ပြည်ပခရီးသွားများ လာရောက်ရာ၌ လွယ်ကူစေရန် မလိုလားအပ်သည့် အဟန့်အတားများ ဖြေလျှော့ပေးရမည်ဟု နစကဝန်ကြီးဆို

 827

ယွန်း (NP News) - ဒီဇင်ဘာ ၇

မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဥ်ပါက နည်းပါးနေပြီး ပြည်ပခရီးသွားများ လာရောက်လည်ပတ်ရာ၌ လွယ်ကူအ ဆင်ပြေစေရန် မလိုလားအပ်သည့် အဟန့်အတားများ ဖြေလျှော့ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဒီဇင်ဘာလ(၆)ရက်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရသည့် ပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများလည်း များစွာထိခိုက်ဆုံးရှုံးခဲ့ရကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇)ရက်မှစ၍ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-Visa ကို မေလ (၂၀) ရက်တွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ခွင့်ပြုပေးခဲ့ရာ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် ၂ ဒသမ ၃ သိန်းကျော် ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ဧည့်သည်ဝင်ရောက်မှု (၄၃)ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အလားတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)လအ တွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုတစ်သန်းကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဥ်ပါက (၄၇၁)ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သို့သော် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဥ်ပါက နည်းပါးနေသည့်အတွက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက နှင့် ဒေသခံပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်ကြရာတွင် လွယ်ကူစေရန် နှင့် မလိုလားအပ်သည့် အဟန့်အတားများ၊ ကြန့်ကြာမှုများ ကို အတတ်နိုင်ဆုံးဖြေလျှော့ပေးရန် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပုဂ္ဂလိကခရီးသွား လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ဦးတည်ဈေးကွက်နိုင်ငံများနှင့် ချိတ်ဆက်ပြီး ဈေးကွက်ရှာဖွေမြှင့်တင်ရေး ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်ပခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်များထက် သိသာစွာကျဆင်းလျက်ရှိပြီး ဒေသတွင်းလုံခြုံရေး နှင့် တည်ငြိမ်ရေးတို့အပေါ်တွင် မူတည်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်ပြောကြားထားသည်။

zawgyi version
ျပည္ပခရီးသြားမ်ား လာေရာက္၌ လြယ္ကူေစရန္ မလိုလားအပ္သည့္ အဟန႔္အတားမ်ား ေျဖေလွ်ာ့ေပးရမည္ဟု နစကဝန္ႀကီးဆို
ယြန္း (NP News) - ဒီဇင္ဘာ ၇

ျမန္မာႏိုင္ငံ၏ ခရီးသြားဝင္ေရာက္မႈသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက နည္းပါးေနၿပီး ျပည္ပခရီးသြားမ်ား လာေရာက္လည္ပတ္ရာ၌ လြယ္ကူအ ဆင္ေျပေစရန္ မလိုလားအပ္သည့္ အဟန႔္အတားမ်ား ေျဖေလွ်ာ့ေပးရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

အမ်ိဳးသားခရီးသြား လုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရး ဗဟိုေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ဒီဇင္ဘာလ(၆)ရက္တြင္ ေနျပည္ေတာ္ရွိ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ေက်ာက္စိမ္းခန္းမ၌ က်င္းပခဲ့သည့္ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ခရီးသြားလုပ္ငန္းေဆာင္႐ြက္မႈမ်ား ရပ္တန႔္လုနီးပါးျဖစ္ခဲ့ၿပီး ဆက္စပ္စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ခရီးသြားလုပ္ငန္းကို မွီခိုရပ္တည္ေနရသည့္ ျပည္သူမ်ား၏ အလုပ္ အကိုင္အခြင့္အလမ္းမ်ားလည္း မ်ားစြာထိခိုက္ဆုံးရႈံးခဲ့ရေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးက ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ဧၿပီလ (၁၇)ရက္မွစ၍ ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ားကို ျပန္လည္စတင္ေျပးဆြဲခြင့္ျပဳခဲ့ၿပီး ကမာၻလွည့္ e-Visa ကို ေမလ (၂၀) ရက္တြင္ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ခြင့္ျပဳေပးခဲ့ရာ ၂၀၂၂ ခုႏွစ္တြင္ ႏိုင္ငံတကာခရီးသြား ဧည့္သည္ ၂ ဒသမ ၃ သိန္းေက်ာ္ ျပန္လည္ဝင္ေရာက္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္ထက္ ဧည့္သည္ဝင္ေရာက္မႈ (၄၃)ရာခိုင္ႏႈန္း တိုးတက္ဝင္ေရာက္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

အလားတူ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ (၁၀)လအ တြင္း ခရီးသြားဧည့္သည္ ဝင္ေရာက္မႈတစ္သန္းေက်ာ္ ဝင္ေရာက္ခဲ့ျခင္းေၾကာင့္ ၂၀၂၂ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက (၄၇၁)ရာခိုင္ႏႈန္း တိုးတက္ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက နည္းပါးေနသည့္အတြက္ ျမန္မာႏိုင္ငံသို႔ ခရီးသြားဧည့္သည္မ်ား ပိုမိုေရာက္ရွိေရးအတြက္ အစိုးရ၊ ပုဂၢလိက ႏွင့္ ေဒသခံျပည္သူမ်ားအားလုံး ပူးေပါင္းေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားသားခရီးသြားမ်ား လာေရာက္ၾကရာတြင္ လြယ္ကူေစရန္ ႏွင့္ မလိုလားအပ္သည့္ အဟန႔္အတားမ်ား၊ ၾကန႔္ၾကာမႈမ်ား ကို အတတ္ႏိုင္ဆုံးေျဖေလွ်ာ့ေပးရန္ ၎က ဆက္လက္ေျပာၾကားခဲ့သည္။

ပုဂၢလိကခရီးသြား လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း မိမိတို႔၏ ဦးတည္ေဈးကြက္ႏိုင္ငံမ်ားႏွင့္ ခ်ိတ္ဆက္ၿပီး ေဈးကြက္ရွာေဖြျမႇင့္တင္ေရး ေဆာင္႐ြက္ရန္လည္း လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ ျပည္ပခရီးသြားဝင္ေရာက္မႈသည္ ယခင္ႏွစ္မ်ားထက္ သိသာစြာက်ဆင္းလ်က္ရွိၿပီး ေဒသတြင္းလုံၿခဳံေရး ႏွင့္ တည္ၿငိမ္ေရးတို႔အေပၚတြင္ မူတည္ေနေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေနာင္းေနာင္းဟန္က သုံးသပ္ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.