ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်ကျော်ဝင်ရောက်လာသော အမေရိကန်ကင်းလှည့်လေယာဉ်ကို စောင့်ကြည့်ရန်အတွက် တိုက်လေယာဉ်များစေလွှတ်ခဲ့ကြောင်း တရုတ်စစ်ဘက်ပြော

 415

Pika (NP News) - ဒီဇင်ဘာ ၆

ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာသော အမေရိကန်ရေတပ် ကင်းလှည့်လေယာဉ်တစ်စီးကို စောင့်ကြည့်ရန်နှင့် သတိပေးမှုများ လုပ်ဆောင်ရန်အတွက် တိုက်လေယာဉ်များကို စေလွှတ်ခဲ့ကြောင်း တရုတ်စစ်တပ်က ဒီဇင်ဘာလ(၅)ရက်တွင် ပြောဆိုခဲ့သည်။

တရုတ်အစိုးရက ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းသည် ၎င်း၏ ပိုင်နက်နယ်မြေများထဲမှ တစ်ခုဖြစ်ပြီး ရေလက်ကြားအပေါ် တရားစီရင်ပိုင်ခွင့်ရှိကြောင်းလည်း ပြောဆိုထားသည်။ သို့သော်လည်း ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေကြောင်းလမ်းတစ်ခုဖြစ်ကြောင်း ထိုင်ဝမ်နှင့် အမေရိကန်တို့က ပြန်လည်တုံ့ပြန်ပြောဆိုထားသည်။

P-8A Poseidon ရေကြောင်းကင်းလှည့် နှင့် ထောက်လှမ်းရေးလေယာဉ်သည် နိုင်ငံတကာလေပိုင်နက်အတွင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း အမေရိကန်ရေတပ်၏ 7th Fleet က ပြောကြားခဲ့သည်။

အမေရိကန်ရေတပ်၏ 7th Fleet က "ထိုင်ဝမ်ရေလက်ကြားကို ကျွန်တော်တို့ရဲ့ ကင်းလှည့်လေယာဉ်ဖြတ်ကျော် ပျံသန်းမှုဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်ရဲ့ကတိဝတ်တွေကို သက်သေပြနေပါတယ်။ အမေရိကန်စစ်တပ်ဟာ နိုင်ငံတကာဥပဒေအရ ခွင့်ပြုထားတဲ့ ဘယ်နေရာကိုမဆို ဖြတ်ကျော်ပျံသန်းတာ မျိုးတွေ လုပ်ဆောင်နေပါတယ်" ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အမေရိကန်၏ ကင်းလှည့်လေယာဉ်ကို စောင့်ကြည့်ရန်နှင့် သတိပေးမှုများ လုပ်ဆောင်ရန်အတွက် တိုက်လေယာဉ်များစေလွှတ်ခဲ့ခြင်းသည် ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းခြင်းမျိုးဖြစ်ကြောင်း တရုတ်စစ်တပ်က ပြောကြားခဲ့သည်။ တရုတ်စစ်တပ်၏ အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်က "ဌာနချုပ်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ အမြဲတမ်းသတိရှိနေပြီး တရုတ်နိုင်ငံ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာအပြင် ဒေသတွင်း တည်ငြိမ်ရေး နဲ့ ငြိမ်းချမ်းရေးကို ပြတ်ပြတ်သားသားကာကွယ်သွားမှာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
ထိုင္ဝမ္ေရလက္ၾကားသို႔ ျဖတ္ေက်ာ္ဝင္ေရာက္လာေသာ အေမရိကန္ကင္းလွည့္ေလယာဥ္ကို ေစာင့္ၾကည့္ရန္အတြက္ တိုက္ေလယာဥ္မ်ားေစလႊတ္ခဲ့ေၾကာင္း တ႐ုတ္စစ္ဘက္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၆

ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္လာေသာ အေမရိကန္ေရတပ္ ကင္းလွည့္ေလယာဥ္တစ္စီးကို ေစာင့္ၾကည့္ရန္ႏွင့္ သတိေပးမႈမ်ား လုပ္ေဆာင္ရန္အတြက္ တိုက္ေလယာဥ္မ်ားကို ေစလႊတ္ခဲ့ေၾကာင္း တ႐ုတ္စစ္တပ္က ဒီဇင္ဘာလ(၅)ရက္တြင္ ေျပာဆိုခဲ့သည္။

တ႐ုတ္အစိုးရက ဒီမိုကေရစီနည္းက်အုပ္ခ်ဳပ္ေနေသာ ထိုင္ဝမ္ကြၽန္းသည္ ၎၏ ပိုင္နက္နယ္ေျမမ်ားထဲမွ တစ္ခုျဖစ္ၿပီး ေရလက္ၾကားအေပၚ တရားစီရင္ပိုင္ခြင့္ရွိေၾကာင္းလည္း ေျပာဆိုထားသည္။ သို႔ေသာ္လည္း ထိုင္ဝမ္ေရလက္ၾကားသည္ ႏိုင္ငံတကာေရေၾကာင္းလမ္းတစ္ခုျဖစ္ေၾကာင္း ထိုင္ဝမ္ႏွင့္ အေမရိကန္တို႔က ျပန္လည္တုံ႔ျပန္ေျပာဆိုထားသည္။

P-8A Poseidon ေရေၾကာင္းကင္းလွည့္ ႏွင့္ ေထာက္လွမ္းေရးေလယာဥ္သည္ ႏိုင္ငံတကာေလပိုင္နက္အတြင္း ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေက်ာ္ပ်ံသန္းခဲ့ေၾကာင္း အေမရိကန္ေရတပ္၏ 7th Fleet က ေျပာၾကားခဲ့သည္။

အေမရိကန္ေရတပ္၏ 7th Fleet က "ထိုင္ဝမ္ေရလက္ၾကားကို ကြၽန္ေတာ္တို႔ရဲ႕ ကင္းလွည့္ေလယာဥ္ျဖတ္ေက်ာ္ ပ်ံသန္းမႈဟာ လြတ္လပ္ပြင့္လင္းတဲ့ အင္ဒို-ပစိဖိတ္ေဒသအတြက္ အေမရိကန္ရဲ႕ကတိဝတ္ေတြကို သက္ေသျပေနပါတယ္။ အေမရိကန္စစ္တပ္ဟာ ႏိုင္ငံတကာဥပေဒအရ ခြင့္ျပဳထားတဲ့ ဘယ္ေနရာကိုမဆို ျဖတ္ေက်ာ္ပ်ံသန္းတာ မ်ိဳးေတြ လုပ္ေဆာင္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

ထို႔အျပင္ အေမရိကန္၏ ကင္းလွည့္ေလယာဥ္ကို ေစာင့္ၾကည့္ရန္ႏွင့္ သတိေပးမႈမ်ား လုပ္ေဆာင္ရန္အတြက္ တိုက္ေလယာဥ္မ်ားေစလႊတ္ခဲ့ျခင္းသည္ ဥပေဒ၊ စည္းမ်ဥ္းမ်ားႏွင့္အညီ ကိုင္တြယ္ေျဖရွင္းျခင္းမ်ိဳးျဖစ္ေၾကာင္း တ႐ုတ္စစ္တပ္က ေျပာၾကားခဲ့သည္။ တ႐ုတ္စစ္တပ္၏ အေရွ႕ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က "ဌာနခ်ဳပ္မွာရွိတဲ့ တပ္ဖြဲ႕ဝင္ေတြဟာ အၿမဲတမ္းသတိရွိေနၿပီး တ႐ုတ္ႏိုင္ငံ လုံၿခဳံေရးနဲ႔ အခ်ဳပ္အျခာအာဏာအျပင္ ေဒသတြင္း တည္ၿငိမ္ေရး နဲ႔ ၿငိမ္းခ်မ္းေရးကို ျပတ္ျပတ္သားသားကာကြယ္သြားမွာပါ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.