ပညာရေးဝန်ကြီးဌာနတွင် လစ်လပ်နေသော ရာထူးနေရာများအတွက် ဝန်ထမ်း (၁၅၀၀)ခေါ်ယူ

 5136

သန့်ဇင် (NP News) - ဒီဇင်ဘာ ၆

ပညာရေးဝန်ကြီးဌာနတွင် လစ်လပ်နေသော ရာထူးနေရာများအတွက် ဝန်ထမ်း (၁၅၀၀)ခေါ်ယူမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာလ ၆ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ရုံးချုပ်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများဖြစ်သည့် အငယ်တန်းစာရေး၊ စာရင်းကိုင်(၄)၊ ဒု-လက်ထောက်ကျွန်ပျူတာလုပ် ဆောင်ရေးမှူး၊ ဓာတ်ခွဲခန်းကျွမ်းကျင်(၅)၊ စာကြည့်တိုက် လ/ထ(၅)၊ ယာဉ်မောင်း(၅) နှင့် ရုံးအကူနေရာများအတွက် ဝန်ထမ်းများခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရာထူးနေရာများအတွက် လျှောက်ထားလိုသူများသည် ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် သတ်မှတ်ချက်(၇)ချက်နှင့် ကိုက်ညီရန်လိုအပ်ကြောင်းလည်း သိရသည်။

အလားတူ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ဝန်ထမ်းများအနေဖြင့် အထက်ပါ ဝန်ထမ်းနေရာများတွင် လွှဲပြောင်းတာဝန်ထမ်းဆောင်လိုပါက မိမိတာဝန်ထမ်းဆောင်နေသည့် သက်ဆိုင်ရာဦးစီးဌာနမှ ခွင့်ပြုချက်ရယူပြီး နီးစပ်ရာတက္ကသိုလ်၊ ဌာနများသို့ တိုက်ရိုက်လျှောက်ထား၍ စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

လျှောက်ထားလိုသူများသည် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချက်(၆)ချက်ပါ လျှောက်လွှာပုံစံနှင့်အတူ ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားကာ နီးစပ်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ဌာနများသို့ ပေးပို့လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်လွှာ ပုံစံအား www.moe.gov.mm နှင့် www.dhe.gov.mm တို့တွင် Download ရယူနိုင်ကြောင်း သိရသည်။

ထို့နောက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် လျှောက်ထားသူများသည် မိမိတို့လျှောက်လွှာတင်သွင်းခဲ့သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဟူ၍ ဘာသာရပ် (၃)ခုဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်း(၅)ရာထူးလျှောက်ထားသူများအနေဖြင့်လည်း ရေဖြေစာမေးပွဲဝင်ရောက်ဖြေဆိုရန်မလိုအပ်ဘဲ လူတွေ့စာမေးပွဲကိုသာ ဖြေဆိုရမည်ဖြစ်ပြီး လိုအပ်ပါက လက်တွေ့ယာဉ်မောင်းကျွမ်းကျင်မှုကို စစ်ဆေးခံယူရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ပညာေရးဝန္ႀကီးဌာနတြင္ လစ္လပ္ေနေသာ ရာထူးေနရာမ်ားအတြက္ ဝန္ထမ္း (၁၅၀၀)ေခၚယူ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၆

ပညာေရးဝန္ႀကီးဌာနတြင္ လစ္လပ္ေနေသာ ရာထူးေနရာမ်ားအတြက္ ဝန္ထမ္း (၁၅၀၀)ေခၚယူမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနထံမွ သိရသည္။

ပညာေရးဝန္ႀကီးဌာနက ယေန႔(ဒီဇင္ဘာလ ၆ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနမွ ႐ုံးခ်ဳပ္ႏွင့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ဌာနမ်ားတြင္ လစ္လပ္လ်က္ရွိေသာ ရာထူးေနရာမ်ားျဖစ္သည့္ အငယ္တန္းစာေရး၊ စာရင္းကိုင္(၄)၊ ဒု-လက္ေထာက္ကြၽန္ပ်ဴတာလုပ္ ေဆာင္ေရးမႉး၊ ဓာတ္ခြဲခန္းကြၽမ္းက်င္(၅)၊ စာၾကည့္တိုက္ လ/ထ(၅)၊ ယာဥ္ေမာင္း(၅) ႏွင့္ ႐ုံးအကူေနရာမ်ားအတြက္ ဝန္ထမ္းမ်ားေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါရာထူးေနရာမ်ားအတြက္ ေလွ်ာက္ထားလိုသူမ်ားသည္ ပညာေရးဝန္ႀကီးဌာနမွထုတ္ျပန္ထားသည့္ သတ္မွတ္ခ်က္(၇)ခ်က္ႏွင့္ ကိုက္ညီရန္လိုအပ္ေၾကာင္းလည္း သိရသည္။

အလားတူ ပညာေရးဝန္ႀကီးဌာနတြင္ တာဝန္ထမ္းေဆာင္ေနသည့္ သတ္မွတ္အရည္အခ်င္းႏွင့္ ကိုက္ညီသည့္ ဝန္ထမ္းမ်ားအေနျဖင့္ အထက္ပါ ဝန္ထမ္းေနရာမ်ားတြင္ လႊဲေျပာင္းတာဝန္ထမ္းေဆာင္လိုပါက မိမိတာဝန္ထမ္းေဆာင္ေနသည့္ သက္ဆိုင္ရာဦးစီးဌာနမွ ခြင့္ျပဳခ်က္ရယူၿပီး နီးစပ္ရာတကၠသိုလ္၊ ဌာနမ်ားသို႔ တိုက္႐ိုက္ေလွ်ာက္ထား၍ စာေမးပြဲဝင္ေရာက္ေျဖဆိုႏိုင္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

ေလွ်ာက္ထားလိုသူမ်ားသည္ ပညာေရးဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္ အခ်က္(၆)ခ်က္ပါ ေလွ်ာက္လႊာပုံစံႏွင့္အတူ ဒီဇင္ဘာလ ၃၁ ရက္ေနာက္ဆုံးထားကာ နီးစပ္ရာတကၠသိုလ္၊ ဒီဂရီေကာလိပ္ ႏွင့္ ဌာနမ်ားသို႔ ေပးပို႔ေလွ်ာက္ထားႏိုင္မည္ျဖစ္ၿပီး ေလွ်ာက္လႊာ ပုံစံအား www.moe.gov.mm ႏွင့္ www.dhe.gov.mm တို႔တြင္ Download ရယူႏိုင္ေၾကာင္း သိရသည္။

ထို႔ေနာက္ သတ္မွတ္အရည္အခ်င္းႏွင့္ကိုက္ညီသည့္ ေလွ်ာက္ထားသူမ်ားသည္ မိမိတို႔ေလွ်ာက္လႊာတင္သြင္းခဲ့သည့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ဌာနမ်ားတြင္ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ အေထြေထြဗဟုသုတဟူ၍ ဘာသာရပ္ (၃)ခုျဖင့္ စာေမးပြဲဝင္ေရာက္ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္း(၅)ရာထူးေလွ်ာက္ထားသူမ်ားအေနျဖင့္လည္း ေရေျဖစာေမးပြဲဝင္ေရာက္ေျဖဆိုရန္မလိုအပ္ဘဲ လူေတြ႕စာေမးပြဲကိုသာ ေျဖဆိုရမည္ျဖစ္ၿပီး လိုအပ္ပါက လက္ေတြ႕ယာဥ္ေမာင္းကြၽမ္းက်င္မႈကို စစ္ေဆးခံယူရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.