စစ်ရာဇဝတ်မှုများကို အမေရိကန်သမ္မတက ကူညီဖုံးကွယ်နေဟု ဟားမတ်စ်တို့ စွပ်စွဲ

 535

Htay Oung (NP News) - ဒီဇင်ဘာ ၆

ပါလက်စတိုင်း အရပ်သားသေဆုံးရမှု အနည်းဆုံးဖြစ်ရန် အမေရိကန်က ထပ်မံ ဖိအားပေးနေပေမယ့် ဂါဇာ ကမ်းမြှောင်ဒေသ တောင်ပိုင်း အဓိကမြို့အပေါ် ဗုံးကြဲတိုက်ခိုက်မှုကို အစ္စရေးက သိသိသာသာ အရှိန်တိုးမြှင့်လိုက် ပါတယ်။ ဟားမတ်စ်များကို ချေမှုန်းရန် လွန်ခဲ့တဲ့ရက်သတ္တ ၅ ပတ်က မြေပြင်ထိုးစစ် စတင်ပြီးနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ Reuters က ယနေ့ ဒီဇင်ဘာလ ၆ ရက်မှာ ရေးသားပါတယ်။

အင်္ဂါနေ့ စစ်လေယာဉ်များ စိုးမိုးမှုနောက်ခံပြု မိမိတပ်ဖွဲ့ဝင်တွေဟာ ဂါဇာတောင်ပိုင်းရှိ “ခန်_ယူနွတ်” မြို့အချက် အချာနေရာတိုင်အောင် ထိုးဖောက်နိုင်ခဲ့ပြီး မြို့ကိုလည်း ဝိုင်းရံထားတယ်လို့ အစ္စရေးက သတင်းထုတ်ပြန်ပါတယ်။ ဟားမတ်စ်လက်နက်ကိုင်တပ်ဖြစ်တဲ့ အယ်လ်ကာဆင် တပ်မဟာကတော့ သူတို့ရဲတိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးတို့နဲ့ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံနေကြတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် သောကြာနေ့မှာ စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၅ ရက် ယမန်နေ့က ပျက်ပြား သွားခဲ့ပါတယ်။ ကြား၀င်စေ့စပ်သူ ကာတာနိုင်ငံကတော့ အပစ်အခတ်ရပ်စဲရေး ပြန်လည်အသက်ဝင်လာစေဖို့ ကြိုးစားနေပါတယ်။ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်တို့က ပါလက်စတိုင်းအကျဉ်းသား ရာပေါင်းများ စွာတို့နဲ့ လဲလှယ်တဲ့အနေနဲ့ ဂါဇာမှာ သူတို့ထိန်းသိမ်းထားတဲ့ ဓားစာခံအတော်များများကို လွှတ်ပေးခဲ့ပါတယ်။ အစ္စရေးကလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ကမ်းမြှောင်နယ်မြေအတွင်း စီးဝင်ခွင့်ပြုခဲ့ပါတယ်။

ယခု အပစ်အခတ်ရပ်စဲရေးဟာ အလုံးစုံ အပစ်အခတ်ရပ်ရေးအထိ အလှည့်အပြောင်း မဟုတ်ပေမယ့် ကာလ သက်တမ်းတိုးမြှင့်ဖို့ လိုအပ်ကြောင်း၊ ကမ်းမြှောင်ဒေသနေ ပါလက်စတိုင်းပြည်သူများ ဝန်ထုပ်ဝန်ပိုးသက်သာစေဖို့ အဆက်မပြတ်ကြိုးစားနေကြောင်း ဟားမတ်စ်နိုင်ငံရေးသမားအများအပြား ခိုလှုံနေတဲ့ကာတာနိုင်ငံက ပြောပါ တယ်။ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးရေးအတွက် ကာတာနိုင်ငံ ဒိုဟာမြို့မှာ ရောက်ရှိနေတဲ့ မော့ဆက်ထောက်လှမ်း ရေးအဖွဲ့ကို စနေနေ့ နောက်ဆုံးထားပြီး ပြန်လည်ထွက်ခွာလာဖို့ အစ္စရေးအစိုးရက အမိန့်ပေးထားပါတယ်။

မြေပြင်စစ်ဆင်ရေး စတင်ချိန်နောက်ပိုင်း မိမိတပ်များရဲ့အပြင်းထန်ဆုံးတိုက်ခိုက်တဲ့နေ့ဖြစ်ကြောင်း အစ္စရေး စစ်တပ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မှူး ဗိုလ်ချုပ်ကြီး အာရွန်ဖင်ကယ်လ်မန်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ စတင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ်တိုအ့ကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီး နောက် အပြင်းထန်ဆုံးလည်းဖြစ်ကြောင်း၊ အစ္စရေးတပ်တွေဟာ ဂါဇာမြို့အနီး မြောက်ဘက်ရှိ ဟားမတ်စ်စခန်းနဲ့ အရှေ့ဘက်ရှိ ရှူဂျာအီယာတို့မှာလည်း တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး (သို့မဟုတ်) ဒဏ်ရာရရှိခဲ့ပြီး စစ်ယာဉ် ၂၄ စီးကို အင်္ဂါနေ့မှာ ဖျက်ဆီးခဲ့တယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် မြေပြင်စစ်ဆင်ရေးစတင်ချိန်မှစပြီး မိမိတို့ တပ်ဖွဲ့ဝင် ၈၃ ဦး ကျဆုံးပြီး အင်္ဂါနေ့မှာ ၂ ဦး ကျဆုံးကြောင်း အစ္စရေးစစ်တပ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ကမ်းမြှောင် မြောက်ဘက် ဒါရ်အယ်လ်ဘလာမြို့ရှိ နေအိမ်တွေကို အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း အရပ်သား အများ အပြားသေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရှူဟာဒါအယ်လ်အက္ကဆာ ဆေးရုံအကြီးအကဲက ပြောပေမယ့် ရိုက်တာသတင်းအေဂျင်စီအနေနဲ့ အဲဒီနေရာကို မရောက်ရှိနိုင်သလို အသေအပျောက်ကိုလည်း အတည်မပြုနိုင်ပါဘူး။

အောက်တိုဘာ ၇ ရက်က အစ္စရေးမြို့များအတွင်း ဟားမတ်စ်တို့ရဲ့ဝင်ရောက်စီးနင်းမှုမှာ လူပေါင်း ၁၂ဝဝ သေဆုံးပြီး ဓားစာခံအဖြစ် လူပေါင်း ၂၄ဝ ကို ဖမ်းဆီးသွားခဲ့တယ်လို့ အစ္စရေးရဲ့စာရင်းဇယားများအရ သိရပါတယ်။ ဟားမတ်စ်တိုက်ခိုက်ရေးသမားတို့အပေါ် လက်တုံ့ပြန်တဲ့အနေဖြင့် အစ္စရေးက ဂါဇာဒေသအတွင်း စစ်ဆင်ရေးကို ဆင်နွှဲနေပါတယ်။

ဖမ်းဆီးခံရစဉ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများကို အစ္စရေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ဓါးစာခံများအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခံရခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာပျက်ပြားသွားအောင် ပြုမူခံနေရတယ်လို့ အစ္စရေးတရားရေးဝန်ကြီးဌာနက ပြောပါတယ်။

အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့လက်ချက်နဲ့ ကလေးငယ် ၇,၁၁၂ ဦး၊ အမျိုးသမီး ၄,၈၈၅ ဦးတို့အပါအဝင် အနည်းဆုံး လူပေါင်း ၁၆,၂၄၈ ဦးတို့ သေဆုံးခဲ့တယ်လို့ ဟားမတ်စ်မီဒီယာရုံးက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။ လူပေါင်း ထောင်ချီပျောက်ဆုံးနေပြီး အပျက်အစီးများအောက်မှာ နစ်မြုပ်နေမှာကို စိုးရိမ်ရတယ်လို့ ဟားမတ်စ်မီဒီယာရုံးက ဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေကို ဂါဇာကျန်းမာရေးဝန်ကြီးဋ္ဌာနထံမှ လောလောဆယ် အတည်ပြုချက် မရရှိသေးပါဘူး။

အပစ်အခတ်ရပ်စဲရေး ပြိုလဲစဉ်တိုက်ခိုက်မှုများကို ရှောင်ရှားဖိုပြီး ဘေးလွတ်ရာကယ်ထုတ်ဖို့အတွက် ဂါဇာနယ်မြေ အစိတ်အပိုင်းများရဲ့ မြေပုံကို တနင်္လာနေ့မှာ အစ္စရေးက အွန်လိုင်းမှာ လွှင့်တင်ခဲ့ပါတယ်။ ခန်းယူနွတ်မြို့ အရှေ့ခြမ်း ရပ်ကွက်ကို အမှတ်အသားပြသထားတဲ့အတွက် လူသိန်းချီတဲ့ မြို့နေလူ အများအပြားတို့ဟာ ခြေလျင် ထွက်ပြေး ခဲ့ကြရပါတယ်။

ကမ်းမြှောင်အတွင်း ကျန်မြို့များအားလုံးမှာ ယာယီခိုလှုံရေးစခန်းများနဲ့ပြည့်နှက်နေပြီး အစ္စရေးက သူတို့သွားခိုင်း တဲ့နေရာတွေကိုပဲ သူတို့ကိုယ်တိုင် ဆက်လက် ဗုံးကြဲနေတယ်လို့ ဒေသခံများက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့အကျပ်အတည်းနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဆက်လက်ဝေဖန်မှုများကြောင့် အစ္စရေးရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သူ အမေရိကန်ကလည်း တယ်လ်အဗစ်အပေါ် ဖိအားပေးလာရပါတယ်။ ကမ်းမြှောင် ဒေသအတွင်း လောင်စာဆီနဲ့ အခြားအကူအညီများကို ဝင်ရောက်ခွင့်ပြုရန်နဲ့ အရပ်သားများအပေါ် ထိခိုက်မှု လျှော့ချရေး ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း အင်္ဂါနေ့မှာ ထပ်လောင်းတိုက်တွန်းပါတယ်။ သေဆုံးသူဦးရေ တိုးမြင့်လာနေပေမယ့် တိုက်တွန်းမှုအချို့ကို လက်ခံအကောင်အထည်ဖော်နိုင်စရာရှိကြောင်း အစ္စရေးက ပြောပါတယ်။

အစ္စရေးတောင်ပိုင်းကိုတိုက်ခိုက်စဉ် ဟားမတ်စ်တို့ဟာ အမျိုးသမီးများကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ဓါးစာခံတို့ ရဲ့ခြေလက်အင်္ဂါများကို ဖြတ်တောက်ပစ်ခဲ့ကြတယ်လို့ အသက်ရှင်ကျန်ရစ်သူများနဲ့ မျက်မြင်သက်သေများကို ကိုးကားပြီး အင်္ဂါနေ့ ဘော့စတွန်နိုင်ငံရေး ရန်ပုံငွေတစ်ခုမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဘိုင်ဒင်ရဲ့စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း ဟားမတ်စ်တို့က Telegram ချန်နယ်မှာ ရှုတ်ချရေးသားလိုက်ပါ တယ်။ အမေရိကန်ရဲ့ပံ့ပိုးကူညီမှုနဲ့ ကျူးလွန်ခဲ့တဲ့စစ်ရာဇ၀တ်မှုများကို ဖုံးကွယ်ရာမှာ အမေရိကန်သမ္မတဟာ အစ္စရေးအတူ ပါဝင်နေတယ်လို့ တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။

ဂါဇာဒေသမှာ သေဆုံးရတဲ့အရပ်သားဦးရေတိုးမျြင့်လာပေမယ့် အမေရိကန်အနေနဲ့ သူတို့ရဲ့အစ္စရေးအပေါ် လက်နက်ထောက်ပံ့နေမှုကို ပြန်လည်သုံးသပ်ပုံမရဘူးလိူ့ Reuters ရဲ့ ယနေ့ အခြားသတင်းတစ်ပုဒ်မှာ တွေရှိ ရပါတယ်။

အပစ်အခတ်ရပ်စဲရေး စတင်ခဲ့တဲ့ သောကြာနေ့မှ ပျက်ပြားသွားတဲ့ တနင်္လာနေ့အတွင်း ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၉ဝဝ ခန့် သေဆုံးခဲ့ကြောင်း၊ အဲဒီအရေအတွက်ဟာ အစ္စရေးရဲ့ မြေပြင် တိုက်ခိုက်မှု စတင်တဲ့ အောက်တိုဘာ ၂၈ ရက်မှ ၄ ရက်အတွင်း သေဆုံးသူဦးရေနဲ့ ညီမျှကြောင်း ကမ်းမြှောင်ဒေသ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောပါတယ်။

ဂါဇာမြောက်ပိုင်း တိုက်ခိုက်မှုတွေဟာ အရပ်သားများ သေဆုံးရမှုကို ရှောင်ရှားဖို့ အမေရိကန်ဒုတိယသမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က လူသိရှင်ကြားတိုက်တွန်းနေပါတယ်။ လက်နက်ထောက်ပံ့ခြင်းကို ရပ်ဆိုင်းပစ်ဖို့အထိ ခြိမ်းခြောက်ခြင်းများနဲ့ ဖိအားပေးဖို့လည်း ပါ၀င်နေပါတယ်။ ဒါပေမယ့် လက်ရှိ လျှို့ဝှက်စေ့စပ်ညှိနှိုင်းရေး မဟာဗျူဟာဟာ ထိရောက်တယ်လို့ အမေရိကန်က ယုံကြည်တဲ့အတွက် အစ္စရေးကို လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းခြင်း (သို့မဟုတ်) ပြင်းပြင်းထန်ထန်ဝေဖန်ရေးကို ဝါရှင်တန်က ငြင်းဆိုထားကြောင်း အမေရိကန်အရာရှိ နှစ်ဦးရဲ့ပြောကြားချက်အရ သိရှိရပါတယ်။

#ဟားမတ်စ်အစ္စရေးစစ်ပွဲ_အပစ်အခတ်ရပ်စဲရေး #ခန်_ယူနွတ်မြို့ #အယ်လ်_ကာဆင်တပ်မဟာ
#ရှူဂျာအီယာမြို့ #ဒါရ်_အယ်လ်ဘလာမြို့ #ရှူဟာဒါ_အယ်လ်အက္ကဆာ_ဆေးရုံ

( Reuters., 6 December 2023, “Israel mounts fiercest attacks so far in Gaza war against Hamas” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
စစ္ရာဇဝတ္မႈမ်ားကို အေမရိကန္သမၼတက ကူညီဖုံးကြယ္ေနဟု ဟားမတ္စ္တို႔ စြပ္စြဲ
Htay Oung (NP News) - ဒီဇင္ဘာ ၆

ပါလက္စတိုင္း အရပ္သားေသဆုံးရမႈ အနည္းဆုံးျဖစ္ရန္ အေမရိကန္က ထပ္မံ ဖိအားေပးေနေပမယ့္ ဂါဇာ ကမ္းေျမႇာင္ေဒသ ေတာင္ပိုင္း အဓိကၿမိဳ႕အေပၚ ဗုံးႀကဲတိုက္ခိုက္မႈကို အစၥေရးက သိသိသာသာ အရွိန္တိုးျမႇင့္လိုက္ ပါတယ္။ ဟားမတ္စ္မ်ားကို ေခ်မႈန္းရန္ လြန္ခဲ့တဲ့ရက္သတၱ ၅ ပတ္က ေျမျပင္ထိုးစစ္ စတင္ၿပီးေနာက္ပိုင္း အျပင္းထန္ဆုံး တိုက္ခိုက္မႈျဖစ္တယ္လို႔ Reuters က ယေန႔ ဒီဇင္ဘာလ ၆ ရက္မွာ ေရးသားပါတယ္။

အဂၤါေန႔ စစ္ေလယာဥ္မ်ား စိုးမိုးမႈေနာက္ခံျပဳ မိမိတပ္ဖြဲ႕ဝင္ေတြဟာ ဂါဇာေတာင္ပိုင္းရွိ “ခန္_ယူႏြတ္” ၿမိဳ႕အခ်က္ အခ်ာေနရာတိုင္ေအာင္ ထိုးေဖာက္ႏိုင္ခဲ့ၿပီး ၿမိဳ႕ကိုလည္း ဝိုင္းရံထားတယ္လို႔ အစၥေရးက သတင္းထုတ္ျပန္ပါတယ္။ ဟားမတ္စ္လက္နက္ကိုင္တပ္ျဖစ္တဲ့ အယ္လ္ကာဆင္ တပ္မဟာကေတာ့ သူတို႔ရဲတိုက္ခိုက္ေရးသမားေတြဟာ အစၥေရးတို႔နဲ႔ ျပင္းထန္စြာ ထိပ္တိုက္ေတြ႕ဆုံေနၾကတယ္လို႔ ေျပာပါတယ္။

လြန္ခဲ့တဲ့ ဒီဇင္ဘာ ၁ ရက္ ေသာၾကာေန႔မွာ စတင္ခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးဟာ ၅ ရက္ ယမန္ေန႔က ပ်က္ျပား သြားခဲ့ပါတယ္။ ၾကား၀င္ေစ့စပ္သူ ကာတာႏိုင္ငံကေတာ့ အပစ္အခတ္ရပ္စဲေရး ျပန္လည္အသက္ဝင္လာေစဖို႔ ႀကိဳးစားေနပါတယ္။ အပစ္အခတ္ရပ္စဲေရးကာလအတြင္း ဟားမတ္တို႔က ပါလက္စတိုင္းအက်ဥ္းသား ရာေပါင္းမ်ား စြာတို႔နဲ႔ လဲလွယ္တဲ့အေနနဲ႔ ဂါဇာမွာ သူတို႔ထိန္းသိမ္းထားတဲ့ ဓားစာခံအေတာ္မ်ားမ်ားကို လႊတ္ေပးခဲ့ပါတယ္။ အစၥေရးကလည္း လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီမ်ားကို ကမ္းေျမႇာင္နယ္ေျမအတြင္း စီးဝင္ခြင့္ျပဳခဲ့ပါတယ္။

ယခု အပစ္အခတ္ရပ္စဲေရးဟာ အလုံးစုံ အပစ္အခတ္ရပ္ေရးအထိ အလွည့္အေျပာင္း မဟုတ္ေပမယ့္ ကာလ သက္တမ္းတိုးျမႇင့္ဖို႔ လိုအပ္ေၾကာင္း၊ ကမ္းေျမႇာင္ေဒသေန ပါလက္စတိုင္းျပည္သူမ်ား ဝန္ထုပ္ဝန္ပိုးသက္သာေစဖို႔ အဆက္မျပတ္ႀကိဳးစားေနေၾကာင္း ဟားမတ္စ္ႏိုင္ငံေရးသမားအမ်ားအျပား ခိုလႈံေနတဲ့ကာတာႏိုင္ငံက ေျပာပါ တယ္။ ဒါေပမယ့္ ညႇိႏႈိင္းေဆြးေႏြးေရးအတြက္ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာ ေရာက္ရွိေနတဲ့ ေမာ့ဆက္ေထာက္လွမ္း ေရးအဖြဲ႕ကို စေနေန႔ ေနာက္ဆုံးထားၿပီး ျပန္လည္ထြက္ခြာလာဖို႔ အစၥေရးအစိုးရက အမိန္႔ေပးထားပါတယ္။

ေျမျပင္စစ္ဆင္ေရး စတင္ခ်ိန္ေနာက္ပိုင္း မိမိတပ္မ်ားရဲ႕အျပင္းထန္ဆုံးတိုက္ခိုက္တဲ့ေန႔ျဖစ္ေၾကာင္း အစၥေရး စစ္တပ္ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မႉး ဗိုလ္ခ်ဳပ္ႀကီး အာ႐ြန္ဖင္ကယ္လ္မန္က သတင္းထုတ္ျပန္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္မွာ စတင္ခဲ့တဲ့ အစၥေရးနဲ႔ ဟားမတ္စ္တိုအ့ၾကား အပစ္အခတ္ရပ္စဲေရး ပ်က္ျပားသြားၿပီး ေနာက္ အျပင္းထန္ဆုံးလည္းျဖစ္ေၾကာင္း၊ အစၥေရးတပ္ေတြဟာ ဂါဇာၿမိဳ႕အနီး ေျမာက္ဘက္ရွိ ဟားမတ္စ္စခန္းနဲ႔ အေရွ႕ဘက္ရွိ ရႉဂ်ာအီယာတို႔မွာလည္း တိုက္ခိုက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အစၥေရးတပ္ဖြဲ႕ဝင္ ၈ ဦး ေသဆုံး (သို႔မဟုတ္) ဒဏ္ရာရရွိခဲ့ၿပီး စစ္ယာဥ္ ၂၄ စီးကို အဂၤါေန႔မွာ ဖ်က္ဆီးခဲ့တယ္လို႔ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ေျပာပါတယ္။ ဒါေပမယ့္ ေျမျပင္စစ္ဆင္ေရးစတင္ခ်ိန္မွစၿပီး မိမိတို႔ တပ္ဖြဲ႕ဝင္ ၈၃ ဦး က်ဆုံးၿပီး အဂၤါေန႔မွာ ၂ ဦး က်ဆုံးေၾကာင္း အစၥေရးစစ္တပ္ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ကမ္းေျမႇာင္ ေျမာက္ဘက္ ဒါရ္အယ္လ္ဘလာၿမိဳ႕ရွိ ေနအိမ္ေတြကို အစၥေရးရဲ႕တိုက္ခိုက္မႈအတြင္း အရပ္သား အမ်ား အျပားေသဆုံးခဲ့တယ္လို႔ ဂါဇာက်န္းမာေရးအရာရွိေတြက ေျပာပါတယ္။ လူ ၄၅ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ ရႉဟာဒါအယ္လ္အကၠဆာ ေဆး႐ုံအႀကီးအကဲက ေျပာေပမယ့္ ႐ိုက္တာသတင္းေအဂ်င္စီအေနနဲ႔ အဲဒီေနရာကို မေရာက္ရွိႏိုင္သလို အေသအေပ်ာက္ကိုလည္း အတည္မျပဳႏိုင္ပါဘူး။

ေအာက္တိုဘာ ၇ ရက္က အစၥေရးၿမိဳ႕မ်ားအတြင္း ဟားမတ္စ္တို႔ရဲ႕ဝင္ေရာက္စီးနင္းမႈမွာ လူေပါင္း ၁၂ဝဝ ေသဆုံးၿပီး ဓားစာခံအျဖစ္ လူေပါင္း ၂၄ဝ ကို ဖမ္းဆီးသြားခဲ့တယ္လို႔ အစၥေရးရဲ႕စာရင္းဇယားမ်ားအရ သိရပါတယ္။ ဟားမတ္စ္တိုက္ခိုက္ေရးသမားတို႔အေပၚ လက္တုံ႔ျပန္တဲ့အေနျဖင့္ အစၥေရးက ဂါဇာေဒသအတြင္း စစ္ဆင္ေရးကို ဆင္ႏႊဲေနပါတယ္။

ဖမ္းဆီးခံရစဥ္ လိင္ပိုင္းဆိုင္ရာ ရာဇဝတ္မႈမ်ားကို အစၥေရးရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေနၿပီး ဓါးစာခံမ်ားအေပၚ ညႇဥ္းပန္းႏွိပ္စက္ျခင္း၊ ကိုယ္ထိလက္ေရာက္ေစာ္ကားျခင္း၊ အဓမၼျပဳက်င့္ျခင္း၊ အရွင္လတ္လတ္ မီးရႈိ႕ခံရျခင္းနဲ႔ ႐ုပ္ပိုင္းဆိုင္ရာပ်က္ျပားသြားေအာင္ ျပဳမူခံေနရတယ္လို႔ အစၥေရးတရားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ေအာက္တိုဘာ ၇ ရက္ေနာက္ပိုင္း ဂါဇာမွာ အစၥေရးစစ္တပ္ရဲ႕လက္ခ်က္နဲ႔ ကေလးငယ္ ၇,၁၁၂ ဦး၊ အမ်ိဳးသမီး ၄,၈၈၅ ဦးတို႔အပါအဝင္ အနည္းဆုံး လူေပါင္း ၁၆,၂၄၈ ဦးတို႔ ေသဆုံးခဲ့တယ္လို႔ ဟားမတ္စ္မီဒီယာ႐ုံးက အဂၤါေန႔မွာ ေဖာ္ျပပါတယ္။ လူေပါင္း ေထာင္ခ်ီေပ်ာက္ဆုံးေနၿပီး အပ်က္အစီးမ်ားေအာက္မွာ နစ္ျမဳပ္ေနမွာကို စိုးရိမ္ရတယ္လို႔ ဟားမတ္စ္မီဒီယာ႐ုံးက ဆိုပါတယ္။ အဲဒီကိန္းဂဏန္းေတြကို ဂါဇာက်န္းမာေရးဝန္ႀကီး႒ာနထံမွ ေလာေလာဆယ္ အတည္ျပဳခ်က္ မရရွိေသးပါဘူး။

အပစ္အခတ္ရပ္စဲေရး ၿပိဳလဲစဥ္တိုက္ခိုက္မႈမ်ားကို ေရွာင္ရွားဖိုၿပီး ေဘးလြတ္ရာကယ္ထုတ္ဖို႔အတြက္ ဂါဇာနယ္ေျမ အစိတ္အပိုင္းမ်ားရဲ႕ ေျမပုံကို တနလၤာေန႔မွာ အစၥေရးက အြန္လိုင္းမွာ လႊင့္တင္ခဲ့ပါတယ္။ ခန္းယူႏြတ္ၿမိဳ႕ အေရွ႕ျခမ္း ရပ္ကြက္ကို အမွတ္အသားျပသထားတဲ့အတြက္ လူသိန္းခ်ီတဲ့ ၿမိဳ႕ေနလူ အမ်ားအျပားတို႔ဟာ ေျခလ်င္ ထြက္ေျပး ခဲ့ၾကရပါတယ္။

ကမ္းေျမႇာင္အတြင္း က်န္ၿမိဳ႕မ်ားအားလုံးမွာ ယာယီခိုလႈံေရးစခန္းမ်ားနဲ႔ျပည့္ႏွက္ေနၿပီး အစၥေရးက သူတို႔သြားခိုင္း တဲ့ေနရာေတြကိုပဲ သူတို႔ကိုယ္တိုင္ ဆက္လက္ ဗုံးႀကဲေနတယ္လို႔ ေဒသခံမ်ားက ေျပာပါတယ္။

ဂါဇာကမ္းေျမာင္ေဒသရဲ႕အက်ပ္အတည္းနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာက ဆက္လက္ေဝဖန္မႈမ်ားေၾကာင့္ အစၥေရးရဲ႕ အရင္းႏွီးဆုံး မဟာမိတ္ျဖစ္သူ အေမရိကန္ကလည္း တယ္လ္အဗစ္အေပၚ ဖိအားေပးလာရပါတယ္။ ကမ္းေျမႇာင္ ေဒသအတြင္း ေလာင္စာဆီနဲ႔ အျခားအကူအညီမ်ားကို ဝင္ေရာက္ခြင့္ျပဳရန္နဲ႔ အရပ္သားမ်ားအေပၚ ထိခိုက္မႈ ေလွ်ာ့ခ်ေရး ပိုမိုလုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း အဂၤါေန႔မွာ ထပ္ေလာင္းတိုက္တြန္းပါတယ္။ ေသဆုံးသူဦးေရ တိုးျမင့္လာေနေပမယ့္ တိုက္တြန္းမႈအခ်ိဳ႕ကို လက္ခံအေကာင္အထည္ေဖာ္ႏိုင္စရာရွိေၾကာင္း အစၥေရးက ေျပာပါတယ္။

အစၥေရးေတာင္ပိုင္းကိုတိုက္ခိုက္စဥ္ ဟားမတ္စ္တို႔ဟာ အမ်ိဳးသမီးမ်ားကို အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ၿပီး ဓါးစာခံတို႔ ရဲ႕ေျခလက္အဂၤါမ်ားကို ျဖတ္ေတာက္ပစ္ခဲ့ၾကတယ္လို႔ အသက္ရွင္က်န္ရစ္သူမ်ားနဲ႔ မ်က္ျမင္သက္ေသမ်ားကို ကိုးကားၿပီး အဂၤါေန႔ ေဘာ့စတြန္ႏိုင္ငံေရး ရန္ပုံေငြတစ္ခုမွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က ေျပာပါတယ္။

ဘိုင္ဒင္ရဲ႕စြပ္စြဲခ်က္ေတြဟာ မွားယြင္းေၾကာင္း ဟားမတ္စ္တို႔က Telegram ခ်န္နယ္မွာ ရႈတ္ခ်ေရးသားလိုက္ပါ တယ္။ အေမရိကန္ရဲ႕ပံ့ပိုးကူညီမႈနဲ႔ က်ဴးလြန္ခဲ့တဲ့စစ္ရာဇ၀တ္မႈမ်ားကို ဖုံးကြယ္ရာမွာ အေမရိကန္သမၼတဟာ အစၥေရးအတူ ပါဝင္ေနတယ္လို႔ တုံ႔ျပန္ စြပ္စြဲခဲ့ပါတယ္။

ဂါဇာေဒသမွာ ေသဆုံးရတဲ့အရပ္သားဦးေရတိုးမ်ျင့္လာေပမယ့္ အေမရိကန္အေနနဲ႔ သူတို႔ရဲ႕အစၥေရးအေပၚ လက္နက္ေထာက္ပံ့ေနမႈကို ျပန္လည္သုံးသပ္ပုံမရဘူးလိူ႔ Reuters ရဲ႕ ယေန႔ အျခားသတင္းတစ္ပုဒ္မွာ ေတြရွိ ရပါတယ္။

အပစ္အခတ္ရပ္စဲေရး စတင္ခဲ့တဲ့ ေသာၾကာေန႔မွ ပ်က္ျပားသြားတဲ့ တနလၤာေန႔အတြင္း ဂါဇာမွာ အစၥေရးရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ လူေပါင္း ၉ဝဝ ခန္႔ ေသဆုံးခဲ့ေၾကာင္း၊ အဲဒီအေရအတြက္ဟာ အစၥေရးရဲ႕ ေျမျပင္ တိုက္ခိုက္မႈ စတင္တဲ့ ေအာက္တိုဘာ ၂၈ ရက္မွ ၄ ရက္အတြင္း ေသဆုံးသူဦးေရနဲ႔ ညီမွ်ေၾကာင္း ကမ္းေျမႇာင္ေဒသ က်န္းမာေရးဝန္ႀကီး႒ာနက ေျပာပါတယ္။

ဂါဇာေျမာက္ပိုင္း တိုက္ခိုက္မႈေတြဟာ အရပ္သားမ်ား ေသဆုံးရမႈကို ေရွာင္ရွားဖို႔ အေမရိကန္ဒုတိယသမၼတနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးတို႔က လူသိရွင္ၾကားတိုက္တြန္းေနပါတယ္။ လက္နက္ေထာက္ပံ့ျခင္းကို ရပ္ဆိုင္းပစ္ဖို႔အထိ ၿခိမ္းေျခာက္ျခင္းမ်ားနဲ႔ ဖိအားေပးဖို႔လည္း ပါ၀င္ေနပါတယ္။ ဒါေပမယ့္ လက္ရွိ လွ်ိဳ႕ဝွက္ေစ့စပ္ညႇိႏႈိင္းေရး မဟာဗ်ဴဟာဟာ ထိေရာက္တယ္လို႔ အေမရိကန္က ယုံၾကည္တဲ့အတြက္ အစၥေရးကို လက္နက္ေထာက္ပံ့မႈ ရပ္ဆိုင္းျခင္း (သို႔မဟုတ္) ျပင္းျပင္းထန္ထန္ေဝဖန္ေရးကို ဝါရွင္တန္က ျငင္းဆိုထားေၾကာင္း အေမရိကန္အရာရွိ ႏွစ္ဦးရဲ႕ေျပာၾကားခ်က္အရ သိရွိရပါတယ္။

#ဟားမတ္စ္အစၥေရးစစ္ပြဲ_အပစ္အခတ္ရပ္စဲေရး #ခန္_ယူႏြတ္ၿမိဳ႕ #အယ္လ္_ကာဆင္တပ္မဟာ
#ရႉဂ်ာအီယာၿမိဳ႕ #ဒါရ္_အယ္လ္ဘလာၿမိဳ႕ #ရႉဟာဒါ_အယ္လ္အကၠဆာ_ေဆး႐ုံ

( Reuters., 6 December 2023, “Israel mounts fiercest attacks so far in Gaza war against Hamas” ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

John Lim

07/12/2023 00:37

USA is the dog of Israel.

Related news

© 2021. All rights reserved.