Panera မှ ကဖင်းဓာတ်ပါဝင်တဲ့ လင်မနိတ်ကို သောက်မိခြင်းကြောင့် လူတစ်ဦး သေဆုံး

 490

ရောင်နီ (NP News) - ဒီဇင်ဘာ ၆

အမေရိကန်မှာ ကဖင်းဓာတ်ပါတဲ့ လင်မနိတ်ကို သောက်သုံးပြီးနောက် လူတစ်ဦးသေဆုံးခဲ့ခြင်းကြောင့် Panera Bread store တရားစွဲခံခဲ့ရပါတယ်။

သေဆုံးသူကတော့ ဒန်းနစ်ဘရောင်း အမည်ရှိ ခရိုမိုဆုန်းချို့ယွင်းမှုရောဂါ၊ ADHD နဲ့ သွေးတိုးရောဂါရှိ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းရဲ့ဖြစ်ရပ်ကို ၎င်းရဲ့ညီအစ်ကိုမောင်နှမတွေက တိုင်ချက်ဖွင့်ခဲ့ခြင်း ဖြစ်ပါ တယ်။ Panera ရဲ့ Loyal customer တစ်ဦးဖြစ်တဲ့ ဒန်းနစ်ဟာ မူးဝေပြီး အမြင်အာရုံဝေဝါးခြင်းကြောင့် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ အစောပိုင်းက ကဖင်းဓာတ်ပါဝင်တဲ့ လင်မနစ်ကို မှာယူ သောက်သုံးခဲ့ပါတယ်။ အဲဒီနောက် နေအိမ်ကို လမ်းလျှောက်ပြန်လာစဉ် နှလုံးရောဂါဝေဒနာ ခံစားခဲ့ရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Panera က ၎င်းရဲ့အချိုရည်ထဲမှာ ကဖိန်းပြောင်းလဲခြင်း ရှိ/မရှိ မှတ်ချက်ပေးဖို့ အင်္ဂါနေ့(ဒီဇင်ဘာ ၅ ရက်) က ငြင်းဆိုခဲ့ပေမယ့် ၎င်းရဲ့လင်မနိတ် ၂ဝ အောင်စမှာ ကဖိန်းဓာတ် ၂၆ဝ မီလီဂရမ် ပါဝင်တာကို စုံစမ်းစစ်ဆးရေး တွေက တွေ့ရှိခဲ့ပါတယ်။ ၎င်းရဲ့ 30-oz ခွက်နဲ့ လင်မနိတ်တစ်ခွက်မှာ ကဖင်း ၃၉ဝ မီလီဂရမ်ခန့် ပါဝင်တယ်လို့ သိရပါတယ်။

Panera ဝက်ဘ်ဆိုဒ်မှ ဖော်ပြချက်အရ အဖျော်ယမကာတွေမှ ကဖိန်းဓာတ် ပါဝင်မှု ၂၈ဝ မီလီဂရမ်ပမာဏဟာ ကလေးများ၊ ကဖိန်းဓာတ် ထိလွယ်ရှလွယ်သူများ၊ ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်များအတွက် သောက်သုံးဖို့ မသင့်လို့ ကျန်းမာရေးဌာနက အကြံပြုထားတာဖြစ်ပါတယ်။

Zawgyi Version;
Panera မွ ကဖင္းဓာတ္ပါဝင္တဲ့ လင္မနိတ္ကို ေသာက္မိျခင္းေၾကာင့္ လူတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၆

အေမရိကန္မွာ ကဖင္းဓာတ္ပါတဲ့ လင္မနိတ္ကို ေသာက္သုံးၿပီးေနာက္ လူတစ္ဦးေသဆုံးခဲ့ျခင္းေၾကာင့္ Panera Bread store တရားစြဲခံခဲ့ရပါတယ္။

ေသဆုံးသူကေတာ့ ဒန္းနစ္ဘေရာင္း အမည္ရွိ ခ႐ိုမိုဆုန္းခ်ိဳ႕ယြင္းမႈေရာဂါ၊ ADHD နဲ႔ ေသြးတိုးေရာဂါရွိ အသက္ ၄၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၎ရဲ႕ျဖစ္ရပ္ကို ၎ရဲ႕ညီအစ္ကိုေမာင္ႏွမေတြက တိုင္ခ်က္ဖြင့္ခဲ့ျခင္း ျဖစ္ပါ တယ္။ Panera ရဲ႕ Loyal customer တစ္ဦးျဖစ္တဲ့ ဒန္းနစ္ဟာ မူးေဝၿပီး အျမင္အာ႐ုံေဝဝါးျခင္းေၾကာင့္ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလ အေစာပိုင္းက ကဖင္းဓာတ္ပါဝင္တဲ့ လင္မနစ္ကို မွာယူ ေသာက္သုံးခဲ့ပါတယ္။ အဲဒီေနာက္ ေနအိမ္ကို လမ္းေလွ်ာက္ျပန္လာစဥ္ ႏွလုံးေရာဂါေဝဒနာ ခံစားခဲ့ရၿပီး ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

Panera က ၎ရဲ႕အခ်ိဳရည္ထဲမွာ ကဖိန္းေျပာင္းလဲျခင္း ရွိ/မရွိ မွတ္ခ်က္ေပးဖို႔ အဂၤါေန႔(ဒီဇင္ဘာ ၅ ရက္) က ျငင္းဆိုခဲ့ေပမယ့္ ၎ရဲ႕လင္မနိတ္ ၂ဝ ေအာင္စမွာ ကဖိန္းဓာတ္ ၂၆ဝ မီလီဂရမ္ ပါဝင္တာကို စုံစမ္းစစ္ဆးေရး ေတြက ေတြ႕ရွိခဲ့ပါတယ္။ ၎ရဲ႕ 30-oz ခြက္နဲ႔ လင္မနိတ္တစ္ခြက္မွာ ကဖင္း ၃၉ဝ မီလီဂရမ္ခန႔္ ပါဝင္တယ္လို႔ သိရပါတယ္။

Panera ဝက္ဘ္ဆိုဒ္မွ ေဖာ္ျပခ်က္အရ အေဖ်ာ္ယမကာေတြမွ ကဖိန္းဓာတ္ ပါဝင္မႈ ၂၈ဝ မီလီဂရမ္ပမာဏဟာ ကေလးမ်ား၊ ကဖိန္းဓာတ္ ထိလြယ္ရွလြယ္သူမ်ား၊ ကိုယ္ဝန္ေဆာင္ (သို႔မဟုတ္) ႏို႔တိုက္မိခင္မ်ားအတြက္ ေသာက္သုံးဖို႔ မသင့္လို႔ က်န္းမာေရးဌာနက အႀကံျပဳထားတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.