ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအတွက် ဘေးကင်းသောနေရာများမရှိတော့ကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးပြော

 322

Pika (NP News) - ဒီဇင်ဘာ ၆

အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြီးဆုံးခဲ့ပြီးနောက် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေမှုသည့်အတွက် ပါလက်စတိုင်းလူမျိုးများသည် မည်သည့်နေရာကိုမှ သွားစရာမရှိတော့ကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ၎င်းတို့၏ ထိုးစစ်ဆင်မှုများကို ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းသို့ ပြောင်းနေပြီး ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းမှုများ လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်းလည်း သိရသည်။ အဆိုပါဒေသကို အန္တရာယ်ကင်းဇုန်အဖြစ် သတ်မှတ်ခဲ့သော်လည်း အစ္စရေးစစ်တပ်၏ လက်ရှိလှုပ်ရှားမှုများကို ပါလက်စတိုင်းလူမျိုးများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။

ဂါဇာရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်အေဂျင်စီ (UNRWA) ၏ အကြီးအကဲ သောမတ်စ်ဝှိုက်က "ဘေးလွတ်ကင်းရာနေရာတွေကို ဘယ်လိုရှာရမလဲဆိုတော့ အကြံဥာဏ်တွေကို ပြည်သူတွေက တောင်းခံနေကြပါတယ်။ ကျွန်တော်တို့မှာ သူတို့ကို ပြန်ပြောစရာစကားမရှိပါဘူး" ဟု ပြောခဲ့သည်။

ထို့အပြင် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ Khan Younis မြို့အနီးတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ Khan Younis မြို့၏ မြောက်ဖက်နှင့် အရှေ့ဖက်တို့ရှိ နေရာအချို့သည် အလွန်အန္တရာယ်များကြောင်း ပါလက်စတိုင်းလူမျိုးများကို အစ္စရေးစစ်တပ်က ဒီဇင်ဘာလ(၄)ရက်တွင် သတိပေးခဲ့ပြီး ၎င်းတို့ကို Rafah မြို့ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိနိုင်မည့် လမ်းစများကိုပေးခဲ့ကြောင်းလည်း သိရသည်။

သို့သော်လည်း ဒီဇင်ဘာလ(၄)ရက်တွင် အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး နယ်စပ်ဖြတ်ကျော်သွားသည့် လမ်းများတွင် ကားများ၊ မြည်းလှည်းများဖြင့် ပိတ်ဆို့နေကြောင်း သောမတ်စ်ဝှိုက်က ပြောကြားခဲ့သည်။ ထို့အပြင် လူဦးရေ (၂၈ဝဝဝဝ)ခန့်ရှိသော Rafah မြို့သည် ရွှေ့ပြောင်းနေထိုင်သူ (၄၇ဝဝဝဝ)ခန့်ကို လက်ခံထားပြီးဖြစ်သော ကြောင့် နောက်ထပ်ဝင်ရောက်လာမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်တော့မည်မဟုတ်ကြောင်း သောမတ်စ်ဝှိုက် ဒီဇင်ဘာလ(၅)ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် ဟားမက်လက်နက်ကိုင်အဖွဲ့ နှင့် အခြေခံအဆောက်အဦးများကို အင်အားအမြင့်ဆုံး သုံးကာ နှိမ်နှင်းသွားမည်ဖြစ်သလို ပြည်သူများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က ပြောကြားခဲ့သည်။

ထို့အပြင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းတွင် ဟားမက်လက်နက်ကိုင်အဖွဲ့များကို လိုက်လံရှာဖွေနေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ အစ္စရေးဖက်မှ လူ(၁၂ဝဝ)ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်းဖက်မှ လူ(၁၅၉ဝဝ)ဝန်းကျင် သေဆုံးထားကြောင်း သိရသည်။

Zawgyi Version;
ဂါဇာကမ္းေျမာင္ေဒသရွိ ျပည္သူမ်ားအတြက္ ေဘးကင္းေသာေနရာမ်ားမရွိေတာ့ေၾကာင္း ကုလသမဂၢအရာရွိတစ္ဦးေျပာ
Pika (NP News) - ဒီဇင္ဘာ ၆

အစၥေရးႏွင့္ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ၿပီးဆုံးခဲ့ၿပီးေနာက္ အစၥေရးစစ္တပ္က ဂါဇာကမ္းေျမာင္ေဒသကို ထိုးစစ္ဆင္မႈမ်ား လုပ္ေဆာင္ေနမႈသည့္အတြက္ ပါလက္စတိုင္းလူမ်ိဳးမ်ားသည္ မည္သည့္ေနရာကိုမွ သြားစရာမရွိေတာ့ေၾကာင္း ကုလသမဂၢအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။

အစၥေရးစစ္တပ္သည္ ၎တို႔၏ ထိုးစစ္ဆင္မႈမ်ားကို ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းသို႔ ေျပာင္းေနၿပီး ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းမႈမ်ား လုပ္ေဆာင္ရန္ တိုက္တြန္းထားေၾကာင္းလည္း သိရသည္။ အဆိုပါေဒသကို အႏၲရာယ္ကင္းဇုန္အျဖစ္ သတ္မွတ္ခဲ့ေသာ္လည္း အစၥေရးစစ္တပ္၏ လက္ရွိလႈပ္ရွားမႈမ်ားကို ပါလက္စတိုင္းလူမ်ိဳးမ်ားႏွင့္ လူ႔အခြင့္အေရးအဖြဲ႕မ်ားက ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။

ဂါဇာရွိ ပါလက္စတိုင္းဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢကယ္ဆယ္ေရးႏွင့္ အလုပ္ေအဂ်င္စီ (UNRWA) ၏ အႀကီးအကဲ ေသာမတ္စ္ဝႈိက္က "ေဘးလြတ္ကင္းရာေနရာေတြကို ဘယ္လိုရွာရမလဲဆိုေတာ့ အႀကံဥာဏ္ေတြကို ျပည္သူေတြက ေတာင္းခံေနၾကပါတယ္။ ကြၽန္ေတာ္တို႔မွာ သူတို႔ကို ျပန္ေျပာစရာစကားမရွိပါဘူး" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ဂါဇာကမ္းေျမာင္ေဒသ ေတာင္ပိုင္းရွိ Khan Younis ၿမိဳ႕အနီးတြင္ တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားခဲ့ေၾကာင္း မီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။ Khan Younis ၿမိဳ႕၏ ေျမာက္ဖက္ႏွင့္ အေရွ႕ဖက္တို႔ရွိ ေနရာအခ်ိဳ႕သည္ အလြန္အႏၲရာယ္မ်ားေၾကာင္း ပါလက္စတိုင္းလူမ်ိဳးမ်ားကို အစၥေရးစစ္တပ္က ဒီဇင္ဘာလ(၄)ရက္တြင္ သတိေပးခဲ့ၿပီး ၎တို႔ကို Rafah ၿမိဳ႕ရွိ ဒုကၡသည္စခန္းသို႔ ေရာက္ရွိႏိုင္မည့္ လမ္းစမ်ားကိုေပးခဲ့ေၾကာင္းလည္း သိရသည္။

သို႔ေသာ္လည္း ဒီဇင္ဘာလ(၄)ရက္တြင္ အေျခအေနမ်ားမွာ ပိုမိုဆိုး႐ြားလာခဲ့ၿပီး နယ္စပ္ျဖတ္ေက်ာ္သြားသည့္ လမ္းမ်ားတြင္ ကားမ်ား၊ ျမည္းလွည္းမ်ားျဖင့္ ပိတ္ဆို႔ေနေၾကာင္း ေသာမတ္စ္ဝႈိက္က ေျပာၾကားခဲ့သည္။ ထို႔အျပင္ လူဦးေရ (၂၈ဝဝဝဝ)ခန႔္ရွိေသာ Rafah ၿမိဳ႕သည္ ေ႐ႊ႕ေျပာင္းေနထိုင္သူ (၄၇ဝဝဝဝ)ခန႔္ကို လက္ခံထားၿပီးျဖစ္ေသာ ေၾကာင့္ ေနာက္ထပ္ဝင္ေရာက္လာမႈမ်ားကို ကိုင္တြယ္ေျဖရွင္းႏိုင္ေတာ့မည္မဟုတ္ေၾကာင္း ေသာမတ္စ္ဝႈိက္ ဒီဇင္ဘာလ(၅)ရက္တြင္ ေျပာၾကားခဲ့သည္။

အစၥေရးတပ္ဖြဲ႕မ်ားသည္ ဟားမက္လက္နက္ကိုင္အဖြဲ႕ ႏွင့္ အေျခခံအေဆာက္အဦးမ်ားကို အင္အားအျမင့္ဆုံး သုံးကာ ႏွိမ္ႏွင္းသြားမည္ျဖစ္သလို ျပည္သူမ်ား ထိခိုက္မႈအနည္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အစၥေရးစစ္တပ္ေျပာေရးဆိုခြင့္ရွိသူ Daniel Hagari က ေျပာၾကားခဲ့သည္။

ထို႔အျပင္ အစၥေရးတပ္ဖြဲ႕မ်ားသည္ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းတြင္ ဟားမက္လက္နက္ကိုင္အဖြဲ႕မ်ားကို လိုက္လံရွာေဖြေနေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့သည္။ အစၥေရး ႏွင့္ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္အထိ အစၥေရးဖက္မွ လူ(၁၂ဝဝ)ေက်ာ္ ေသဆုံးခဲ့ၿပီး ပါလက္စတိုင္းဖက္မွ လူ(၁၅၉ဝဝ)ဝန္းက်င္ ေသဆုံးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.