မန္တလေး (မြစ်ငယ်) မှ ရန်ကုန်(သီလဝါ) ဆိပ်ကမ်းသို့ ပို့ကုန်များကို ရထားဖြင့် တိုက်ရိုက်တင်ပို့ရန် စီစဉ်နေ

 1569

စော (NP News) - ဒီဇင်ဘာ ၇

မန္တလေး(မြစ်ငယ်) မှ ရန်ကုန်(သီလဝါ) ဆိပ်ကမ်းသို့ ပို့ကုန်များကို ရထားဖြင့် တိုက်ရိုက်တင်ပို့ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ယမန်‌နေ့(ဒီဇင်ဘာလ ၆ ရက်)တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ရွာသာကြီးရှိ ကုန်းတွင်းဆိပ်များဖြစ်သော KM DRY PORT နှင့် Resources Group DRY PORT များကို ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တင်ပို့နိုင်ပါက ပို့ကုန်အခွင့်အလမ်းများစွာရရှိနိုင်မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရာတွင်လည်း ကုန်သေတ္တာကို အသုံးပြုဆောင်ရွက်ပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အသုံးပြုနေသည့် E-Lock စနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုစေလိုပြီး အနာဂတ်တွင်လည်း ကုန်းတွင်းဆိပ်၌ ကုန်ပစ္စည်းများ စစ်ဆေးနိုင်ရန်အတွက် X-Ray စက်များကို အသုံးပြုရန်လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

အဆိုပါ ကုန်းတွင်းဆိပ်နေရာသည် ကုန်ထုတ်လုပ်မှုဇုန်အနီး ဝန်းကျင်တွင်ရှိနေသည့်အတွက် အခွင့်အလမ်းများစွာရှိကြောင်း သိရသည်။

ကုန်းတွင်းဆိပ်လုပ်ငန်းသည် ပြည်တွင်းအတွက်သာ ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်အထိ ဆောင်ရွက်ရန် လိုအပ်ပြီး ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့၌ ကုန်းတွင်းဆိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်၍ ဆက်စပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထိုပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ သယ်ယူပို့ဆောင်မှုလမ်း ကြောင်းတွင် အချက်အချာကျ၍ အခွင့်အလမ်းများကို ရယူအသုံးချနိုင်ရန် လိုအပ်ကြောင်း ဝန်ကြီးဦးဝင်းရှိန်က ပြောကြားခဲ့သည်။

zawgyi version
မႏၲေလး (ျမစ္ငယ္) မွ ရန္ကုန္(သီလဝါ) ဆိပ္ကမ္းသို႔ ပို႔ကုန္မ်ားကို ရထားျဖင့္ တိုက္႐ိုက္တင္ပို႔ရန္ စီစဥ္ေန

ေစာ (NP News) - ဒီဇင္ဘာ ၇

မႏၲေလး(ျမစ္ငယ္) မွ ရန္ကုန္(သီလဝါ) ဆိပ္ကမ္းသို႔ ပို႔ကုန္မ်ားကို ရထားျဖင့္ တိုက္႐ိုက္တင္ပို႔ရန္ စီစဥ္ေနေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္က ေျပာၾကားခဲ့သည္။

ျပည္ေထာင္စုဝန္ႀကီးက ယမန္‌ေန႔(ဒီဇင္ဘာလ ၆ ရက္)တြင္ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)၊ ႐ြာသာႀကီးရွိ ကုန္းတြင္းဆိပ္မ်ားျဖစ္ေသာ KM DRY PORT ႏွင့္ Resources Group DRY PORT မ်ားကို ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုသို႔တင္ပို႔ႏိုင္ပါက ပို႔ကုန္အခြင့္အလမ္းမ်ားစြာရရွိႏိုင္မည္ျဖစ္ၿပီး သယ္ယူပို႔ေဆာင္ရာတြင္လည္း ကုန္ေသတၱာကို အသုံးျပဳေဆာင္႐ြက္ပါက ပိုမိုအဆင္ေျပမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အသုံးျပဳေနသည့္ E-Lock စနစ္ကိုလည္း တြင္တြင္က်ယ္က်ယ္ အသုံးျပဳေစလိုၿပီး အနာဂတ္တြင္လည္း ကုန္းတြင္းဆိပ္၌ ကုန္ပစၥည္းမ်ား စစ္ေဆးႏိုင္ရန္အတြက္ X-Ray စက္မ်ားကို အသုံးျပဳရန္လိုအပ္ေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့သည္။

အဆိုပါ ကုန္းတြင္းဆိပ္ေနရာသည္ ကုန္ထုတ္လုပ္မႈဇုန္အနီး ဝန္းက်င္တြင္ရွိေနသည့္အတြက္ အခြင့္အလမ္းမ်ားစြာရွိေၾကာင္း သိရသည္။

ကုန္းတြင္းဆိပ္လုပ္ငန္းသည္ ျပည္တြင္းအတြက္သာ ေဆာင္႐ြက္ျခင္းမဟုတ္ဘဲ ႏိုင္ငံတကာႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္သည္အထိ ေဆာင္႐ြက္ရန္ လိုအပ္ၿပီး ထိုင္းႏိုင္ငံ ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔၌ ကုန္းတြင္းဆိပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေနၿပီျဖစ္၍ ဆက္စပ္လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ထိုျပင္ ျမန္မာႏိုင္ငံသည္ အေရွ႕ေတာင္အာရွ၏ သယ္ယူပို႔ေဆာင္မႈလမ္း ေၾကာင္းတြင္ အခ်က္အခ်ာက်၍ အခြင့္အလမ္းမ်ားကို ရယူအသုံးခ်ႏိုင္ရန္ လိုအပ္ေၾကာင္း ဝန္ႀကီးဦးဝင္းရွိန္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.