တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ ပဉ္စမအကြိမ်မြောက် ပင့်ဆောင်ရန် နှစ်နိုင်ငံဆွေးနွေး

2796
Pearl (NP News) - ဒီဇင်ဘာ ၇
တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ ပဉ္စမအကြိမ်မြောက် ပင့်ဆောင်ရန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင် - လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးများကာလအတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်)က သီးခြားတွေ့ဆုံရာ၌ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ပြည်သူများအကြား ယုံကြည်မှု၊ နားလည်မှု နှင့် ချစ် ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ် တော်မြတ်အား မြန်မာနိုင်ငံသို့ သင့်လျော်မည့်အချိန်တွင် ပဉ္စမအကြိမ်မြောက် ပင့်ဆောင်သွားနိုင်ရန် နှစ်ဖက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို ၁၉၅၅ ခုနှစ်တွင် ပထမဆုံးအကြိမ်ပင့်ဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၆ ခုနှစ်တွင် တတိယအကြိမ်၊ ၂၀၁၁ ခုနှစ်တွင် စတုတ္ထအကြိမ် စုစုပေါင်း လေးကြိမ် ပင့်ဆောင်ခဲ့ဖူးကြောင်း သိရသည်။
ပထမဆုံးအကြိမ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌(၈)လကြာအပူဇော်ခံခဲ့ပြီး ဒုတိယအကြိမ်တွင် ရန်ကုန်၊ညောင်လေးပင် ၊ တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ မန္တလေးမြို့တို့တွင် (၁)လခွဲ နီးပါး အပူဇော်ခံခဲ့ကြောင်းသိရသည်။
ထို့ပြင် တတိယအကြိမ်၌ ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် (၃)လနီးပါး အပူဇော်ခံခဲ့ပြီး စတုတ္ထအကြိမ်၌ နေပြည်တော် ၊ ရန်ကုန် နှင့် မန္တလေးမြို့တို့၌ အပူဇော်ခံခဲ့ကြောင်း သိရသည်။
zawgyi version
တ႐ုတ္ႏိုင္ငံမွ ဗုဒၶစြယ္ေတာ္ျမတ္အား ျမန္မာႏိုင္ငံသို႔ ပၪၥမအႀကိမ္ေျမာက္ ပင့္ေဆာင္ရန္ ႏွစ္ႏိုင္ငံေဆြးေႏြး
Pearl (NP News) - ဒီဇင္ဘာ ၇
တ႐ုတ္ႏိုင္ငံမွ ဗုဒၶစြယ္ေတာ္ျမတ္အား ျမန္မာႏိုင္ငံသို႔ ပၪၥမအႀကိမ္ေျမာက္ ပင့္ေဆာင္ရန္ ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
တ႐ုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕တြင္ က်င္းပသည့္ (၈)ႀကိမ္ေျမာက္ မဲေခါင္ - လန္ခ်န္း ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအဆင့္ အစည္းအေဝးမ်ားကာလအတြင္း ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြ ႏွင့္ တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိတို႔ ယမန္ေန႔ (ဒီဇင္ဘာလ ၆ ရက္)က သီးျခားေတြ႕ဆုံရာ၌ ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံ ျပည္သူမ်ားအၾကား ယုံၾကည္မႈ၊ နားလည္မႈ ႏွင့္ ခ်စ္ ၾကည္ရင္းႏွီးမႈ ပိုမိုျမႇင့္တင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ တ႐ုတ္ႏိုင္ငံမွ ဗုဒၶစြယ္ ေတာ္ျမတ္အား ျမန္မာႏိုင္ငံသို႔ သင့္ေလ်ာ္မည့္အခ်ိန္တြင္ ပၪၥမအႀကိမ္ေျမာက္ ပင့္ေဆာင္သြားႏိုင္ရန္ ႏွစ္ဖက္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံမွ ဗုဒၶျမတ္စြယ္ေတာ္ကို ၁၉၅၅ ခုႏွစ္တြင္ ပထမဆုံးအႀကိမ္ပင့္ေဆာင္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္တြင္ ဒုတိယအႀကိမ္၊ ၁၉၉၆ ခုႏွစ္တြင္ တတိယအႀကိမ္၊ ၂၀၁၁ ခုႏွစ္တြင္ စတုတၳအႀကိမ္ စုစုေပါင္း ေလးႀကိမ္ ပင့္ေဆာင္ခဲ့ဖူးေၾကာင္း သိရသည္။
ပထမဆုံးအႀကိမ္တြင္ ရန္ကုန္ၿမိဳ႕ ကမာၻေအးကုန္းေျမ မဟာပါသာဏ လိုဏ္ဂူေတာ္ႀကီး၌(၈)လၾကာအပူေဇာ္ခံခဲ့ၿပီး ဒုတိယအႀကိမ္တြင္ ရန္ကုန္၊ေညာင္ေလးပင္ ၊ ေတာင္ငူ၊ ပ်ဥ္းမနား၊ မိတၳီလာ၊ မႏၲေလးၿမိဳ႕တို႔တြင္ (၁)လခြဲ နီးပါး အပူေဇာ္ခံခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ တတိယအႀကိမ္၌ ရန္ကုန္ ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ (၃)လနီးပါး အပူေဇာ္ခံခဲ့ၿပီး စတုတၳအႀကိမ္၌ ေနျပည္ေတာ္ ၊ ရန္ကုန္ ႏွင့္ မႏၲေလးၿမိဳ႕တို႔၌ အပူေဇာ္ခံခဲ့ေၾကာင္း သိရသည္။