YG Entertainment နဲ့ Blackpink အဖွဲ့ စာချုပ်သက်တမ်းတိုး

 1164

ရောင်နီ(NP News) - ဒီဇင်ဘာ ၆

တောင်ကိုရီးယား K-pop မိန်းကလေးအဖွဲ့ Blackpink နဲ့ မိခင်အေဂျင်စီ YG Entertainments ဟာ စာချုပ်ထပ်မံ ချုပ်ဆိုသက်တမ်းတိုးခဲ့ပြီး ကုမ္ပဏီရဲ့ရှယ်ယာတွေလည်း သုံးပုံတစ်ပုံနီးပါး ထိုးတက်လာခဲ့တယ်လို့ တောင်ကိုရီးယား YG Entertainment Inc မှ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။

Blackpink ရဲ့ အဖွဲ့ဝင်အချို့ဟာ YG နဲ့ စာချုပ်ထပ်ချုပ်တော့မှာ မဟုတ်ဘူးလို့ လပေါင်းများစွာကြာအောင် ပရိသတ် တွေကြား ထင်ကြေးပေးမှုတွေ ရှိခဲ့တာပါ။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၆ ရက်) မှာတော့ "ခိုင်မာတဲ့ယုံကြည်မှုနဲ့ အတူ Blackpink နဲ့ အလေးအနက်ဆွေးနွေးပြီးနောက် အဖွဲ့ရဲ့လှုပ်ရှားမှုတွေအတွက် သီးသန့်စာချုပ်တစ်ခု ချုပ်ဆိုခဲ့ ပါတယ်" လို့ YG Entertainment မှ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဖွဲ့ဝင်တွေဖြစ်တဲ့ Jennie၊ Lisa၊ Jisoo နဲ့ Rose တို့ရဲ့တစ်ကိုယ်တော်လှုပ်ရှားမှုတွေအတွက် သီးသန့်စာချုပ်ချုပ် ဆိုမှုတွေကတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ YG Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒီစာချုပ်ကြောင့် YG Entertainment ရဲ့ ရှယ်ယာတွေ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။

Blackpink ရဲ့ subscribers သန်း ၉ဝ ကျော်ရှိတဲ့ YouTube Music Channel ဟာ ယခုနှစ်အစောပိုင်းက ဂင်းနစ် စံချိန်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း Blackpink ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအသိပညာပေးမှု လုပ်ဆောင်ချက်အတွက် ဗြိတိန်ဘုရင် Charles III မှ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့ပါတယ်။

Zawgyi Version;
YG Entertainment နဲ႔ Blackpink အဖြဲ႕ စာခ်ဳပ္သက္တမ္းတိုး
ေရာင္နီ(NP News) - ဒီဇင္ဘာ ၆

ေတာင္ကိုရီးယား K-pop မိန္းကေလးအဖြဲ႕ Blackpink နဲ႔ မိခင္ေအဂ်င္စီ YG Entertainments ဟာ စာခ်ဳပ္ထပ္မံ ခ်ဳပ္ဆိုသက္တမ္းတိုးခဲ့ၿပီး ကုမၸဏီရဲ႕ရွယ္ယာေတြလည္း သုံးပုံတစ္ပုံနီးပါး ထိုးတက္လာခဲ့တယ္လို႔ ေတာင္ကိုရီးယား YG Entertainment Inc မွ ဗုဒၶဟူးေန႔ (ဒီဇင္ဘာ ၆ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

Blackpink ရဲ႕ အဖြဲ႕ဝင္အခ်ိဳ႕ဟာ YG နဲ႔ စာခ်ဳပ္ထပ္ခ်ဳပ္ေတာ့မွာ မဟုတ္ဘူးလို႔ လေပါင္းမ်ားစြာၾကာေအာင္ ပရိသတ္ ေတြၾကား ထင္ေၾကးေပးမႈေတြ ရွိခဲ့တာပါ။ ဒါေပမယ့္ ဗုဒၶဟူးေန႔ (ဒီဇင္ဘာ ၆ ရက္) မွာေတာ့ "ခိုင္မာတဲ့ယုံၾကည္မႈနဲ႔ အတူ Blackpink နဲ႔ အေလးအနက္ေဆြးေႏြးၿပီးေနာက္ အဖြဲ႕ရဲ႕လႈပ္ရွားမႈေတြအတြက္ သီးသန႔္စာခ်ဳပ္တစ္ခု ခ်ဳပ္ဆိုခဲ့ ပါတယ္" လို႔ YG Entertainment မွ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

အဖြဲ႕ဝင္ေတြျဖစ္တဲ့ Jennie၊ Lisa၊ Jisoo နဲ႔ Rose တို႔ရဲ႕တစ္ကိုယ္ေတာ္လႈပ္ရွားမႈေတြအတြက္ သီးသန႔္စာခ်ဳပ္ခ်ဳပ္ ဆိုမႈေတြကေတာ့ ေဆြးေႏြးေနဆဲျဖစ္တယ္လို႔ YG Entertainment မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒီစာခ်ဳပ္ေၾကာင့္ YG Entertainment ရဲ႕ ရွယ္ယာေတြ ၂၉ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ပါတယ္။

Blackpink ရဲ႕ subscribers သန္း ၉ဝ ေက်ာ္ရွိတဲ့ YouTube Music Channel ဟာ ယခုႏွစ္အေစာပိုင္းက ဂင္းနစ္ စံခ်ိန္တင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လကလည္း Blackpink ဟာ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာအသိပညာေပးမႈ လုပ္ေဆာင္ခ်က္အတြက္ ၿဗိတိန္ဘုရင္ Charles III မွ ခ်ီးျမႇင့္တဲ့ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.