မူဆယ်မြို့ ရွှေလီမြစ်အတွင်း၌ ရေဆင်းကူးသည့် ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေ

 327

သန့်ဇင် (NP News) - ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ရွှေလီမြစ်အတွင်း၌ ရေဆင်းကူးသည့် ဆယ် ကျော်သက်အရွယ်ကလေးတစ်ဦး ရေနစ်ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၆ရက်)၊ နံနက် ၁၁နာရီအချိန်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ၊ ရွှေလီမြစ်အတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“သူငယ်ချင်း(၃)ယောက်ရေဆင်းကူကြရင်းကနေ တစ်ယောက်ကရေထဲမှာ ပျောက်သွားလို့ ကျန်တဲ့(၂)ယောက်က လာပြောလို့ သိရတာပေါ့” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ်သည် အသက်(၁၃)နှစ်အရွယ်ခန့် ယောကျာ်းလေးဖြစ်ပြီး သူငယ်ချင်း(၂)ဦးနှင့်အတူ မြစ်အတွင်း ရေကူးနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါပျောက်ဆုံးနေသည့်ကလေးအား ဒေသခံလူမှုကူညီရေးအသင်းများ ပူးပေါင်းကာ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

zawgyi version
မူဆယ္ၿမိဳ႕ ေ႐ႊလီျမစ္အတြင္း၌ ေရဆင္းကူးသည့္ ဆယ္ေက်ာ္သက္အ႐ြယ္ကေလးတစ္ဦး ေရနစ္ေပ်ာက္ဆုံးေန

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၆

ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕၊ ေ႐ႊလီျမစ္အတြင္း၌ ေရဆင္းကူးသည့္ ဆယ္ ေက်ာ္သက္အ႐ြယ္ကေလးတစ္ဦး ေရနစ္ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၆ရက္)၊ နံနက္ ၁၁နာရီအခ်ိန္တြင္ မူဆယ္ၿမိဳ႕၊ ဟိုမြန္ရပ္ကြက္ရွိ၊ ေ႐ႊလီျမစ္အတြင္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

“သူငယ္ခ်င္း(၃)ေယာက္ေရဆင္းကူၾကရင္းကေန တစ္ေယာက္ကေရထဲမွာ ေပ်ာက္သြားလို႔ က်န္တဲ့(၂)ေယာက္က လာေျပာလို႔ သိရတာေပါ့” ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေရနစ္ေပ်ာက္ဆုံးေနသည့္ ကေလးငယ္သည္ အသက္(၁၃)ႏွစ္အ႐ြယ္ခန႔္ ေယာက်ာ္းေလးျဖစ္ၿပီး သူငယ္ခ်င္း(၂)ဦးႏွင့္အတူ ျမစ္အတြင္း ေရကူးေနစဥ္ ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါေပ်ာက္ဆုံးေနသည့္ကေလးအား ေဒသခံလူမႈကူညီေရးအသင္းမ်ား ပူးေပါင္းကာ ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.