ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်ခွဲဝေချထားပေးနေဟုဆို

 586

ယွန်း (NP News) - ဒီဇင်ဘာ ၇

ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်ခွဲဝေချထားပေးနေကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ဒီဇင်ဘာလ(၆)ရက်တွင်နေပြည်တော်ရှိ MICC-II ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နစကအနေဖြင့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ကျရာနေရာတွင် အဆင် ပြေစွာ နေထိုင်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ဝန်ထမ်းအိမ်ရာများ တိုးမြှင့်ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးလုပ် ငန်း နှင့် တီဘီ၊ HIV ရောဂါကုသဆေး နှင့် ဆေးပစ္စည်းများ ဝယ်ယူရေး၊ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေး အပါအဝင် ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ခွဲဝေချထားပေးကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။

အလားတူ သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများကို ပညာရှင်ဘွဲ့ချီးမြှင့်ငွေများ လစဥ်ချီးမြှင့်လျက်ရှိပြီး ခံစားခွင့်များကိုလည်း တိုးမြှင့်ခွင့်ပြုထားကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်နိုင်မှုကြောင့် ၁၉၉၀ ပြည့်နှစ်တွင်ရှိခဲ့သည့် မိခင်သေဆုံးမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် (၆၀)ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး အသက်(၅)နှစ်အောက်ကလေးသေဆုံးမှုနှုန်းသည်လည်း ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဥ်ပါက ၅၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မွေးကင်းစကလေးသေဆုံးမှုနှုန်းသည်လည်း ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဥ်ပါက ၂၀၂၁ ခုနှစ်တွင် ၄၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။

အလားတူ HIV/AIDS နှင့်ငှက်ဖျားရောဂါများဖြစ်ပွားမှု၊ သေဆုံးမှုကိုလည်း သိသိသာသာလျှော့ချနိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၁၈၀၀ ကျော် နှင့် နိုင်ငံတကာမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၃၀ တို့က ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
က်န္းမာေရးက႑အတြက္ ရန္ပုံေငြမ်ားကို တစ္ႏွစ္ထက္တစ္ႏွစ္တိုးျမႇင့္ခြဲေဝခ်ထားေပးေနဟုဆို

ယြန္း (NP News) - ဒီဇင္ဘာ ၇

က်န္းမာေရးက႑အတြက္ ရန္ပုံေငြမ်ားကို တစ္ႏွစ္ထက္တစ္ႏွစ္တိုးျမႇင့္ခြဲေဝခ်ထားေပးေနေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားခဲ့သည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း‌ေအာင္လႈိင္က ဒီဇင္ဘာလ(၆)ရက္တြင္ေနျပည္ေတာ္ရွိ MICC-II ၌ က်င္းပခဲ့သည့္ ျမန္မာႏိုင္ငံျပည္သူ႔က်န္းမာေရးပညာရပ္ဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

နစကအေနျဖင့္ က်န္းမာေရးဝန္ထမ္းမ်ား တာဝန္က်ရာေနရာတြင္ အဆင္ ေျပစြာ ေနထိုင္တာဝန္ထမ္းေဆာင္ႏိုင္ေရးအတြက္ တိုင္းႏွင့္ ျပည္နယ္အသီးသီးတြင္ ဝန္ထမ္းအိမ္ရာမ်ား တိုးျမႇင့္ေဆာက္လုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္သူ႔က်န္းမာေရးလုပ္ငန္းမ်ားျဖစ္သည့္ ကာကြယ္ေဆးထိုးလုပ္ ငန္း ႏွင့္ တီဘီ၊ HIV ေရာဂါကုသေဆး ႏွင့္ ေဆးပစၥည္းမ်ား ဝယ္ယူေရး၊ မကူးစက္ႏိုင္ေသာ ေရာဂါမ်ားျဖစ္သည့္ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါေဆးႏွင့္ ေဆးပစၥည္းမ်ားဝယ္ယူေရး အပါအဝင္ က်န္းမာေရးက႑အတြက္ ရန္ပုံေငြမ်ားကို တစ္ႏွစ္ထက္တစ္ႏွစ္ တိုးျမႇင့္ခြဲေဝခ်ထားေပးေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားခဲ့သည္။

အလားတူ သူနာျပဳမ်ား အပါအဝင္ က်န္းမာေရးဝန္ထမ္းမ်ားကို ပညာရွင္ဘြဲ႕ခ်ီးျမႇင့္ေငြမ်ား လစဥ္ခ်ီးျမႇင့္လ်က္ရွိၿပီး ခံစားခြင့္မ်ားကိုလည္း တိုးျမႇင့္ခြင့္ျပဳထားေၾကာင္း သိရသည္။

ျပည္သူ႔က်န္းမာေရးက႑ကို အထူးအေလးေပး ေဆာင္႐ြက္ႏိုင္မႈေၾကာင့္ ၁၉၉၀ ျပည့္ႏွစ္တြင္ရွိခဲ့သည့္ မိခင္ေသဆုံးမႈႏႈန္းသည္ ၂၀၂၀ ျပည့္ႏွစ္တြင္ (၆၀)ရာခိုင္ႏႈန္းအထိက်ဆင္းခဲ့ၿပီး အသက္(၅)ႏွစ္ေအာက္ကေလးေသဆုံးမႈႏႈန္းသည္လည္း ၂၀၀၀ ျပည့္ႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ၅၃ ဒသမ ၂ ရာခိုင္ႏႈန္းက်ဆင္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေမြးကင္းစကေလးေသဆုံးမႈႏႈန္းသည္လည္း ၂၀၀၀ ျပည့္ႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ၂၀၂၁ ခုႏွစ္တြင္ ၄၂ ဒသမ ၁ ရာခိုင္ႏႈန္းက်ဆင္းခဲ့ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားထားသည္။

အလားတူ HIV/AIDS ႏွင့္ငွက္ဖ်ားေရာဂါမ်ားျဖစ္ပြားမႈ၊ ေသဆုံးမႈကိုလည္း သိသိသာသာေလွ်ာ့ခ်ႏိုင္ခဲ့ေၾကာင္း နစကဥကၠ႒၏ ေျပာၾကားခ်က္အရ သိရသည္။

က်င္းပလ်က္ရွိသည့္ ျမန္မာႏိုင္ငံျပည္သူ႔က်န္းမာေရးပညာရပ္ဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲတြင္ ျပည္တြင္းမွ ျပည္သူ႔က်န္းမာေရးပညာရွင္ ၁၈၀၀ ေက်ာ္ ႏွင့္ ႏိုင္ငံတကာမွ ျပည္သူ႔က်န္းမာေရးပညာရွင္ ၃၀ တို႔က ေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.