အခြေခံမူလတန်းအောင်မြင်သူများ လျှောက်ထားနိုင်မည့် လက်ရက်ကန်း သင်တန်း တောင်ကြီး၌ဖွင့်လှစ်မည်

 522

စော (NP News) - ဒီဇင်ဘာ ၇

ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)မှ သင် တန်းသားများခေါ်ယူလျက်ရှိပြီး အခြေခံမူလတန်းအောင်မြင်သူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) က ယနေ့(ဒီဇင်ဘာလ ၇ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာထားခြင်းဖြစ်သည်။

အဆိုပါသင်တန်းကျောင်းမှ ချည်မျှင် နှင့် အထည်အလိပ်ကျွမ်းကျင် (၁)နှစ်သင်တန်းအတွက် သင်တန်းသား(၂၀)ဦးကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် လက်ရက်ကန်း (၆)လသင်တန်းအတွက် အခြေခံပညာမူလတန်းအဆင့် အောင်မြင်ပြီးသူ သင်တန်းသား (၁၀)ဦးကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများသည် အသက် (၁၆)နှစ်မှ (၂၅)နှစ်အတွင်း အိမ်ထောင်မရှိသူဖြစ်ရန်လိုအပ်ပြီး သင်တန်းဝင်ခွင့်အတွက် ပညာအရည်အချင်းထောက်ခံချက်နှင့် ရပ်ကွက်/အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး)တွင် ဒီဇင်ဘာလ ၂၉ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများအား သင်တန်းကျောင်းရှိ အဆောင်တွင် အခမဲ့ နေထိုင်ခွင့်ပေးမည်ဖြစ်ကာ တစ်လလျှင် ငွေကျပ်(၃၀၀၀၀) ကိုလည်း ပညာသင်ထောက်ပံ့ကြေးအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အေျခခံမူလတန္းေအာင္ျမင္သူမ်ား ေလွ်ာက္ထားႏိုင္မည့္ လက္ရက္ကန္း သင္တန္း ေတာင္ႀကီး၌ဖြင့္လွစ္မည္

ေစာ (NP News) - ဒီဇင္ဘာ ၇

ရက္ကန္း ႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္း(ေတာင္ႀကီး)မွ သင္ တန္းသားမ်ားေခၚယူလ်က္ရွိၿပီး အေျခခံမူလတန္းေအာင္ျမင္သူမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

သမဝါယမ ႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၊ ရက္ကန္း ႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္း (ေတာင္ႀကီး) က ယေန႔(ဒီဇင္ဘာလ ၇ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အသိေပးေၾကညာထားျခင္းျဖစ္သည္။

အဆိုပါသင္တန္းေက်ာင္းမွ ခ်ည္မွ်င္ ႏွင့္ အထည္အလိပ္ကြၽမ္းက်င္ (၁)ႏွစ္သင္တန္းအတြက္ သင္တန္းသား(၂၀)ဦးကို လက္ခံသင္ၾကားေပးသြားမည္ျဖစ္ၿပီး အေျခခံပညာအလယ္တန္းအဆင့္ ေအာင္ျမင္ၿပီးသူျဖစ္ရမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ လက္ရက္ကန္း (၆)လသင္တန္းအတြက္ အေျခခံပညာမူလတန္းအဆင့္ ေအာင္ျမင္ၿပီးသူ သင္တန္းသား (၁၀)ဦးကို လက္ခံသင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားသူမ်ားသည္ အသက္ (၁၆)ႏွစ္မွ (၂၅)ႏွစ္အတြင္း အိမ္ေထာင္မရွိသူျဖစ္ရန္လိုအပ္ၿပီး သင္တန္းဝင္ခြင့္အတြက္ ပညာအရည္အခ်င္းေထာက္ခံခ်က္ႏွင့္ ရပ္ကြက္/အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္ပါရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေတာင္ႀကီးၿမိဳ႕၊ အေရွ႕ၿမိဳ႕ပတ္လမ္း၊ ေရေအးကြင္းရပ္ကြက္ရွိ ရက္ကန္းႏွင့္ အသက္ေမြးပညာ သင္တန္းေက်ာင္း (ေတာင္ႀကီး)တြင္ ဒီဇင္ဘာလ ၂၉ ရက္ ေနာက္ဆုံးထား၍ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

သင္တန္းတက္ေရာက္ခြင့္ရရွိသူမ်ားအား သင္တန္းေက်ာင္းရွိ အေဆာင္တြင္ အခမဲ့ ေနထိုင္ခြင့္ေပးမည္ျဖစ္ကာ တစ္လလွ်င္ ေငြက်ပ္(၃၀၀၀၀) ကိုလည္း ပညာသင္ေထာက္ပံ့ေၾကးအျဖစ္ ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.