိုင္လဲဆိုေတာ့ ပိုက္ဆံမရလို႔ေပါ့။ အဓိကေတာ့ က်ပ္ေငြကိုေတာ့ ပိုက္ထားတယ္။ ဒါေပမယ့္ ေဒၚလာက ရွာလို႔မရတဲ့ အေျခအေနျဖစ္ေနတာေပါ့”ဟု စက္သုံးဆီလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ ရန္ကုန္ၿမိဳ႕၊ သီလဝါဆိပ္ကမ္းရွိ စက္သုံးဆီသိုေလွာင္ကန္မ်ား၌ လာေရာက္တန္းစီေစာင့္ဆိုင္ေနသည့္ ဆီေဘာက္ဆာကားမ်ားသည္လည္း အမ်ားအျပားရွိေနေၾကာင္း သိရသည္။
“သေဘၤာေတြက ရွိေပမယ့္ ကန္ေတြထဲကို ဆီမေရာက္တဲ့အခါ ကန္ေတြက စိတ္ႀကိဳက္ ခြဲတမ္းခ်မေပးႏိုင္ဘူးေလ။ ခြဲတမ္းခ်ေပးတာက စက္သုံးဆီေကာ္မတီကေန လုပ္ေပးေနတာ။ ေကာ္မတီက ခြဲတမ္းခ်ေပးတဲ့ေနရာမွာ ကန္ထဲမွာ ဆီဘယ္ေလာက္ရွိလဲဆိုတာကို ခ်ိန္ၿပီးေတာ့ ခ်ရတာျဖစ္တဲ့အတြက္ ဆီလက္က်န္နည္းေတာ့ ခြဲတမ္းခ်ရတဲ့ေနရာမွာ နည္းနည္းကသိကေအာက္ျဖစ္တယ္” ဟု စက္သုံးဆီလုပ္ငန္းရွင္က ေျပာသည္။
စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီဥကၠ႒ စြမ္းအင္ဒုဝန္ႀကီးဦးသန႔္စင္သည္ လက္ရွိတြင္ သီလဝါဆိပ္ကမ္းရွိ ဆီေဘာက္စာကန္မ်ားရွိရာသို႔ ေရာက္ရွိေနကာ ႀကီးၾကပ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
လက္ရွိအေနအေျခတြင္ ရန္ကုန္ၿမိဳ႕၌ စက္သုံးဆီျပတ္လပ္မႈမရွိဘဲ ဆီလက္က်န္နည္းေနသည့္အတြက္ စက္သုံးဆီဆိုင္မ်ားက အကန႔္အသတ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိၿပီး ဆီတင္သေဘၤာမ်ားသည္လည္း အဆင္သင့္ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိ ရသည္။
“ဆီသိုေလွာင္ကန္ထဲမွာ ဆီလက္က်န္နည္းေနတာ မွန္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဆီသေဘၤာေတြ ေရာက္ေနေပမယ့္ ကန္ထဲကို ဆီထည့္ဖို႔ ပိုက္ဆံက အျပည့္မေခ်ႏိုင္ေသးဘူးျဖစ္ေနတယ္။ အဲဒါေၾကာင့္ ရွိတဲ့ဆီနဲ႔ပဲ ေရာင္းေပးေနတာ ျဖစ္တယ္။ အဲဒါကိုလည္း ေျဖရွင္းဖို႔ လုပ္ေနပါၿပီ။ အဓိကေျပာခ်င္တာကေတာ့ စက္သုံးဆီနဲ႔ပတ္သက္ရင္ အေလာတႀကီးမလိုအပ္ရင္ တန္းစီတိုးႀကိတ္ေနတာမ်ိဳး မလုပ္ဖို႔လိုပါတယ္။ လက္က်န္နဲ႔ သုံးလို႔ရေသးရင္သုံးပါ။ စိုးရိမ္မႈလြန္ကဲဖို႔ မလိုပါဘူး။ စိုးရိမ္မႈလြန္ကဲရင္ေန ေနာက္ ဆက္တြဲအက်ိဳးဆက္က ပိုဆိုးလာႏိုင္ပါတယ္”ဟု စက္သုံးဆီလုပ္ငန္းရွင္က အႀကံ ျပဳထားသည္။
ယေန႔(ဒီဇင္ဘာလ ၆ ရက္)တြင္ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္မ်ား၌ 92 တစ္လီတာလွ်င္ (၂၅၁၀) က်ပ္၊ 95 တစ္လီတာလွ်င္ (၂၆၄၀)က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ (၂၂၁၀)က်ပ္ ႏွင့္ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ (၂၃၀၅) က်ပ္ျဖင့္ ေရာင္းခ်ရန္ ေကာ္မတီက သတ္မွတ္ေပးထားသည္။