ခရိုင်းမီးယားကျွန်းဆွယ်နှင့် Azov ပင်လယ်တို့တွင် ယူကရိန်း၏ ဒရုန်းအများအပြားကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြော

 339

Pika (NP News) - ဒီဇင်ဘာ ၆

ရုရှားနိုင်ငံရှိ ပစ်မှတ်အများအပြားကို ဦးတည်တိုက်ခိုက်ခဲ့သည့် ယူကရိန်း၏ ဒရုန်းအများအပြားကို ကြားဖြတ် ဟန့်တားကာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်း၏ ဒရုန်း(၂၂)စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး အခြား ဒရုန်း(၁၃)စင်းကို ခရိုင်းမီးယားကျွန်းဆွယ်နှင့် Azov ပင်လယ်ကြားတွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဒီဇင်ဘာလ(၅)ရက် အစောပိုင်းတွင် ရုရှားနှင့်ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားသော တံတားပေါ်ရှိ ယာဉ်လမ်းကြောင်းသွားလာမှုများကို ပိတ်ဆို့ထားခဲ့ရကြောင်း အဆိုပါတံတားအော်ပရေတာက ပြောကြားခဲ့သည်။ ထို့အပြင် ယာဉ်မောင်းများကို စိတ်အေးအေးထားကြရန် နှင့် သယ်ယူပို့ဆောင်ရေးလုံခြုံရေးအရာရှိများ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

သို့သော်လည်း ယာဉ်လမ်းကြောင်းသွားလာမှုများ ဆိုင်းငံ့ရခြင်းအကြောင်းအရင်းကို အစိုးရအဖွဲ့များက ထုတ်ဖော် ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ ယူကရိန်းသည် ပြီးခဲ့သည့်လများအတွင်း ခရိုင်းမီးယား ကျွန်းဆွယ်ကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ယူကရိန်း၏ ဒရုန်း ဒါဇင်ပေါင်းများစွာကို ခရိုင်းမီးယားကျွန်းဆွယ် အနောက် မြောက်ပိုင်း နှင့် ပင်လယ်နက်တို့တွင် တွေ့ရှိခဲ့ပြီးနောက် ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားစစ်တပ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်စက်တင်ဘာလ(၁၃)ရက်တွင် ယူကရိန်းတပ်ဖွဲ့များသည် ဆီဗာစတိုပိုလ်မြို့ရှိ သင်္ဘောကျင်းတစ်ခုကို ခရုဇ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရုရှားရေတပ်သင်္ဘောနှစ်စီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ရုရှားစစ်တပ်က ပြောကြားခဲ့သည်။

ထို့နောက် (၉)ရက်အကြာတွင် ဆီဗာစတိုပိုလ်မြို့ရှိ ပင်လယ်နက်ရေယာဉ်စုဌာနချုပ်ကို ဒုံးကျည်တစ်စင်းထိမှန်ခဲ့ ကြောင်းလည်း သိရသည်။ ယူကရိန်းသည် ဆီဗာစတိုပိုလ်မြို့ရှိ ရုရှား၏ ဆိပ်ကမ်းအခြေခံအဆောက်အဦးများကို တိုက်ခိုက်ရန်အတွက် ပင်လယ်ဒရုန်းများကို အကြိမ်ကြိမ်အသုံးပြုခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အရှည်(၁၉)ကီလိုမီတာရှိသော ခရိုင်းမီးယားတံတား တိုက်ခိုက်ခံခဲ့ရသော်လည်း ပြန်လည်ပြင်ဆင်မှု များလုပ်ဆောင်ခဲ့ပြီးနောက် ယခုနှစ် အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ခ႐ိုင္းမီးယားကြၽန္းဆြယ္ႏွင့္ Azov ပင္လယ္တို႔တြင္ ယူကရိန္း၏ ဒ႐ုန္းအမ်ားအျပားကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနေျပာ
Pika (NP News) - ဒီဇင္ဘာ ၆

႐ုရွားႏိုင္ငံရွိ ပစ္မွတ္အမ်ားအျပားကို ဦးတည္တိုက္ခိုက္ခဲ့သည့္ ယူကရိန္း၏ ဒ႐ုန္းအမ်ားအျပားကို ၾကားျဖတ္ ဟန႔္တားကာ ဖ်က္ဆီးပစ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

႐ုရွား၏ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားသည္ ယူကရိန္း၏ ဒ႐ုန္း(၂၂)စင္းကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ၿပီး အျခား ဒ႐ုန္း(၁၃)စင္းကို ခ႐ိုင္းမီးယားကြၽန္းဆြယ္ႏွင့္ Azov ပင္လယ္ၾကားတြင္ ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

ဒီဇင္ဘာလ(၅)ရက္ အေစာပိုင္းတြင္ ႐ုရွားႏွင့္ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ဆက္သြယ္ထားေသာ တံတားေပၚရွိ ယာဥ္လမ္းေၾကာင္းသြားလာမႈမ်ားကို ပိတ္ဆို႔ထားခဲ့ရေၾကာင္း အဆိုပါတံတားေအာ္ပေရတာက ေျပာၾကားခဲ့သည္။ ထို႔အျပင္ ယာဥ္ေမာင္းမ်ားကို စိတ္ေအးေအးထားၾကရန္ ႏွင့္ သယ္ယူပို႔ေဆာင္ေရးလုံၿခဳံေရးအရာရွိမ်ား၏ ၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္ၾကရန္ တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ယာဥ္လမ္းေၾကာင္းသြားလာမႈမ်ား ဆိုင္းငံ့ရျခင္းအေၾကာင္းအရင္းကို အစိုးရအဖြဲ႕မ်ားက ထုတ္ေဖာ္ ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။ ယူကရိန္းသည္ ၿပီးခဲ့သည့္လမ်ားအတြင္း ခ႐ိုင္းမီးယား ကြၽန္းဆြယ္ကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္မႈကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလတြင္ ယူကရိန္း၏ ဒ႐ုန္း ဒါဇင္ေပါင္းမ်ားစြာကို ခ႐ိုင္းမီးယားကြၽန္းဆြယ္ အေနာက္ ေျမာက္ပိုင္း ႏွင့္ ပင္လယ္နက္တို႔တြင္ ေတြ႕ရွိခဲ့ၿပီးေနာက္ ဖ်က္ဆီးပစ္ခဲ့ေၾကာင္း ႐ုရွားစစ္တပ္က ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္စက္တင္ဘာလ(၁၃)ရက္တြင္ ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ဆီဗာစတိုပိုလ္ၿမိဳ႕ရွိ သေဘၤာက်င္းတစ္ခုကို ခ႐ုဇ္ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ႐ုရွားေရတပ္သေဘၤာႏွစ္စီး ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း ႐ုရွားစစ္တပ္က ေျပာၾကားခဲ့သည္။

ထို႔ေနာက္ (၉)ရက္အၾကာတြင္ ဆီဗာစတိုပိုလ္ၿမိဳ႕ရွိ ပင္လယ္နက္ေရယာဥ္စုဌာနခ်ဳပ္ကို ဒုံးက်ည္တစ္စင္းထိမွန္ခဲ့ ေၾကာင္းလည္း သိရသည္။ ယူကရိန္းသည္ ဆီဗာစတိုပိုလ္ၿမိဳ႕ရွိ ႐ုရွား၏ ဆိပ္ကမ္းအေျခခံအေဆာက္အဦးမ်ားကို တိုက္ခိုက္ရန္အတြက္ ပင္လယ္ဒ႐ုန္းမ်ားကို အႀကိမ္ႀကိမ္အသုံးျပဳခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္လတြင္ အရွည္(၁၉)ကီလိုမီတာရွိေသာ ခ႐ိုင္းမီးယားတံတား တိုက္ခိုက္ခံခဲ့ရေသာ္လည္း ျပန္လည္ျပင္ဆင္မႈ မ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုႏွစ္ ေအာက္တိုဘာလတြင္ ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Picture

John Lim

07/12/2023 00:33

Good job Russia

Related news

© 2021. All rights reserved.